Spots news
ဘယ်လင်ဂမ်ကို ပစ်မှတ်ထားနေတဲ့ လီဗာပူးအတွက် မြင့်မားတဲ့ဈေးခေါ်လိုက်တဲ့ ဒေါ့မွန်
Unicode Version
ဒေါ့မွန်အသင်းဟာ လီဗာပူးရဲ့ စိတ်ဝင်စားမှု ကင်းဝေးစေရန် လူငယ်ကွင်းလယ်လူ ဂျူဘယ်လင်ဂမ်အား ပေါင် ၁၀၁ သန်း ဈေးသတ်မှတ်လိုက်ပါတယ်။ ဂျာမန်အသင်းဟာ သူတို့ရဲ့လူငယ်ကစားသမား ဘယ်လင်ဂမ်ကို လက်မလွတ်ချင်တာကြောင့် ခုလို များပြားတဲ့ တန်ကြေးကို သတ်မှတ်လိုက်တာပါ။
အင်္ဂလန်သား ဘယ်လင်ဂမ်ဟာ ဥရောပရဲ့ အလားအလားအရှိဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး လီဗာပူးအသင်းရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အသက်၁၈နှစ်သားဟာ ဒေါ့မွန်ရဲ့ ဘွန်ဒက်စ်လီဂါနှင့် ချန်ပီယံလိဂ်ပွဲတိုင်းကို ယခုနှစ်မှာ ကစားထားပြီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လို့နေပါတယ်။
တစ်ပွဲနှင့်တစ်ပွဲ ယုံကြည်မှု မြင့်တက်လာတဲ့ ဘယ်လင်ဂမ်ဟာ ယခုနှစ်အတွင်း ဘွန်ဒက်စ်လီဂါမှာ ၂ဂိုးသွင်း၊ ၂ဂိုးဖန်တီးထားပြီး စနေနေ့ကကစားခဲ့တဲ့ ဘီလီဖီးပွဲမှာလည်း လှပတဲ့ ဂိုးတစ်ဂိုးကို သွင်းယူထားပါတယ်။ ၎င်းဟာ ၂၀၂၀က ဘာမင်ဂမ်အသင်းကနေ ပေါင်၂၅သန်းဖြင့် ဒေါ့မွန်ထံ ပြောင်းရွှေ့လာခဲ့ပြီး
အသင်းအတွက် ပွဲ၆၀ကျော် ပါဝင်ကစားထားကာ အင်္ဂလန်အတွက်လည်း ၈ပွဲအထိ ကစားထားပါတယ်။ ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ယူရိုသန်း၁၂၀ (ပေါင်၁၀၁သန်း) အနည်းဆုံး မရရင်
ရောင်းချမှာbမဟုတ်ဘူးလို့ဆိုပါတယ်။ ၎င်းဟာ ဒေါ့မွန် အသင်းနဲ့လည်း ၂၀၂၅ခုနှစ်အထိ စာချုပ်ရှိထားပြီး ဥရောပအသင်းကြီးများ မျက်စိကျဖို့ခဲယဉ်းစေရန် တန်ကြေးအများအပြား သတ်မှတ်လိုက်တာဖြစ်ပါတယ်။
Zawgyi Version