Spots news

ကြံ့ခိုင်မှုမပြည့်တဲ့ မက်ဂွိုင်းယားကို ပွဲထုတ်လို့ ဆိုးလ်ရှားကို ဘိုင်လီမေးခွန်းထုတ်

Unicode Version

ယူနိုက်တက် နောက်ခံလူတစ်ဦးဖြစ်တဲ့ အဲရစ်ဘိုင်လီဟာ နည်းပြဆိုးလ်ရှားကို မျက်နှာချင်းဆိုင် စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ The Telegraph က ဖော်ပြလိုက်ပါတယ်။ လက်စတာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာကနေ

ပြန်လည် သက်သာလာပေမယ့် အသင်းနဲ့အတူ တစ်ကြိမ်တည်းသာ လေ့ကျင့်ရသေးတဲ့ မက်ဂွိုင်းယားကို ဆိုးလ်ရှားက ဝင်ရောက်ကစားစေဖို့ ဆုံးဖြတ်မှုနဲ့ ပတ်သက်ပြီး ဘိုင်လီက တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။

ဘိုင်လီကတော့ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေသူဖြစ်ကာ ဗာရန်းနဲ့ မက်ဂွိုင်းယားအတွဲကို ဆိုးလ်ရှားက ဦးစားပေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါကစားသမားနှစ်ဦးစလုံး ဒဏ်ရာရရှိနေချိန်မှာ

ဘိုင်လီက အခွင့်အရေးရမယ်လို့ ထင်ခဲ့ရပေမယ့်လည်း ဆိုးလ်ရှားက ကြံ့ခိုင်မှုမပြည့်ဝသေးတဲ့ မက်ဂွိုင်းယားကို ရွေးချယ်ခဲ့ချိန်မှာတော့ ဘိုင်လီ တစ်ယောက် ဒေါသူပုန်ထခဲ့ဖွယ်ရှိပါတယ်။

“အသင်းအတွက် ကစားဖို့ အသင့်မဖြစ်သေးတဲ့ မက်ဂွိုင်းယားကို ဘာလို့ရွေးချယ်ခဲ့တာလဲ” လို့ ဘိုင်လီက ဆိုးလ်ရှားကို မျက်နှာချင်းဆိုင်မေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်အဝတ်လဲခန်းအတွင်း

အဆင်မပြေမှုတွေရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့တာဖြစ်ပြီး ဒီလိုရွေးချယ်ခဲ့မှုရဲ့ နောက်ဆက်တွဲအဖြစ် လက်စတာနဲ့ပွဲမှာ မက်ဂွိုင်းယားက အမှားအယွင်းတွေပြုလုပ်ခဲ့ကာ အသင်းလည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်

ဘိုင်လီဟာ အရေးမကြီးတဲ့ပွဲစဉ်တွေမှာသာ ဝင်ရောက်ကစားပေးနေရသူဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲတောင်ကစားပေးရခြင်းမရှိသူဖြစ်ပါတယ်။ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားနဲ့ ဗာရန်းတို့ကိုသာ ဆိုးလ်ရှားက လှည့်ပတ်အသုံးပြုနေခဲ့ပြီး

အိုင်ဗရီကို့စ်နောက်ခံလူဟာ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပြီး အခွင့်အရေးရချိန်မှာလည်း မကစားခဲ့ရလို့ ဆိုးလ်ရှားကို မျက်နှာချင်းဆိုင်မေးခွန်းထုတ်ခဲ့ကာ စိန်ခေါ်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

Zawgyi Version

ယူနိုက္တက္ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အဲရစ္ဘိုင္လီဟာ နည္းျပဆိုးလ္ရွားကို မ်က္ႏွာခ်င္းဆိုင္ စိန္ေခၚမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ The Telegraph က ေဖာ္ျပလိုက္ပါတယ္။ လက္စတာကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဒဏ္ရာကေန

ျပန္လည္ သက္သာလာေပမယ့္ အသင္းနဲ႕အတူ တစ္ႀကိမ္တည္းသာ ေလ့က်င့္ရေသးတဲ့ မက္ဂြိုင္းယားကို ဆိုးလ္ရွားက ဝင္ေရာက္ကစားေစဖို႔ ဆုံးျဖတ္မႈနဲ႕ ပတ္သက္ၿပီး ဘိုင္လီက တုံ႕ျပန္ခဲ့တာလို႔ ဆိုပါတယ္။

ဘိုင္လီကေတာ့ ပုံမွန္ကစားခြင့္ ေပ်ာက္ဆုံးေနသူျဖစ္ကာ ဗာရန္းနဲ႕ မက္ဂြိုင္းယားအတြဲကို ဆိုးလ္ရွားက ဦးစားေပးေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါကစားသမားႏွစ္ဦးစလုံး ဒဏ္ရာရရွိေနခ်ိန္မွာ

ဘိုင္လီက အခြင့္အေရးရမယ္လို႔ ထင္ခဲ့ရေပမယ့္လည္း ဆိုးလ္ရွားက ႀကံ့ခိုင္မႈမျပည့္ဝေသးတဲ့ မက္ဂြိုင္းယားကို ေ႐ြးခ်ယ္ခဲ့ခ်ိန္မွာေတာ့ ဘိုင္လီ တစ္ေယာက္ ေဒါသူပုန္ထခဲ့ဖြယ္ရွိပါတယ္။

“အသင္းအတြက္ ကစားဖို႔ အသင့္မျဖစ္ေသးတဲ့ မက္ဂြိုင္းယားကို ဘာလို႔ေ႐ြးခ်ယ္ခဲ့တာလဲ” လို႔ ဘိုင္လီက ဆိုးလ္ရွားကို မ်က္ႏွာခ်င္းဆိုင္ေမးျမန္းမႈေတြျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ဒါဟာ ယူနိုက္တက္အဝတ္လဲခန္းအတြင္း

အဆင္မေျပမႈေတြရွိေနတယ္ဆိုတာကို မီးေမာင္းထိုးျပခဲ့တာျဖစ္ၿပီး ဒီလိုေ႐ြးခ်ယ္ခဲ့မႈရဲ႕ ေနာက္ဆက္တြဲအျဖစ္ လက္စတာနဲ႕ပြဲမွာ မက္ဂြိုင္းယားက အမွားအယြင္းေတြျပဳလုပ္ခဲ့ကာ အသင္းလည္း ဂိုးျပတ္ရႈံးနိမ့္ခဲ့ရပါတယ္

ဘိုင္လီဟာ အေရးမႀကီးတဲ့ပြဲစဥ္ေတြမွာသာ ဝင္ေရာက္ကစားေပးေနရသူျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ တစ္ပြဲေတာင္ကစားေပးရျခင္းမရွိသူျဖစ္ပါတယ္။ လင္ဒီေလာ့ဖ္၊ မက္ဂြိုင္းယားနဲ႕ ဗာရန္းတို႔ကိုသာ ဆိုးလ္ရွားက လွည့္ပတ္အသုံးျပဳေနခဲ့ၿပီး

အိုင္ဗရီကို႔စ္ေနာက္ခံလူဟာ အရန္ခုံမွာသာ အခ်ိန္ကုန္ေနခဲ့ရၿပီး အခြင့္အေရးရခ်ိန္မွာလည္း မကစားခဲ့ရလို႔ ဆိုးလ္ရွားကို မ်က္ႏွာခ်င္းဆိုင္ေမးခြန္းထုတ္ခဲ့ကာ စိန္ေခၚခဲ့ဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။