Spots news

ဇာဗီကို နည်းပြသစ်ခန့်အပ်ဖို့ စတင်ဆွေးနွေးနေပြီ ဖြစ်တဲ့ ဘာစီလိုနာ

Unicode Version

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗယ်လက်ကာနိုအသင်းနဲ့ ပွဲစဉ်မှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ် ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေတဲ့ အသင်းတသင်း ဖြစ်ပြီး လာလီဂါပြိုင်ပွဲမှာ ၁၀ပွဲ ကစားထားရာ ၄ပွဲနိုင် ၃ပွဲသရေ ၃ပွဲရှုံး ရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်၉နေရာ အထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကို လွန်မြောက်နိုင်ဖို့ အတော်လေး ကြိုးစားရမယ့် အနေအထားကို ရောက်ရှိနေပါတယ်။

အထူးသဖြင့် ဘာစီလိုနာအသင်းရဲ့ ယခုနှစ် ဘောလုံးရာသီ အဝေးကွင်း စွမ်းဆောင်ရည်ဟာ အတော်လေး ဆိုးရွားနေပြီး အဝေးကွင်း ၅ပွဲ ကစားထားရာ ၂ပွဲသရေ ၃ပွဲရှုံးဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတာကြောင့် ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဟာ အသင်းနည်းပြ ကိုးမန်းအပေါ် စိတ်ရှည် သည်းခံမှု ကုန်ဆုံးသွားတာလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဇာဗီကလည်း ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ဇာဗီဟာ လက်ရှိမှာ ကာတာကလပ် အယ်ဆတ်အသင်းကို ကိုင်တွယ်နေသူ ဖြစ်ပြီး အယ်ဆတ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂ရာသီ အတွင်းမှာ ဆုဖလား ၇လုံး အထိ ရရှိခဲ့သလို သူ့ရဲ့လက်ထက်မှာ အယ်ဆတ်အသင်းရဲ့ ကစားပုံဟာ တချိန်က ဥရောပမှာ

လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ တီကီတာကာ ကစားဟန် ဖြစ်နေတာကြောင့် ဇာဗီသာ ဘာစီလိုနာအသင်းဆီ ပြန်ရောက်လာပါက ဘာစီလိုနာအသင်းဟာ ယခင်ကလို အောင်မြင်မှုတွေကို ပြန်လည် ရယူနိုင်လိမ့်မယ်လို့ ဘာစီလိုနာ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

Zawgyi Version

စပိန္လာလီဂါ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ ယေန႕မနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ဗယ္လက္ကာနိုအသင္းနဲ႕ ပြဲစဥ္မွာ ရႈံးပြဲနဲ႕ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ အသင္းရဲ႕ နည္းျပျဖစ္သူ ေရာ္နယ္ ကိုးမန္းကို ရာထူးကေန ထုတ္ပယ္သြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ရလဒ္ေတြ အေတာ္ေလး ဆိုးဝါးေနတဲ့ အသင္းတသင္း ျဖစ္ၿပီး လာလီဂါၿပိဳင္ပြဲမွာ ၁၀ပြဲ ကစားထားရာ ၄ပြဲနိုင္ ၃ပြဲသေရ ၃ပြဲရႈံး ရလဒ္နဲ႕အတူ အမွတ္ေပးဇယားရဲ႕ အဆင့္၉ေနရာ အထိ ေရာက္ရွိေနသလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း အုပ္စုအဆင့္ကို လြန္ေျမာက္နိုင္ဖို႔ အေတာ္ေလး ႀကိဳးစားရမယ့္ အေနအထားကို ေရာက္ရွိေနပါတယ္။

အထူးသျဖင့္ ဘာစီလိုနာအသင္းရဲ႕ ယခုႏွစ္ ေဘာလုံးရာသီ အေဝးကြင္း စြမ္းေဆာင္ရည္ဟာ အေတာ္ေလး ဆိုး႐ြားေနၿပီး အေဝးကြင္း ၅ပြဲ ကစားထားရာ ၂ပြဲသေရ ၃ပြဲရႈံးဆိုတဲ့ ရလဒ္ကို ပိုင္ဆိုင္ထားတာေၾကာင့္ ဘာစီလိုနာအသင္းရဲ႕ ဘုတ္အဖြဲ႕ဟာ အသင္းနည္းျပ ကိုးမန္းအေပၚ စိတ္ရွည္ သည္းခံမႈ ကုန္ဆုံးသြားတာလည္း ျဖစ္ပါတယ္။

နာမည္ႀကီး သတင္းေထာက္ တဦး ျဖစ္သူ ဖာဘရီဇီယို ရိုမာနိုရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ ကိုးမန္းကို ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ အသင္းရဲ႕ ကစားသမားေဟာင္း တဦး ျဖစ္သူ ဇာဗီကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ထားၿပီး ဇာဗီကလည္း ဘာစီလိုနာအသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံဖြယ္ ရွိေၾကာင္း သိရပါတယ္။

ဘာစီလိုနာအသင္းနဲ႕ စပိန္အသင္းတို႔ရဲ႕ ဂႏၲဝင္ ကြင္းလယ္လူ တဦး ျဖစ္သူ ဇာဗီဟာ လက္ရွိမွာ ကာတာကလပ္ အယ္ဆတ္အသင္းကို ကိုင္တြယ္ေနသူ ျဖစ္ၿပီး အယ္ဆတ္အသင္းကို ကိုင္တြယ္ခဲ့တဲ့ ၂ရာသီ အတြင္းမွာ ဆုဖလား ၇လုံး အထိ ရရွိခဲ့သလို သူ႕ရဲ႕လက္ထက္မွာ အယ္ဆတ္အသင္းရဲ႕ ကစားပုံဟာ တခ်ိန္က ဥေရာပမွာ

လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕ တီကီတာကာ ကစားဟန္ ျဖစ္ေနတာေၾကာင့္ ဇာဗီသာ ဘာစီလိုနာအသင္းဆီ ျပန္ေရာက္လာပါက ဘာစီလိုနာအသင္းဟာ ယခင္ကလို ေအာင္ျမင္မႈေတြကို ျပန္လည္ ရယူနိုင္လိမ့္မယ္လို႔ ဘာစီလိုနာ ပရိသတ္ေတြက ယုံၾကည္ေနၾကပါတယ္။