Unicode Version
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကတော့ လီဗာပူးအသင်းကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရရှိခဲ့ပဲ ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
လူစားဝင်ကစားချိန်မှာလည်း ၁၅ မိနစ်သာ ကစားလိုက်ရပြီး လီဗာပူးကွင်းလယ်လူ နာဘီကီတာကို ခြေစုံပစ်ဝင်မိတာကြောင့် ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။
ဒီလိုအခြေအနေတွေဖြစ်ပြီးတဲ့နောက် အဝတ်လဲခန်းထဲမှာတော့ ပေါ့ဘာက အသင်းဖော်တွေကို တောင်းပန်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားကိုတော့ လစ်လျူရှုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လီဗာပူးနဲ့ပွဲရလဒ်ဟာ နည်းပြဆိုးလ်ရှားရဲ့ ထိုင်ခုံကိုပါလှုပ်ခတ်သွားစေခဲ့ပြိး အခုဆိုရင် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြဘဝအနာဂတ်ကပါ မသေချာတော့တဲ့ အနေအထား ဖြစ်လာပါတယ်။
ပေါ့ဘာကလည်း အမှားလုပ်မိခဲ့ပေမယ့် အသင်းဖော်တွေကိုသာ တောင်းပန်ပြီး နည်းပြကိုဂရုမစိုက်ခဲ့တဲ့ အနေအထားတွေ ဖြစ်လာခဲ့ပြီးနောက် ပေါ့ဘာရဲ့ အနာဂတ်ကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ၂၈ နှစ်အရွယ် ကွင်းလယ်လူရဲ့စာချုပ်ဟာ
လက်ရှိ ၂၀၂၁-၂၂ ရာသီအကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ ပေါ့ဘာရဲ့အေးဂျင့် မီနိုရွိုင်းအိုလာကတော့ ကွင်းလယ်လူရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်လို့တော့ ထူးခြားမှုမရှိဘူးဆိုပြီး ဝန်ခံထားခဲ့ပါတယ်။
ပေါ့ဘာကို ဇန်နဝါရီမတိုင်မီ စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ရင်တော့ လာမယ့်နွေရာသီမှာ အလွတ်နဲ့ ပြောင်းရွှေ့ဖို့အတွက် နိုင်ငံခြားအသင်းတွေနဲ့ စိတ်ကြိုက်ဆွေးနွေးပြီး အကြိုသဘောတူညီမှု စာချုပ်
။ချုပ်ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီ အသင်းတွေက ချိတ်ဆက်လျက်ရှိသလို ယူနိုက်တက်ကလည်း စာချုပ်သက်တမ်း တိုးလိုနေပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္လူ ေပါလ္ေပါ့ဘာကေတာ့ လီဗာပူးအသင္းကို ၅-၀ နဲ႕ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ပြဲထြက္လူစာရင္းမွာ ပါဝင္ခြင့္မရရွိခဲ့ပဲ ဒုတိယပိုင္းမွာ လူစားဝင္ကစားခြင့္ ရရွိခဲ့ပါတယ္။
လူစားဝင္ကစားခ်ိန္မွာလည္း ၁၅ မိနစ္သာ ကစားလိုက္ရၿပီး လီဗာပူးကြင္းလယ္လူ နာဘီကီတာကို ေျခစုံပစ္ဝင္မိတာေၾကာင့္ ထုတ္ပယ္ျခင္းခံလိုက္ရပါတယ္။
ဒီလိုအေျခအေနေတြျဖစ္ၿပီးတဲ့ေနာက္ အဝတ္လဲခန္းထဲမွာေတာ့ ေပါ့ဘာက အသင္းေဖာ္ေတြကို ေတာင္းပန္ခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားကိုေတာ့ လစ္လ်ဴရႈခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။
လီဗာပူးနဲ႕ပြဲရလဒ္ဟာ နည္းျပဆိုးလ္ရွားရဲ႕ ထိုင္ခုံကိုပါလႈပ္ခတ္သြားေစခဲ့ၿပိး အခုဆိုရင္ ဆိုးလ္ရွားရဲ႕ ယူနိုက္တက္နည္းျပဘဝအနာဂတ္ကပါ မေသခ်ာေတာ့တဲ့ အေနအထား ျဖစ္လာပါတယ္။
ေပါ့ဘာကလည္း အမွားလုပ္မိခဲ့ေပမယ့္ အသင္းေဖာ္ေတြကိုသာ ေတာင္းပန္ၿပီး နည္းျပကိုဂ႐ုမစိုက္ခဲ့တဲ့ အေနအထားေတြ ျဖစ္လာခဲ့ၿပီးေနာက္ ေပါ့ဘာရဲ႕ အနာဂတ္ကလည္း ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္လူရဲ႕စာခ်ဳပ္ဟာ
လက္ရွိ ၂၀၂၁-၂၂ ရာသီအကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာလည္း ျဖစ္ပါတယ္။ ေပါ့ဘာရဲ႕ေအးဂ်င့္ မီနို႐ြိုင္းအိုလာကေတာ့ ကြင္းလယ္လူရဲ႕ စာခ်ဳပ္ကိစၥနဲ႕ ပတ္သက္လို႔ေတာ့ ထူးျခားမႈမရွိဘူးဆိုၿပီး ဝန္ခံထားခဲ့ပါတယ္။
ေပါ့ဘာကို ဇန္နဝါရီမတိုင္မီ စာခ်ဳပ္သက္တမ္း မတိုးနိုင္ခဲ့ရင္ေတာ့ လာမယ့္ေႏြရာသီမွာ အလြတ္နဲ႕ ေျပာင္းေ႐ႊ႕ဖို႔အတြက္ နိုင္ငံျခားအသင္းေတြနဲ႕ စိတ္ႀကိဳက္ေဆြးေႏြးၿပီး အႀကိဳသေဘာတူညီမႈ စာခ်ဳပ္
။ခ်ဳပ္ဆိုနိုင္မွာလည္း ျဖစ္ပါတယ္။ ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္နဲ႕ ပီအက္စ္ဂ်ီ အသင္းေတြက ခ်ိတ္ဆက္လ်က္ရွိသလို ယူနိုက္တက္ကလည္း စာခ်ဳပ္သက္တမ္း တိုးလိုေနပါတယ္။