Spots news

ပေါ့ဘာကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးတော့မယ့် မန်ယူနဲ့ မနက်ခင်းသတင်းတိုများ

Unicode Version

ချယ်လ်ဆီး အသင်းရဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ အသင်းက ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို မလက်ခံဘဲ ရာသီကုန်ရင် အလွတ်ထွက်ခွာသွားဖို့ရှိတယ်လို့ သတင်းဌာနအများစုက ဖော်ပြထားကြပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်ကြတဲ့ စီးတီး၊ စပါး နဲ့ လီဗာပူးတို့အပြင် ဥရောပထိပ်သီး ကလပ်အချို့က ရူဒီဂါကို အလွတ်ခေါ်ယူဖို့ စောင့်ကြည့် နေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့၀င်များဟာ ယခုအချိန်မှာ အသင်းရဲ့ အဓိကပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာကို သက်တမ်းတိုးရန် မဖြစ်နိုင်တော့ကြောင်းနားလည်လက်ခံသွားခဲ့ပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်

အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ခရစ်တန်ဆန်ဟာ အသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် နောက်ခံလူ ခရစ်တန်ဆန်ဟာ ချယ်လ်ဆီးအသင်းထံ အသက် ၁၆နှစ် အရွယ်ထဲက ရောက်ရှိခဲ့သူ တဦး ဖြစ်ပြီး အသင်းရဲ့ သက်တော်ရှည် ကစားသမား ဖြစ်ပေမယ့် လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့တဲ့ ကစားသမားတဦးပါ။

ဗယ်လက်ကာနိုအသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ နည်းပြရော်နယ်ကိုးမန်းကို ရာထူးကထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ အယ်လ်ကလက်စီကိုမှာ အရေးနိမ့်ခဲ့တဲ့နောက် နည်းပြထိိုင်ခုံလှုပ်နေတဲ့ ကိုးမန်းဟာ အဝေးကွင်းမှာ

နိုင်ပွဲရအောင် အားမထုတ်နိုင်ခဲ့ဘဲ ထပ်မံရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းပြသစ်နေရာအတွက် ဘယ်သူ့ကိုအစားထိုးမလဲဆိုတာ ကြေညာခြင်းမရှိသေးဘဲ ဘာစီလိုနာကတော့ ကြီးမားတဲ့ အခက်အခဲတွေကြား ရုန်းကန်နေရပြီဖြစ်ပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီး အသင္းရဲ႕ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါဟာ အသင္းက ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကို မလက္ခံဘဲ ရာသီကုန္ရင္ အလြတ္ထြက္ခြာသြားဖို႔ရွိတယ္လို႔ သတင္းဌာနအမ်ားစုက ေဖာ္ျပထားၾကပါတယ္။ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ စီးတီး၊ စပါး နဲ႕ လီဗာပူးတို႔အျပင္ ဥေရာပထိပ္သီး ကလပ္အခ်ိဳ႕က ႐ူဒီဂါကို အလြတ္ေခၚယူဖို႔ ေစာင့္ၾကည့္ ေနၾကပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ဘုတ္အဖြဲ႕၀င္မ်ားဟာ ယခုအခ်ိန္မွာ အသင္းရဲ႕ အဓိကျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ေပါ့ဘာကို သက္တမ္းတိုးရန္ မျဖစ္နိုင္ေတာ့ေၾကာင္းနားလည္လက္ခံသြားခဲ့ၿပီး ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးျဖင့္ ထြက္ခြာခြင့္ျပဳမွာ ျဖစ္ပါတယ္

အဂၤလန္ ပရီးမီးယားလိဂ္ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိက ေနာက္ခံလူ တဦး ျဖစ္သူ ခရစ္တန္ဆန္ဟာ အသင္းနဲ႕ စာခ်ဳပ္သစ္ကိစၥ ေဆြးေႏြးမႈေတြ အားလုံးကို ရပ္ဆိုင္းလိုက္ေၾကာင္း လန္ဒန္ၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက တညီတၫြတ္ထဲ ေဖာ္ျပသြားၾကပါတယ္။

အသက္ ၂၅ႏွစ္ အ႐ြယ္ ဒိန္းမတ္ လက္ေ႐ြးစင္ ေနာက္ခံလူ ခရစ္တန္ဆန္ဟာ ခ်ယ္လ္ဆီးအသင္းထံ အသက္ ၁၆ႏွစ္ အ႐ြယ္ထဲက ေရာက္ရွိခဲ့သူ တဦး ျဖစ္ၿပီး အသင္းရဲ႕ သက္ေတာ္ရွည္ ကစားသမား ျဖစ္ေပမယ့္ လက္ရွိမွာေတာ့ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၆လေက်ာ္သာ က်န္ရွိေတာ့တဲ့ ကစားသမားတဦးပါ။

ဗယ္လက္ကာနိုအသင္းကို ၁-၀ နဲ႕ အေရးနိမ့္ခဲ့ၿပီးေနာက္ ဘာစီလိုနာအသင္းဟာ နည္းျပေရာ္နယ္ကိုးမန္းကို ရာထူးကထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။ အယ္လ္ကလက္စီကိုမွာ အေရးနိမ့္ခဲ့တဲ့ေနာက္ နည္းျပထိိုင္ခုံလႈပ္ေနတဲ့ ကိုးမန္းဟာ အေဝးကြင္းမွာ

နိုင္ပြဲရေအာင္ အားမထုတ္နိုင္ခဲ့ဘဲ ထပ္မံရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ နည္းျပသစ္ေနရာအတြက္ ဘယ္သူ႕ကိုအစားထိုးမလဲဆိုတာ ေၾကညာျခင္းမရွိေသးဘဲ ဘာစီလိုနာကေတာ့ ႀကီးမားတဲ့ အခက္အခဲေတြၾကား ႐ုန္းကန္ေနရၿပီျဖစ္ပါတယ္။