Unicode Version
ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးအတွက် အထူးခြေစွမ်းပြ ကစားနေတဲ့ မိုဟာမက် ဆာလတ်ကို ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆာလတ်က လီဗာပူးအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး လတ်တလော အတွက်တော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ နည်းပြယာဂင်ကလော့ပ်၊ လီဗာပူးဂန္တဝင် ကာရေဂါတို့အပြင် တစ်ကမ္ဘာလုံးက ချီးကျူးသံတွေ ထွက်ပေါ်နေတာပါ။
ရီးရဲလ်မက်ဒရစ်ဟာ ဆာလတ်ကို ကာလရှည်ကြာ စိတ်ဝင်စားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆာလတ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ မအောင်မြင်သေးတဲ့ လီဗာပူးရဲ့ အနေအထားကို စောင့်ကြည့်နေပြီလို့ သတင်းထောက် အက်ခရင်ကိုနာက ဖော်ပြလာပါတယ်။ လီဗာပူးနဲ့ ဆာလတ်တို့ အကြား စာချုပ်သက်တမ်းက ၂၀၂၃ မှာ ကုန်ဆုံးမှာပါ။
လီဗာပူးအနေနဲ့ ဒီကစားသမားကို စာချုပ်သစ်ချုပ်ဖို့ ဒီဘောလုံးရာသီ မစခင်တည်းက ကြိုးစားနေပေမယ့် လစာငွေ ညှိနှိုင်းရ ခက်နေတာကြောင့် လက်ရှိ အချိန်အထိ စာချုပ်သစ် ချုပ်ဆိုရခြင်းမရှိသေးပါဘူး။ ဆာလတ်နဲ့ သူ့ရဲ့အေးဂျင့်တို့က ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် လုပ်ခတွေထဲက တစ်ခုဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၈၅,၀၀၀ အထိ တောင်းဆိုနေပြီး လီဗာပူးကတော့ ဒီအပေါ်မှာ လိုက်လျောပေးဖို့ လက်တွန့်နေဆဲပါ။
မကြာသေးခင်က မန်ချက်စတာ ယူနိုင်တက်အသင်းကိုလဲ ဟတ်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ ဆာလတ်အတွက် ကစားသမားရဲ့ အေးဂျင့်က တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းအထိ တောင်းဆိုဖို့ ဆန္ဒရှိနေပါတယ်။ လီဗာပူးဟာ ကစားသမားတွေကို လစာငွေ ထိန်းချုပ်ထားပြီး ဆာလတ်ကို ဒီလိုမျိုး စံချိန်တင်လစာငွေ ပေးချေလိုက်မယ်ဆိုရင် အခြား ကစားသမားတွေ အပေါ် ထိန်းသိမ်းရခက်သွားမှာကို စိုးရိမ် နေပါတယ်။
အဲ့ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်က ဒီအနေအထားကို အခွင့်ကောင်းယူပြီး ပြောင်းရွှေ့ကြေးအပြင် ဟာဇက်နဲ့ပါ အလိုက်ပေးကမ်းလှမ်းဖို့ စောင့်ကြည့်နေပြီလို့ သတင်းထွက်ပေါ်လာတာပါ။ ရီးရဲလ်မက်ဒရစ်ဟာ ဆာလာအတွက် အနည်းဆုံး ယူရိုသန်း ၁၀၀ သုံးစွဲရမယ်ဆိုရင်တောင် နှမြောနေမှာ မဟုတ်ဘဲ ကစားသမားပါ အလိုက်ပေးဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
