Spots news

ရွှေဘောလုံးဆုမှာ မက်ဆီရေပန်းစားနေမှုကို မနာလိုနေတဲ့ နောက်တစ်ဦး ထွက်ပေါ်လာ

Unicode Version

လာမယ့် နိုဝင်ဘာလအတွင်းမှာ ပေးအပ်ချီးမြှင့်သွားမယ့် ဘလွန်းဒီအောဆုကို မက်ဆီပဲ ဆွတ်ခူးသွားမယ်ဆိုရင် စိတ်ပျက်ရလိမ့်မယ်လို့ ပြောဆိုသူ နောက်တစ်ဦး ထပ်မံထွက်ပေါ် လာခဲ့ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်ကတော့ ယူနိုက်တက်ကစားသမားဟောင်း အီဗရာဖြစ်ပြီး မက်ဆီက ဘာစီလိုနာအတွက် ဘာတွေလုပ်ပြခဲ့လို့ ဒီဆုကို ရရှိမှာလဲ လို့လည်း သူက မေးခွန်းထုတ် ခဲ့ပါတယ်။

ဆန်ခါတင် ကစားသမား ၃၀ ဦးစာရင်း ထုတ်ပြန်ခဲ့ပြီးနောက် မက်ဆီက ဆုရရှိဖို့ ရေပန်း အစားဆုံးဖြစ်နေသလို ဝေဖန်အခံရဆုံး ကစားသမားလည်းဖြစ် နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော် တစ်ခုအတွင်းမှာ

မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးတည်းကသာ အဆိုပါဆုကို အများဆုံး ဆွတ််ခူးခဲ့ကြပြီး ဆုရွေးချယ်မှုနဲ့ ပတ်သက်ကာ ဝေဖန်အပြစ်တင်သံ တွေကလည်း ပိုမိုများပြား လာခဲဲ့တာ ဖြစ်ပါတယ်။

အီဗရာက “ကျွန်တော့် အမြင်အရဆိုရင် ဘလွန်းဒီအောဆုက ဂျော်ဂျင်ဟို ဒါမှမဟုတ် ကန်တေတို့အတွက်ပါပဲ၊ မက်ဆီကိုသာ ပေးလိုက်မယ်ဆိုရင် ကျွန်တော် စိတ်ပျက်မိမှာပဲ။ မနှစ်က မက်ဆီက ဘာတွေ

အနိုင်ရအောင် လုပ်ခဲ့လို့လဲ၊ ကိုပါအမေရိက ဖလားလား၊ ကောင်းပြီလေ၊ ဘာစီလိုနာ နဲ့ရော သူ ဘာတွေလုပ်ပြခဲ့လို့လဲ” လို့ မေးခွန်းထုတ်ကာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားနဲ့ ကိုပါအမေရိကဖလားကို ဆွတ်ခူးခဲ့ပေမယ့် ဘာစီလိုနာနဲ့တော့ ကိုပါဒယ်ရေး ဖလားကိုသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ ဘာစီလိုနာမအောင်မြင်ခဲ့ဘဲ အရေးနိမ့်ခဲ့ပြီး

ကိုပါအမေရိကအောင်မြင်မှု တစ်ခုတည်းနဲ့ မက်ဆီကို ဘလွန်းဒီအောဆုပေးခဲ့မယ်ဆိုပါက ဆုရွေးချယ်မှုဟာ လူရယ်ချင်စရာ ဖြစ်သွားလိမ့်မယ်လို့ ဘောလုံးလောကအတွင်းက နာမည်ကျော် ပုဂ္ဂိုလ်တွေကလည်း ပြောဆို ထားခဲ့ကြပါတယ်။

Zawgyi Version

လာမယ့္ နိုဝင္ဘာလအတြင္းမွာ ေပးအပ္ခ်ီးျမႇင့္သြားမယ့္ ဘလြန္းဒီေအာဆုကို မက္ဆီပဲ ဆြတ္ခူးသြားမယ္ဆိုရင္ စိတ္ပ်က္ရလိမ့္မယ္လို႔ ေျပာဆိုသူ ေနာက္တစ္ဦး ထပ္မံထြက္ေပၚ လာခဲ့ပါတယ္။

အဆိုပါ ပုဂၢိဳလ္ကေတာ့ ယူနိုက္တက္ကစားသမားေဟာင္း အီဗရာျဖစ္ၿပီး မက္ဆီက ဘာစီလိုနာအတြက္ ဘာေတြလုပ္ျပခဲ့လို႔ ဒီဆုကို ရရွိမွာလဲ လို႔လည္း သူက ေမးခြန္းထုတ္ ခဲ့ပါတယ္။

ဆန္ခါတင္ ကစားသမား ၃၀ ဦးစာရင္း ထုတ္ျပန္ခဲ့ၿပီးေနာက္ မက္ဆီက ဆုရရွိဖို႔ ေရပန္း အစားဆုံးျဖစ္ေနသလို ေဝဖန္အခံရဆုံး ကစားသမားလည္းျဖစ္ ေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္ တစ္ခုအတြင္းမွာ

မက္ဆီနဲ႕ ေရာ္နယ္ဒိုတို႔ ႏွစ္ဦးတည္းကသာ အဆိုပါဆုကို အမ်ားဆုံး ဆြတ္္ခူးခဲ့ၾကၿပီး ဆုေ႐ြးခ်ယ္မႈနဲ႕ ပတ္သက္ကာ ေဝဖန္အျပစ္တင္သံ ေတြကလည္း ပိုမိုမ်ားျပား လာခဲဲ့တာ ျဖစ္ပါတယ္။

အီဗရာက “ကြၽန္ေတာ့္ အျမင္အရဆိုရင္ ဘလြန္းဒီေအာဆုက ေဂ်ာ္ဂ်င္ဟို ဒါမွမဟုတ္ ကန္ေတတို႔အတြက္ပါပဲ၊ မက္ဆီကိုသာ ေပးလိုက္မယ္ဆိုရင္ ကြၽန္ေတာ္ စိတ္ပ်က္မိမွာပဲ။ မႏွစ္က မက္ဆီက ဘာေတြ

အနိုင္ရေအာင္ လုပ္ခဲ့လို႔လဲ၊ ကိုပါအေမရိက ဖလားလား၊ ေကာင္းၿပီေလ၊ ဘာစီလိုနာ နဲ႕ေရာ သူ ဘာေတြလုပ္ျပခဲ့လို႔လဲ” လို႔ ေမးခြန္းထုတ္ကာ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ အာဂ်င္တီးနားနဲ႕ ကိုပါအေမရိကဖလားကို ဆြတ္ခူးခဲ့ေပမယ့္ ဘာစီလိုနာနဲ႕ေတာ့ ကိုပါဒယ္ေရး ဖလားကိုသာ ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္နဲ႕ လာလီဂါမွာ ဘာစီလိုနာမေအာင္ျမင္ခဲ့ဘဲ အေရးနိမ့္ခဲ့ၿပီး

ကိုပါအေမရိကေအာင္ျမင္မႈ တစ္ခုတည္းနဲ႕ မက္ဆီကို ဘလြန္းဒီေအာဆုေပးခဲ့မယ္ဆိုပါက ဆုေ႐ြးခ်ယ္မႈဟာ လူရယ္ခ်င္စရာ ျဖစ္သြားလိမ့္မယ္လို႔ ေဘာလုံးေလာကအတြင္းက နာမည္ေက်ာ္ ပုဂၢိဳလ္ေတြကလည္း ေျပာဆို ထားခဲ့ၾကပါတယ္။