Spots news

ဆိုးလ်ရှားကို မထုတ်ရသေးပေမယ့် ရေပန်းစားမှု ပိုမိုမြင့်တက်လာတဲ့ ကွန်တီ

Unicode Version

နည်းပြ ဆိုးလ်ရှား နှင့်လမ်းခွဲလျှင် အစား ထိုးမည့် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ရေပန်းစားမှုအတွပ် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ အီတလီ နာမည်ကျော် နည်းပြ ကွန်တီ ထိပ်ဆုံးသို့ ရောက်ရှိလာပြီး အပြတ်အသတ်ရေပန်းစား နေကြောင်း သိရပါတယ်။

Sky Bet မှထုတ်ပြန်တဲ့ အလေးပေးချက်မှာ ရီးရဲလ်မ က်ဒရစ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ ဇီဒန်းက ထိပ်ဆုံး တွင် ရှိခဲ့ပေမယ့် အောက်တိုဘာလ ၂၆ ရက် အလေးပေးချက် များမှာတော့ ကွန်တီက ထိပ်ဆုံးသို့ရောက်ရှိလာကာ အခြားပြိုင်ဘက်များကို အပြတ်ဖြတ် ထားလျက်ရှိ‌ နေပါတယ်။

Sky Bet ရဲ့နောက်ဆုံး အလေးပေးချက်မှာ ကွန်တီက ၈း၁၁ လေးရှိနေပြီး ထို့နောက်မှာ‌တော့ ဇီဒန်းက ၁ဝး၁ လေး၊ ဘရန်ဒန်ရော်ဂျာနှင့် တန်ဟက်ဂ် က ၁၂း၁ လေး၊ ပိုချက်တီနိုက ၁၄း၁ လေး၊ မန်စီနီက ၂၅း၁ လေးဖြင့် အသီးသီးရှိနေကြပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိ ကွန်တီဟာ နည်းပြဘဝမှာ အောင်မြင်မှုများစွာ ရရှိထားပြီး သူကိုင်တွယ်တဲ့ အသင်းတိုင်းကို ဆုဖလားအောင်မြင်မှုရယူပေးခဲ့တံ့ အစဉ်အလာကောင်းကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ယူနိုက်တက် ဂန္ထဝင်များ ဖြစ်တဲ့ ပီတာရှမိုက်ကယ်နှင့် ဂယ်ရီနဗီးလ်တို့က

အသင်းဖော်ဟောင်းဖြစ်သူ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်လျှင် မှားယွင်းလိမ့်မည်ဟု သုံးသပ်ထား ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ကွန်တီဟာ ဖာဂူဆန်ခေတ် ပြီးနောက် ယူနိုက်တက်အသင်းရဲ့ ငါးဦးမြောက် အမြဲတမ်းနည်းပြဖြစ်လာရန် နီးစပ်လျက်ရှိ‌ နေပါတယ်။

Zawgyi Version

နည္းျပ ဆိုးလ္ရွား ႏွင့္လမ္းခြဲလွ်င္ အစား ထိုးမည့္ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပသစ္ ေရပန္းစားမႈအတြပ္ လက္ရွိအခ်ိန္မွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ အီတလီ နာမည္ေက်ာ္ နည္းျပ ကြန္တီ ထိပ္ဆုံးသို႔ ေရာက္ရွိလာၿပီး အျပတ္အသတ္ေရပန္းစား ေနေၾကာင္း သိရပါတယ္။

Sky Bet မွထုတ္ျပန္တဲ့ အေလးေပးခ်က္မွာ ရီးရဲလ္မ က္ဒရစ္အသင္းႏွင့္ လမ္းခြဲၿပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ နည္းျပ ဇီဒန္းက ထိပ္ဆုံး တြင္ ရွိခဲ့ေပမယ့္ ေအာက္တိုဘာလ ၂၆ ရက္ အေလးေပးခ်က္ မ်ားမွာေတာ့ ကြန္တီက ထိပ္ဆုံးသို႔ေရာက္ရွိလာကာ အျခားၿပိဳင္ဘက္မ်ားကို အျပတ္ျဖတ္ ထားလ်က္ရွိ‌ ေနပါတယ္။

Sky Bet ရဲ႕ေနာက္ဆုံး အေလးေပးခ်က္မွာ ကြန္တီက ၈း၁၁ ေလးရွိေနၿပီး ထို႔ေနာက္မွာ‌ေတာ့ ဇီဒန္းက ၁ဝး၁ ေလး၊ ဘရန္ဒန္ေရာ္ဂ်ာႏွင့္ တန္ဟက္ဂ္ က ၁၂း၁ ေလး၊ ပိုခ်က္တီနိုက ၁၄း၁ ေလး၊ မန္စီနီက ၂၅း၁ ေလးျဖင့္ အသီးသီးရွိေနၾကပါတယ္။

အသက္ ၅၂ ႏွစ္အ႐ြယ္ရွိ ကြန္တီဟာ နည္းျပဘဝမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိထားၿပီး သူကိုင္တြယ္တဲ့ အသင္းတိုင္းကို ဆုဖလားေအာင္ျမင္မႈရယူေပးခဲ့တံ့ အစဥ္အလာေကာင္းကိုလည္း ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ သို႔ေပမယ့္ ယူနိုက္တက္ ဂႏၳဝင္မ်ား ျဖစ္တဲ့ ပီတာရွမိုက္ကယ္ႏွင့္ ဂယ္ရီနဗီးလ္တို႔က

အသင္းေဖာ္ေဟာင္းျဖစ္သူ ဆိုးလ္ရွားကို ရာထူးမွထုတ္ပယ္လွ်င္ မွားယြင္းလိမ့္မည္ဟု သုံးသပ္ထား ေၾကာင္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ ကြန္တီဟာ ဖာဂူဆန္ေခတ္ ၿပီးေနာက္ ယူနိုက္တက္အသင္းရဲ႕ ငါးဦးေျမာက္ အၿမဲတမ္းနည္းျပျဖစ္လာရန္ နီးစပ္လ်က္ရွိ‌ ေနပါတယ္။