Spots news

ဗန်ဒီဘိခ်ဟာ မန်ယူမှာ မပျော်တော့ပဲ ထွက်ခွာဖွယ်ရှိတယ်လို့ ဆိုးလ်ရှား အတည်ပြု

Unicode Version

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်တစ်ယောက် ယူနိုက်တက်မှာ မပျော်ရွှင်တော့ဘူးလို့ ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ မိနစ် ဝန်းကျင်သာ ကစားခွင့်ရထားပြီး အသင်းမှာ

ပုံမှန် ပွဲထွက်ခွင့်မရဘဲ အရံခုံမှာသာ အချိန်ဖြုန်းနေရ တဲ့အပေါ် တော်တော်လေး စိတ်ပျက်နေတာပါ။ အသက် ၂၄ နှစ်အရွယ် ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်ကို ရောက်ရှိ လာခဲ့ပြီးနောက် ပရိသတ်တွေက သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ကြပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားကိုယ်တိုင်က ဒီကစားသမားကို အခွင့်အရေး ပေးလိုတဲ့ပုံမပေါ်ဘဲ ဗန်ဒီဘိခ်ကတော့ လာမယ့်ဆောင်းရာသီမှာ အသင်းက သေချာပေါက် ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။ ဒီလိုမျိုး အခြေအနေတွေ ခက်ခဲနေတဲ့ ဗန်ဒီဘိခ်နဲ့ပတ်သက်လို့လည်း ဆိုးလ်ရှားက အခုလိုပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက “လက်ရှိ အခိုက်အတန့်တွေက ခက်ခဲပါတယ်။ ကျွန်တော် ဗန်ဒီဘိခ်ကို နားလည်ပါတယ်။ သူလည်း စိတ်ပျက်နေပါတယ်။ သူမပျော်ဘူးဆိုတာကိုလည်း ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် သူက ထိပ်တန်းအဆင့်ရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားပါ”

“သူ့ကိုယ်သူ ကျဆင်းသွားစေမှာ မဟုတ်ဘဲ ဘောလုံးလောကမှာ ဒါမျိုးက ဖြစ်တတ်တာကို သူသိထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဗန်ဒီဘိခ် အေဂျက်စ်ကိုပြန်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အပေါ် နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုက “အေဂျက်စ်နဲ့ ယူနိုက်တက်အကြား ဗန်ဒီဘိခ်အတွက် ဘာဆွေးနွေးမှုမှမရှိပါဘူး”

“ဒါတွေအကုန်လုံးက သတင်းအမှားတွေဆိုတာကို (၃) ဖက်လုံးက လက်ခံထားပါတယ်။ ဒါပေမယ့် ဗန်ဒီဘိခ်တစ်ယောက် လာမယ့်ဇန်နဝါရီမှာ ယူနိုက်တက်က ထွက်ခွာဖို့ အခွင့်အရေးအရမ်းများပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန်က ပြီးခဲ့တဲ့နွေရာသီတည်းက ကြိုးစားခဲ့ပြီး လာမယ့်ဆောင်းရာသီမှာလည်း ဗန်ဒီဘိခ်ကို ထပ်မံခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

Zawgyi Version

ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ ကြင္းလယ္လူ ဗန္ဒီဘိခ္တစ္ေယာက္ ယူနိုက္တက္မွာ မေပ်ာ္႐ႊင္ေတာ့ဘူးလို႔ ဖြင့္ဟဝန္ခံလာခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၆ မိနစ္ ဝန္းက်င္သာ ကစားခြင့္ရထားၿပီး အသင္းမွာ

ပုံမွန္ ပြဲထြက္ခြင့္မရဘဲ အရံခုံမွာသာ အခ်ိန္ျဖဳန္းေနရ တဲ့အေပၚ ေတာ္ေတာ္ေလး စိတ္ပ်က္ေနတာပါ။ အသက္ ၂၄ ႏွစ္အ႐ြယ္ ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ယူနိုက္တက္ကို ေရာက္ရွိ လာခဲ့ၿပီးေနာက္ ပရိသတ္ေတြက သူ႕အေပၚ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမား ထားခဲ့ၾကပါတယ္။

ဒါေပမယ့္ ဆိုးလ္ရွားကိုယ္တိုင္က ဒီကစားသမားကို အခြင့္အေရး ေပးလိုတဲ့ပုံမေပၚဘဲ ဗန္ဒီဘိခ္ကေတာ့ လာမယ့္ေဆာင္းရာသီမွာ အသင္းက ေသခ်ာေပါက္ ထြက္ခြာဖို႔ ျပင္ဆင္ေနပါၿပီ။ ဒီလိုမ်ိဳး အေျခအေနေတြ ခက္ခဲေနတဲ့ ဗန္ဒီဘိခ္နဲ႕ပတ္သက္လို႔လည္း ဆိုးလ္ရွားက အခုလိုေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွားက “လက္ရွိ အခိုက္အတန့္ေတြက ခက္ခဲပါတယ္။ ကြၽန္ေတာ္ ဗန္ဒီဘိခ္ကို နားလည္ပါတယ္။ သူလည္း စိတ္ပ်က္ေနပါတယ္။ သူမေပ်ာ္ဘူးဆိုတာကိုလည္း ကြၽန္ေတာ္ သိထားပါတယ္။ ဒါေပမယ့္ သူက ထိပ္တန္းအဆင့္ရွိတဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားပါ”

“သူ႕ကိုယ္သူ က်ဆင္းသြားေစမွာ မဟုတ္ဘဲ ေဘာလုံးေလာကမွာ ဒါမ်ိဳးက ျဖစ္တတ္တာကို သူသိထားပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ ဗန္ဒီဘိခ္ ေအဂ်က္စ္ကိုျပန္မယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့ အေပၚ နာမည္ေက်ာ္ ဂ်ာနယ္လစ္ ရိုမာနိုက “ေအဂ်က္စ္နဲ႕ ယူနိုက္တက္အၾကား ဗန္ဒီဘိခ္အတြက္ ဘာေဆြးေႏြးမႈမွမရွိပါဘူး”

“ဒါေတြအကုန္လုံးက သတင္းအမွားေတြဆိုတာကို (၃) ဖက္လုံးက လက္ခံထားပါတယ္။ ဒါေပမယ့္ ဗန္ဒီဘိခ္တစ္ေယာက္ လာမယ့္ဇန္နဝါရီမွာ ယူနိုက္တက္က ထြက္ခြာဖို႔ အခြင့္အေရးအရမ္းမ်ားပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ဗန္ဒီဘိခ္ကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္အသင္းတစ္သင္းျဖစ္တဲ့ အဲဗာတန္က ၿပီးခဲ့တဲ့ေႏြရာသီတည္းက ႀကိဳးစားခဲ့ၿပီး လာမယ့္ေဆာင္းရာသီမွာလည္း ဗန္ဒီဘိခ္ကို ထပ္မံေခၚယူဖို႔ ႀကိဳးစားလာဖြယ္ ရွိေနပါတယ္။