Spots news

ပရီးမီးယားလိဂ်ရဲ့ ဘယ်သူမှ မရရှိသေးတဲ့ စံချိန်ကို ရရှိနိုင်နေတဲ့ ဘရူနို ဖာနန်ဒက်စ်

Unicode Version

ဒီဇင်ဘာလ ရဲ့ အကောင်းဆုံး ပရီးမီးယား လိဂ် ကစားသမား စာရင်း မှာ လဲ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် လူ ဘရူနို ဖာနန်ဒက်စ် ပါဝင် လာခဲ့ ပြန် ပါတယ်။

အကယ် ၍ သာ ဘရူနို သာ အကောင်းဆုံး ကစား သမား ဆု ကို ရရှိ ခဲ့မည် ဆို လျှင် ပရီး မီးယား လိဂ် သမိုင်း တစ်လျှောက် မည်သည့် ကစား သမား မှ မရယူ နိုင် ခဲ့တဲ့ စံချိန် ကောင်း ကို ရရှိ မှာ ဖြစ် ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကို အသစ် တဖန် နီးပါး ပြောင်းလဲ စေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ဥရောပ ရဲ့ အကောင်းဆုံး ဆယ့်တစ် ယောက် စာရင်း များမှာ ဖော်ပြ ခြင်း ခံခဲ့ ရပြီး ၁၂ လ တာ ကာလ အတွင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ တစ်လတာ အကောင်းဆုံး ကစား သမား ဆုကို လဲ အကြိမ် ကြိမ် ရယူ နိုင်ခဲ့ ပါတယ်။

၁၉၉၄ – ၉၅ မတိုင်ခင် ပရီးမီးယား လိဂ် ဟာ တစ်နှစ် လုံး စာ အတွက် အကောင်းဆုံး ကစား သမား နဲ့ နည်းပြ ဆုတွေ ကိုသာ ပေးအပ် ခဲ့ပေမယ့် ၉၅ ခုနှစ် နောက်ပိုင်း တစ်လ တာ ဆုတွေ ရော ပေးအပ် ခဲ့ ပြီ ဖြစ် ပါတယ်။

၂၀၂၀ ဇန်နဝါရီ လက မှ ရောက်ရှိ ခဲ့တဲ့ ဖာနန်ဒက်စ် ဟာ ပရီးမီးယား လိဂ် ရဲ့ တစ်လ တာ အကောင်း ဆုံး ကစား သမား ဆုကို ဖေဖော်ဝါရီ ၊ မတ် လ နဲ့ နိုဝင်ဘာ လ တို့မှာ ၃ ကြိမ် အထိ ရရှိဘူး ထား ပါတယ်။

ဒီလို ပြက္ခဒိန် တစ်နှစ် အတွင်း မှာ တစ်လတာ  အကောင် းဆုံး ကစား သမား ဆုကို ၃ ကြိမ် ထိ ရယူ နိုင်တာ ဟာ အက်ရှ်လေယန်း ( 2008 ) နဲ့ ဟယ်ရီကိန်း ( 2017 ) တို့သာ ရှိခဲ့ ပါတယ် ။

အဆိုပါ ဆုကို လေးကြိမ် အထိ ရရှိခဲ့ ဘူးသူ မရှိတာ မို့ အကယ်၍ ဘရူနို ဖာနန်ဒက်သာ ရရှိ ခဲ့မည် ဆိုလျှင် ပရီးမီးယား လိဂ် ရဲ့စံချိန်ကောင်း  တစ်ခု ရေးထိုး နိုင်မှာ ဖြစ် ပြီး ဘရူနို ရဲ့ ပေါ်တူဂီ အသင်းဖော် ဖြစ်တဲ့ မန်ယူ ကစားသမား ဟောင်း ရော်နယ်ဒို ပင် ခြောက် နှစ်တာ ကာလ အတွင်း ထို ဆုကို ၄ ကြိမ် သာ ရယူနိုင် ခဲ့တာပါ ။

Zawgyi Version




