Spots news

ကျွန်တော့် အတွက် အချိန် မကျန်တော့ဘူး ထင်ပါတယ် – ဖရန့် လမ်းပတ်

Unicode Version

ချယ်စီး နည်းပြ လမ်းပတ် ကတော့ သူ့ အနေနဲ့ အသင်း ကို ပြန်လည် တည်ဆောက်ချိန် ရရှိ ပါ့မလား ဆိုပြီး ထုတ်ဖော် ပြောဆို လာခဲ့ပါပြီ ။

အကယ်၍ ရလဒ် ဆိူးရွား နေမှုကို ပြန်လည် ကောင်းမွန် လာအောင် ပြုလုပ် နိုင်ခြင်း မရှိပါက လမ်းပတ် အနေနဲ့ ရာထူးမှ ထုတ်ပယ် နိုင်ချေ ရှိနေပါတယ်။

ချယ်စီးဟာ ရာသီ အစမှာ ပြိုင်ပွဲစုံ ၁၆ ပွဲဆက် ရှုပွဲ မရှိခဲ့ပဲ လမ်းပတ်ဟာ ချယ်စီး အတွက် သင့်တော်တဲ့ နည်းပြ တစ်ဦး လို့ ချီးမွန်း ခံခဲ့ ရပါတယ်။

နည်းပြ လမ်းပတ်ဟာ  ချဲလ်ဆီးအသင်းရဲ့ ကစားသမား ဟောင်း ဖြစ်ပြီး နည်းပြဆာရီ နေရာကို အစားထိုး ဝင်ရောက် ခဲ့သူ ဖြစ်ပါတယ်။ ကစားသမား ဝယ်ယူခွင့် ပိတ်ခံထားရတဲ့ ရာသီမှာ အသင်းရဲ့ ရှိရင်းစွဲ လူငယ် တွေကို အသုံးချပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရယူပေးခဲ့သူပါ။

သို့ ပေမယ့် ချယ်စီး ဟာ နောက်ဆုံး ကစားခဲ့ တဲ့ ပရီးမီးယား လိဂ် ခြောက်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိ ထားပြီး တနင်္ဂနွေ နေ့မှာ လိဂ်တူး မှ မိုရီကမ်ဘီ အသင်းနဲ့ Fa cup တတိယ အဆင့် ကစားရမှာ ဖြစ်ပါတယ်။

ထိုပွဲစဉ် ရဲ့ ခြေစွမ်း နဲ့ ရလဒ် ဟာ လမ်းပတ်ရဲ့ အဆုံးအဖြတ် ဖြစ် နေနိုင်ပါတယ်။

လမ်းပတ်က “ စိတ်ရှည် ရမယ် ဆိုရင်တော့ ဒီစကားလုံးက ကျွန်တော် အပေါ်တော့ မသက်ရောက် နိုင်တော့ ပါဘူး။ ကျွန်တော့ အပေါ် စီရင် ခွင့် နဲ့ ဆုံးဖြတ် ပိုင် ခွင့်ဟာ တခြား သူရဲ့ လက်ထဲ မှာဖြစ်ပါတယ်။

ကျွန်တော့ အလုပ်က နေ့စဉ် နေ့တိုင်း အသင်းကို တိုးတတ် အောင် ကြိုးစား နေဖို့ပါ။ ဒါပေမယ့် ဘောလုံး မှာတော့ မင်း တိုးတက် နေဖို့ အချိန်အကြာကြီး ဘယ်သူမှ စောင့်‌ မနေပါဘူး ။ လက်ရှိ အကောင်းဆုံး ခေါ်ဆို ထားတဲ့ ကစားသမား တွေက ငယ်ရွယ် ပါသေးတယ်။ ဒါပေမယ့် အသင်း ပိုင်ရှင် က စိတ်ရှည် မှာ မဟုတ်ဘူး ။ ကျွန်တော့် အနေနဲ့ အသင်းကို တိုးတက် အောင် လုပ်ဖို့ အချိန်တောင် မကျန်တော့ ဘူး ထင်ပါတယ် ” ဟု ပြောကြား သွားခဲ့ ပါတယ်။