Spots news

နည်းပြအပြောင်းအလဲ ဖြစ်မှ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်မယ့်‌ ပေါ့ဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ကတော့ လက်ရှိ အသင်းရဲ့နည်းပြ ဆိုးလ်ရှားသာ ရာသီကုန် အထိ အသင်းမှာ ဆက်ရှိနေမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ကစားသမားလည်း ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၈လကျော်သာ ကျန်တော့ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိရင် ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့်သူပါ။

ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေသလို ပေါ့ဘာကလည်း ယူနိုက်တက်မှာ ဆက်နေဖို့ ဆန္ဒရှိနေပေမယ့် ဆိုးလ်ရှားနဲ့ ပေါ့ဘာကြားမှာ မကျေလည်မှုတွေ ရှိနေတာကြောင့် ဆိုးလ်ရှားသာ ဆက်ရှိနေပါက ပေါ့ဘာဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ စဉ်းစားနေပါတယ်။

ပေါ့ဘာဟာ လက်စတာ စီးတီးအသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေကို ထောက်ပြ ပြောဆိုခဲ့သူ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ကြားက ဆက်ဆံရေးဟာ အေးခဲသွားခဲ့သလို ပေါ့ဘာကလည်း အတ္တလန်တာနဲ့ပွဲစဉ် ၊ လီဗာပူးနဲ့ပွဲစဉ်တွေမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ပေါ့ဘာဟာ ရော်နယ်ဒို ၊ ဆန်ချို ၊ ဗာရန်းတို့လို ထိပ်တန်း ကစားသမားတွေ ရောက်လာပြီးနောက် ယူနိုက်တက်အသင်းမှာ ဆက်နေဖို့ စိတ်ဆန္ဒ ပြင်းပျနေပေမယ့် ဆိုးလ်ရှားသာ အသင်းမှာ ဆက်ရှိနေမယ် ဆိုရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ အတွက် အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ လာမယ့် ပွဲစဉ် ၃ပွဲမှာသာ ရလဒ်တွေ ဆက်လက် ဆိုးဝါးနေမယ် ဆိုရင် ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ကျိန်းသေပေါက် ထုတ်ပယ်ခံရမှာလည်း ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါလ္ေပါ့ဘာ ကေတာ့ လက္ရွိ အသင္းရဲ႕နည္းျပ ဆိုးလ္ရွားသာ ရာသီကုန္ အထိ အသင္းမွာ ဆက္ရွိေနမယ္ ဆိုရင္ မန္ခ်က္စတာ ယူနိုက္တက္အသင္းကို စြန႔္ခြာဖို႔ ဆုံးျဖတ္ထားေၾကာင္း မန္ခ်က္စတာၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမား တဦး ျဖစ္သလို အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ပိုင္ရွင္ ကစားသမားလည္း ျဖစ္ေပမယ့္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၈လေက်ာ္သာ က်န္ေတာ့ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ျခင္း မရွိရင္ ရာသီကုန္မွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာနိုင္မယ့္သူပါ။

ယူနိုက္တက္အသင္းဟာ ေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ အတြက္ အစြမ္းကုန္ ႀကိဳးစားေနသလို ေပါ့ဘာကလည္း ယူနိုက္တက္မွာ ဆက္ေနဖို႔ ဆႏၵရွိေနေပမယ့္ ဆိုးလ္ရွားနဲ႕ ေပါ့ဘာၾကားမွာ မေက်လည္မႈေတြ ရွိေနတာေၾကာင့္ ဆိုးလ္ရွားသာ ဆက္ရွိေနပါက ေပါ့ဘာဟာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ အသင္းေျပာင္းဖို႔ စဥ္းစားေနပါတယ္။

ေပါ့ဘာဟာ လက္စတာ စီးတီးအသင္းကို အရွက္တကြဲ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ဆိုးလ္ရွားရဲ႕ နည္းစနစ္ပိုင္း အားနည္းခ်က္ေတြကို ေထာက္ျပ ေျပာဆိုခဲ့သူ ျဖစ္ၿပီး သူတို႔ႏွစ္ဦးရဲ႕ ၾကားက ဆက္ဆံေရးဟာ ေအးခဲသြားခဲ့သလို ေပါ့ဘာကလည္း အတၱလန္တာနဲ႕ပြဲစဥ္ ၊ လီဗာပူးနဲ႕ပြဲစဥ္ေတြမွာ လူစားဝင္ ကစားသမား အျဖစ္သာ ကစားခြင့္ ရခဲ့ပါတယ္။

နာမည္ႀကီး သတင္းေထာက္ တဦး ျဖစ္သူ ဖာဘရီဇီယို ရိုမာနိုရဲ႕ အဆိုအရ ေပါ့ဘာဟာ ေရာ္နယ္ဒို ၊ ဆန္ခ်ိဳ ၊ ဗာရန္းတို႔လို ထိပ္တန္း ကစားသမားေတြ ေရာက္လာၿပီးေနာက္ ယူနိုက္တက္အသင္းမွာ ဆက္ေနဖို႔ စိတ္ဆႏၵ ျပင္းပ်ေနေပမယ့္ ဆိုးလ္ရွားသာ အသင္းမွာ ဆက္ရွိေနမယ္ ဆိုရင္ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရပါတယ္။

လက္ရွိမွာေတာ့ ယူနိုက္တက္အသင္းဟာ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ အတြက္ အနီးကပ္ ေစာင့္ၾကည့္ေနၿပီး အကယ္၍ လာမယ့္ ပြဲစဥ္ ၃ပြဲမွာသာ ရလဒ္ေတြ ဆက္လက္ ဆိုးဝါးေနမယ္ ဆိုရင္ ဆိုးလ္ရွားဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေန က်ိန္းေသေပါက္ ထုတ္ပယ္ခံရမွာလည္း ျဖစ္ပါတယ္။