Zawgyi Version
ရီးရဲလ္မက္ဒရစ္ဟာ လီဗာပူးအတြက္ အထူးေျခစြမ္းျပ ကစားေနတဲ့ မိုဟာမက္ ဆာလတ္ကို ေခၚယူဖို႔ စိတ္ဝင္စား လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ဆာလတ္က လီဗာပူးအတြက္ အေကာင္းဆုံး ေျခစြမ္းျပေနၿပီး လတ္တေလာ အတြက္ေတာ့ ကမာၻ႔အေကာင္းဆုံး ကစားသမားျဖစ္တယ္လို႔ နည္းျပယာဂင္ကေလာ့ပ္၊ လီဗာပူးဂႏၲဝင္ ကာေရဂါတို႔အျပင္ တစ္ကမာၻလုံးက ခ်ီးက်ဴးသံေတြ ထြက္ေပၚေနတာပါ။
ရီးရဲလ္မက္ဒရစ္ဟာ ဆာလတ္ကို ကာလရွည္ၾကာ စိတ္ဝင္စားခဲ့တဲ့ အသင္းတစ္သင္းျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဆာလတ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မေအာင္ျမင္ေသးတဲ့ လီဗာပူးရဲ႕ အေနအထားကို ေစာင့္ၾကည့္ေနၿပီလို႔ သတင္းေထာက္ အက္ခရင္ကိုနာက ေဖာ္ျပလာပါတယ္။ လီဗာပူးနဲ႕ ဆာလတ္တို႔ အၾကား စာခ်ဳပ္သက္တမ္းက ၂၀၂၃ မွာ ကုန္ဆုံးမွာပါ။
လီဗာပူးအေနနဲ႕ ဒီကစားသမားကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ဒီေဘာလုံးရာသီ မစခင္တည္းက ႀကိဳးစားေနေပမယ့္ လစာေငြ ညွိႏွိုင္းရ ခက္ေနတာေၾကာင့္ လက္ရွိ အခ်ိန္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရျခင္းမရွိေသးပါဘူး။ ဆာလတ္နဲ႕ သူ႕ရဲ႕ေအးဂ်င့္တို႔က ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္တင္ လုပ္ခေတြထဲက တစ္ခုျဖစ္တဲ့ တစ္ပတ္လုပ္ခ ေပါင္ ၃၈၅,၀၀၀ အထိ ေတာင္းဆိုေနၿပီး လီဗာပူးကေတာ့ ဒီအေပၚမွာ လိုက္ေလ်ာေပးဖို႔ လက္တြန့္ေနဆဲပါ။
မၾကာေသးခင္က မန္ခ်က္စတာ ယူနိုင္တက္အသင္းကိုလဲ ဟတ္ထရစ္သြင္းယူကာ ေျခစြမ္းျပခဲ့တဲ့ ဆာလတ္အတြက္ ကစားသမားရဲ႕ ေအးဂ်င့္က တစ္ပတ္လုပ္ခ ေပါင္ ၅ သိန္းအထိ ေတာင္းဆိုဖို႔ ဆႏၵရွိေနပါတယ္။ လီဗာပူးဟာ ကစားသမားေတြကို လစာေငြ ထိန္းခ်ဳပ္ထားၿပီး ဆာလတ္ကို ဒီလိုမ်ိဳး စံခ်ိန္တင္လစာေငြ ေပးေခ်လိဳက္မယ္ဆိုရင္ အျခား ကစားသမားေတြ အေပၚ ထိန္းသိမ္းရခက္သြားမွာကို စိုးရိမ္ ေနပါတယ္။
အဲ့ဒါေၾကာင့္လည္း ရီးရဲလ္မက္ဒရစ္က ဒီအေနအထားကို အခြင့္ေကာင္းယူၿပီး ေျပာင္းေ႐ႊ႕ေၾကးအျပင္ ဟာဇက္နဲ႕ပါ အလိုက္ေပးကမ္းလွမ္းဖို႔ ေစာင့္ၾကည့္ေနၿပီလို႔ သတင္းထြက္ေပၚလာတာပါ။ ရီးရဲလ္မက္ဒရစ္ဟာ ဆာလာအတြက္ အနည္းဆုံး ယူရိုသန္း ၁၀၀ သုံးစြဲရမယ္ဆိုရင္ေတာင္ ႏွေျမာေနမွာ မဟုတ္ဘဲ ကစားသမားပါ အလိုက္ေပးဖို႔ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။