Spots news

ရွှေဘောလုံးဆုမှာ ဂျော်ဂျင်ဟိုကို ကျော်တက်သွားတဲ့ မက်ဆီ လီဝမ်ဒေါစကီး နဲ့ ဘန်ဇီမာ

Unicode Version

လာမယ့် နိုဝင်ဘာလ ၂၉ရက်နေ့မှာ ပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရရှိဖို့ အခွင့် အလမ်း အများဆုံး ကစားသမားတွေက ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာတို့ ဖြစ်နေတယ်လို့ သိရပါတယ်။

ရွှေဘောလုံးဆုဟာ မဲစနစ်နဲ့ ပေးအပ် ချီးမြှင့်တဲ့ နာမည်ကျော် ဆုတဆု ဖြစ်ပြီး ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်နေပါတယ်။ လက်ရှိအချိန် အထိ မဲပေးခွင့် ရှိတဲ့ ပုဂ္ဂိုလ်တွေထဲက

၂၅ရာခိုင်နှုန်း အထက်ဟာ သူတို့ရဲ့ ရွှေဘောလုံးဆုရှင်ကို မရွေးချယ်ရသေးသလို ကစားသမား ၅ယောက်ခန့်ဟာ ရွှေဘောလုံးဆု အတွက် မဲစာရင်း အပြိုင်အဆိုင် ဖြစ်နေတယ်လို့ သိရပါတယ်။

ကနဦးမှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ပြင်သစ်အသင်း အတွက်

ပြန်လည် ရွေးချယ်ခံထားရသလို နေးရှင်းလိဂ်ဖလား ရအောင်လည်း ကူညီပေးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ဝါရင့် တိုက်စစ်မှူး ဘန်ဇီမာဟာ ဂျော်ဂျင်ဟိုရဲ့ နေရာကို အစားဝင်နိုင်ခဲ့တယ်လို့ စပိန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

ဒါကြောင့် ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ဘယ်သူက ရရှိသွားမလဲ ဆိုတာဟာ နောက်ဆုံးအချိန်ကျမှ သိရဖွယ် ရှိနေပြီး အကယ်၍ မဲအရေအတွက် တူညီနေခဲ့ရင် ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကိုပါ စဉ်းစားနေရတယ်လို့လည်း သိရပါတယ်။

ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားများ လီယွန်နယ် မက်ဆီ (ပီအက်စ်ဂျီ) ရော်ဘတ် လီဝမ်ဒေါစကီး (ဘိုင်ယန်မြူးနစ်) ဘန်ဇီမာ (ရီးရဲလ် မက်ဒရစ်) ဂျော်ဂျင်ဟို (ချယ်လ်ဆီး) မိုဟာမက် ဆာလာ (လီဗာပူး) တို့ဖြစ်ကြပါတယ်။

Zawgyi Version

လာမယ့္ နိုဝင္ဘာလ ၂၉ရက္ေန႕မွာ ေပးအပ္ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ အခြင့္ အလမ္း အမ်ားဆုံး ကစားသမားေတြက ပီအက္စ္ဂ်ီ တိုက္စစ္မႉး မက္ဆီ ၊ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝမ္ေဒါစကီးနဲ႕ ရီးရဲလ္ မက္ဒရစ္ တိုက္စစ္မႉး ဘန္ဇီမာတို႔ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ေ႐ႊေဘာလုံးဆုဟာ မဲစနစ္နဲ႕ ေပးအပ္ ခ်ီးျမႇင့္တဲ့ နာမည္ေက်ာ္ ဆုတဆု ျဖစ္ၿပီး ဒီႏွစ္ဟာ ခါတိုင္းႏွစ္ေတြထက္ ၿပိဳင္ဆိုင္မႈ ပိုမို ျပင္းထန္ေနပါတယ္။ လက္ရွိအခ်ိန္ အထိ မဲေပးခြင့္ ရွိတဲ့ ပုဂၢိဳလ္ေတြထဲက

၂၅ရာခိုင္ႏႈန္း အထက္ဟာ သူတို႔ရဲ႕ ေ႐ႊေဘာလုံးဆုရွင္ကို မေ႐ြးခ်ယ္ရေသးသလို ကစားသမား ၅ေယာက္ခန႔္ဟာ ေ႐ႊေဘာလုံးဆု အတြက္ မဲစာရင္း အၿပိဳင္အဆိုင္ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ကနဦးမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုက ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းအစားဆုံး ကစားသမားေတြထဲမွာ ပါဝင္ခဲ့ေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွာ ျပင္သစ္အသင္း အတြက္

ျပန္လည္ ေ႐ြးခ်ယ္ခံထားရသလို ေနးရွင္းလိဂ္ဖလား ရေအာင္လည္း ကူညီေပးနိုင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ ဝါရင့္ တိုက္စစ္မႉး ဘန္ဇီမာဟာ ေဂ်ာ္ဂ်င္ဟိုရဲ႕ ေနရာကို အစားဝင္နိုင္ခဲ့တယ္လို႔ စပိန္ အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။

ဒါေၾကာင့္ ယခုႏွစ္ရဲ႕ ေ႐ႊေဘာလုံးဆုကို ဘယ္သူက ရရွိသြားမလဲ ဆိုတာဟာ ေနာက္ဆုံးအခ်ိန္က်မွ သိရဖြယ္ ရွိေနၿပီး အကယ္၍ မဲအေရအတြက္ တူညီေနခဲ့ရင္ ဘယ္လို ဆုံးျဖတ္မလဲ ဆိုတာကိုပါ စဥ္းစားေနရတယ္လို႔လည္း သိရပါတယ္။

ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းစားေနတဲ့ ကစားသမားမ်ား လီယြန္နယ္ မက္ဆီ (ပီအက္စ္ဂ်ီ) ေရာ္ဘတ္ လီဝမ္ေဒါစကီး (ဘိုင္ယန္ျမဴးနစ္) ဘန္ဇီမာ (ရီးရဲလ္ မက္ဒရစ္) ေဂ်ာ္ဂ်င္ဟို (ခ်ယ္လ္ဆီး) မိုဟာမက္ ဆာလာ (လီဗာပူး) တို႔ျဖစ္ၾကပါတယ္။