Unicode Version
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးအသင်းကိုအိမ်ကွင်းမှာအရှက်တကွဲအကျိုးနည်းစွာရှုံးနိမ့်ခဲ့ရပြီးနောက် ယူနိုက်တက်နည်းပြဆိုးရှားရဲ့အနာဂတ်ဟာ မီဒီယာထက်မှာဝေဝေဆာဆာပျံ့နှံ့လျက်ရှိနေပါတယ်။ယူနိုက်တက်ပုရိတ်သတ်များကတော့ ဆိုးရှားကိုထုတ်ပယ်ပြီး ကွန်တေ(သို့)ဇီဒန်းအား အသင်းကိုနည်းပြရန်အလိုရှိနေကြပါတယ်။
ဆိုးရှားအား အသင်းမှာဆက်လက်ထားရှိမည်ဖြစ်ကြောင်း SkySports သတင်းဌာနမှ သတင်းတက်လာချိန်မှာတော့ အာဆင်နယ်, ချယ်လ်ဆီးနဲ့စပါးအသင်းပုရိတ်သတ်တို့က အိုလေဂန်နာဆိုးရှားအားဆက်လက်ယုံကြည်မှုပေးရန် တောင်းဆိုခဲ့ကြပါတယ်။
AndyChat ဆိုသောအာဆင်နယ်ပရိတ်သတ်က
“ဆိုးရှားအသင်းမှာဆက်ရှိနေမှာကို လက်ခံပါတယ်။ ယုံကြည်မှုနဲ့အတူဆက်လက်အားပေးကြရမှာပါ။သူဟာ အသင်းမှာကောင်းမွန်တဲ့အလုပ်ကိုပြုလုပ်နေတဲ့သူတယောက်ပါ ” ဟုဆိုခဲ့ပြီး
Welbeastဆိုသော အာဆင်နယ်ပုရိတ်သတ်တဦးကလည်း ” မန်နေဂျာရဲ့နောက်မှာ ကျနော်တို့အားလုံးရှိနေပါတယ်။အိုလေကို ကျနော်တို့ယုံကြည်ပါတယ်။အောက်တိုဘာလဆိုတာ အမြဲခက်ခဲတဲ့လတစ်လဖြစ်ပေမယ့် သူအမြန်ဆုံးကျော်ဖြတ်နိုင်မှာပါ ” လို့မှတ်ချက်ပြုခဲ့ပါတယ်။
ချယ်လ်ဆီးပရိတ်သတ်များကမူ အကယ်၍ယူနိုက်တက်အသင်းပိုင်ရှင်သာ အေဘရာမိုဗစ်ဖြစ်ခဲ့ပါက ဆိုးရှားထုတ်ပယ်ခံရချိန်ဟာ လီဗာပူးအသင်းကိုရှူံးနိမ့်ချိန်မှမဟုတ်ဘဲ လွန်ခဲ့တဲ့တစ်လခန့်တတည်းကဖြစ်ခဲ့လိမ့်မယ်ဟုဆိုခဲ့ကြပြီး အချို့အသင်းပုရိတ်သတ်တွေကလည်း ဆိုးရှားအားအသင်းမှာဆက်ထားပေးရန် တိုက်တွန်းနေကြောင်းလည်းသိရပါတယ်။
Zawgyi Version