Spots news

နည်းပြဖာဂူဆန်ရဲ့ ထောက်ခံချက်ကြောင့် အသက်ဆက်လို့ ရသွားတဲ့ ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ အသင်းရဲ့နည်းပြ ဆိုးလ်ရှားကို နောက်ဆုံး အခွင့်အရေး အဖြစ် စပါးအသင်းနဲ့ ပွဲစဉ်ကို ကိုင်တွယ်ခွင့် ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticက ဖော်ပြသွားပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ အသင်းရဲ့ အရေးပါတဲ့ တာဝန်ရှိသူ တဦး ဖြစ်တဲ့ မာတင် အက်ဒွပ်တို့ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိနေပြီး ဆိုးလ်ရှားရဲ့ အနာဂတ် အတွက် အဖြေထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့က ဆိုးလ်ရှားကို နောက်ထပ် ၁ပွဲ အခွင့်အရေး ထပ်ပေးဖို့ ဆုံးဖြတ်ထားပေမယ့် အသင်းပိုင်ရှင်တဦး ဖြစ်သူ ဂျိုးလ်ဂလေဇာဟာ ဆိုးလ်ရှားရဲ့ အနာဂတ်ကို အဓိက ဆုံးဖြတ်မယ့်သူ ဖြစ်ပြီး ဒီညမှာပဲ သူ့ရဲ့ ဆုံးဖြတ်ချက်ကို သိရဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေ ကတော့ ဆိုးလ်ရှားအပေါ် ပုဂ္ဂိုလ်ရေးအရ လေးစားမှု ရှိပေမယ့် ဆိုးလ်ရှားဟာ ဂွာဒီယိုလာ ၊ ကလော့ပ်တို့လို ထိပ်တန်းနည်းပြတွေကို မယှဉ်နိုင်ဘူးလို့ ယူဆနေကြောင်း အသင်းရဲ့ ဝန်ထမ်းတဦးက ထုတ်ဖော် ပြောကြားထားပါတယ်။

 

တဖက်မှာတော့ ကွန်တီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ရှိလူစာရင်းနဲ့ ဆုဖလားတွေ ရယူနိုင်မယ်လို့ ယုံကြည်မှု အပြည့် ရှိနေသလို မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်လိုနေပေမယ့် ဆိုးလ်ရှားအပေါ် လေးစားမှု ရှိတာကြောင့် ဆိုးလ်ရှား ထွက်ပြီးမှသာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တရားဝင် ဆွေးနွေးဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါကြောင့် ဂျိုးလ်ဂလေဇာကသာ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့ရင် ဆိုးလ်ရှားကို နည်းပြနေရာမှာ လာမယ့် စနေနေ့ အထိ မြင်တွေ့ရဖွယ် ရှိပါတယ်။ စပါးအသင်းနဲ့ပွဲစဉ်မှာသာ အနိုင်ရလဒ် ရရှိခဲ့ပါက ဆိုးလ်ရှားဟာ နောက်ထပ် အခွင့်အရေး နှစ်ခုကို ထပ်မံ ရရှိမှာ ဖြစ်ပြီး အတ္တလန်တာအသင်းနဲ့ပွဲစဉ်

မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲစဉ်တွေမှာပါ ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိမှ ဆိုးလ်ရှားရဲ့ နည်းပြထိုင်ခုံဟာ တည်ငြိမ်ပါလိမ့်မယ်။ အဆိုပါ ၃ပွဲအနက် ၂ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကို ရအောင် မယူနိုင်ခဲ့ရင်တော့ ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဘဝဟာ အဆုံးသတ်ဖွယ် ရှိပါတယ်။

Zawgyi Version






