Unicode Version
လက်စတာကို ၄-၂ ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး နှစ်ရက်အကြာတွင် အသင်းကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များကြားထဲ ပြုလုပ်ခဲ့သည့် ဘောက်ချာရှင်း အစည်းအဝေးတွင်
ယူနိုက်တက် ကစားသမားများသည် နည်းပြအဖွဲ့၏ စီမံခန့်ခွဲမှု အပေါ်ကိုရော၊ အသင်းဖော်အချင်းချင်း အပေါ်ကိုရော အပြန်အလှန် အပြစ်တင် ဝေဖန်မှုများ ရှိခဲ့ကြသည်။
နည်းပြ ဆိုးရှားက အသင်း ရလဒ် တိုးတက်လာစေရန်အတွက် ကစားသမားများ၏ အကြံကို တောင်းခံခဲ့ရာတွင် ကစားသမားများက ငြိမ်မနေပဲ တုံ့ပြန်ခဲ့ကြသည်။ ကစားသမားတစ်ဦး ဆိုလျှင် ဟယ်ရီမက်ဂွိုင်းယား လက်စတာမှ
ယူနိုက်တက်သို့ ပြောင်းရွှေ့လာပြီး သိပ်မကြာခင်တွင်ပင်လျှင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည့် ဆိုးရှား၏ ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်ခဲ့သည်။
ထို့အပြင် ယူနိုက်တက်ကစားသမား နောက်တစ်ဦးသည် ပွဲစဉ်များတွင် ခြေစွမ်းဆက်တိုက်ညံ့ဖျင်းနေသည့် ကစားသမားများအား ချန်လှန်ရန် နည်းပြဆိုးရှားကို တိုက်ရိုက် ဝေဖန်ခဲ့သည်။
ဆိုးရှားနှင့် နည်းပြအဖွဲ့ဝင်များသည် ထရိန်နင်တွင် ခြေစွမ်းတွေ ပြနိုင်ပါလျက်နှင့် ဘေးသို့ ရောက်နေရသည့် ကစားသမားများကို ပွဲထွက်ခွင့်ပေးရန် တုံ့နှေးလွန်းလှသည်ဟု အဆိုပါ ကစားသမားကပဲ အပြစ်တင် ဝေဖန်ခဲ့သည်။
လက်စတာကို ရှုံးနိမ့်သည့် ပွဲတွင် အသင်းနှင့် ထရိန်နင် တကြိမ်မှတောင် မဆင်းရသေးသည့် မက်ဂွိုင်းယားကို ဒဏ်ရာက သက်သာလာလာချင်း ပွဲထွက်ကစားသမားအနေနှင့် ထည့်သုံးခဲ့သည့် နည်းပြ ဆိုးရှား ကို အသင်း၏ ဗဟိုနောက်ခံလူ နောက်တစ်ဦးဖြစ်သည့်
အဲရစ်ဘိုင်လေက ဒေါသူပုန်ထမှုရှိခဲ့ပြီး ” ကြံ့ခိုင်မှုမပြည့်ဝသည့် ကစားသမားကို ဘာကြောင့် ပွဲထွက်ခွင့်ပေးဖို့ ရွေးချယ်ခဲ့သလဲ “ဟု မေးခွန်း ထုတ်ကာ ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့သည်။
Zawgyi Version
လက္စတာကို ၄-၂ ျဖင့္ အရွက္တကြဲ ရႈံးနိမ့္ခဲ့သည့္ ပြဲအၿပီး ႏွစ္ရက္အၾကာတြင္ အသင္းကစားသမားမ်ားႏွင့္ နည္းျပအဖြဲ႕ဝင္မ်ားၾကားထဲ ျပဳလုပ္ခဲ့သည့္ ေဘာက္ခ်ာရွင္း အစည္းအေဝးတြင္
ယူနိုက္တက္ ကစားသမားမ်ားသည္ နည္းျပအဖြဲ႕၏ စီမံခန႔္ခြဲမႈ အေပၚကိုေရာ၊ အသင္းေဖာ္အခ်င္းခ်င္း အေပၚကိုေရာ အျပန္အလွန္ အျပစ္တင္ ေဝဖန္မႈမ်ား ရွိခဲ့ၾကသည္။
နည္းျပ ဆိုးရွားက အသင္း ရလဒ္ တိုးတက္လာေစရန္အတြက္ ကစားသမားမ်ား၏ အႀကံကို ေတာင္းခံခဲ့ရာတြင္ ကစားသမားမ်ားက ၿငိမ္မေနပဲ တုံ႕ျပန္ခဲ့ၾကသည္။ ကစားသမားတစ္ဦး ဆိုလွ်င္ ဟယ္ရီမက္ဂြိုင္းယား လက္စတာမွ
ယူနိုက္တက္သို႔ ေျပာင္းေ႐ႊ႕လာၿပီး သိပ္မၾကာခင္တြင္ပင္လွ်င္ အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခဲ့သည့္ ဆိုးရွား၏ ဆုံးျဖတ္ခ်က္ကို ျပန္လည္ေမးခြန္းထုတ္ခဲ့သည္။
ထို႔အျပင္ ယူနိုက္တက္ကစားသမား ေနာက္တစ္ဦးသည္ ပြဲစဥ္မ်ားတြင္ ေျခစြမ္းဆက္တိုက္ညံ့ဖ်င္းေနသည့္ ကစားသမားမ်ားအား ခ်န္လွန္ရန္ နည္းျပဆိုးရွားကို တိုက္ရိုက္ ေဝဖန္ခဲ့သည္။
ဆိုးရွားႏွင့္ နည္းျပအဖြဲ႕ဝင္မ်ားသည္ ထရိန္နင္တြင္ အေကာင္းဆုံးေျခစြမ္းေတြ ျပနိုင္ပါလ်က္ႏွင့္ ေဘးသို႔ ေရာက္ေနရသည့္ ကစားသမားမ်ားကို ပြဲထြက္ခြင့္ေပးရန္ တုံ႕ေႏွးလြန္းလွသည္ဟု အဆိုပါ ကစားသမားကပဲ အျပစ္တင္ ေဝဖန္ခဲ့သည္။
လက္စတာကို ရႈံးနိမ့္သည့္ ပြဲတြင္ အသင္းႏွင့္ ထရိန္နင္ တႀကိမ္မွေတာင္ မဆင္းရေသးသည့္ မက္ဂြိုင္းယားကို ဒဏ္ရာက သက္သာလာလာခ်င္း ပြဲထြက္ကစားသမားအေနႏွင့္ ထည့္သုံးခဲ့သည့္ နည္းျပ ဆိုးရွား ကို အသင္း၏ ဗဟိုေနာက္ခံလူ ေနာက္တစ္ဦးျဖစ္သည့္
အဲရစ္ဘိုင္ေလက ေဒါသူပုန္ထမႈရွိခဲ့ၿပီး ” ႀကံ့ခိုင္မႈမျပည့္ဝသည့္ ကစားသမားကို ဘာေၾကာင့္ ပြဲထြက္ခြင့္ေပးဖို႔ ေ႐ြးခ်ယ္ခဲ့သလဲ “ဟု ေမးခြန္းထုတ္ကာ ျပင္းထန္သည့္ စိန္ေခၚမႈတစ္ခုျပဳလုပ္ခဲ့သည္။