Spots news

ဘလွန်းဒီအော်ဆုကို ဘန်ဇီမာသာ အထိုက်တန်ဆုံးလို့ ထောက်ခံလိုက်တဲ့ ဇီဒန်း

Unicode Version

ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းက ၂၀၂၁ အတွက် ဘလွန်းဒီအော်ဆုကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာကပဲ ရရှိသင့်တယ်လို့ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ဇီဒန်းကိုင်တွယ်ခဲ့တုန်းက ဘန်ဇီမာကလည်း ရော်နယ်ဒိုနည်းတူ ဇီဒန်းအတွက် အားကိုးရတဲ့ ကစားသမားဖြစ်ခဲ့တာပါ။

ဘန်ဇီမာဟာ လက်ရှိအချိန်မှာလည်း ပြင်သစ်လက်ရွေးစင်အတွက် ပြန်လည်အရွေးခံရပြီးနောက်ပိုင်း ကလပ်မှာရော၊ နိုင်ငံအသင်းမှာပါ ခြေစွမ်းပြနေတာကြောင့် ဇီဒန်းက အခုလိုပဲ ဘန်ဇီမာကို ချီးကျူးပြီး ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်ကြောင်းဆိုလာခဲ့ပါတယ်။

ဘန်ဇီမာဟာ ၂၀၂၁ ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင် ကစားသမားအယောက် ၃၀ စာရင်းမှာ ပါဝင်လာခဲ့ပြီး သူကိုယ်တိုင်ကလည်း ဒီဆုကို ဆွတ်ခူးဖို့ ငယ်ငယ်တည်းက အိပ်မက်မက်ခဲ့ရတယ်လို့ ဝန်ခံထားပါတယ်။ ဒီလိုမျိုး ဘန်ဇီမာနဲ့ပတ်သက်လို့ ဇီဒန်းက အခုလိုမျိုး မှတ်ချက်ပေးခဲ့ပါတယ်။

ဇီဒန်းက “ဘန်ဇီမာက ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ ထိုက်တန်ပါတယ်။ သူက အံ့အားသင့်ဖွယ် ကစားသမားဖြစ်ပြီး သူ့ရဲ့နည်းပြတစ်ယောက် ဖြစ်ခဲ့ဖူးတာကိုလည်း ဂုဏ်ယူနေရပါတယ်။ ကွင်းထဲမှာ သူက အရာအားလုံးကို လုပ်ပြနိုင်ပြီး ထိပ်တန်းကစားသမားတစ်ယောက်ပါ။ သူ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဘန်ဇီမာဟာ ပြင်သစ်ရဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ နှစ်ပွဲလုံးမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး နေးရှင်းလိဂ် ဆုဖလားကြီးကို လက်ရွေးစင်အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးဂန္တဝင် ကစားသမားကြီး ရော်နယ်ဒိုကလည်း ဘန်ဇီမာက ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ဆိုထားပါသေးတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္ နည္းျပေဟာင္း ဇီဒန္းက ၂၀၂၁ အတြက္ ဘလြန္းဒီေအာ္ဆုကို ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဘန္ဇီမာကပဲ ရရွိသင့္တယ္လို႔ဆိုပါတယ္။ ရီးရဲလ္မက္ဒရစ္ကို ဇီဒန္းကိုင္တြယ္ခဲ့တုန္းက ဘန္ဇီမာကလည္း ေရာ္နယ္ဒိုနည္းတူ ဇီဒန္းအတြက္ အားကိုးရတဲ့ ကစားသမားျဖစ္ခဲ့တာပါ။

ဘန္ဇီမာဟာ လက္ရွိအခ်ိန္မွာလည္း ျပင္သစ္လက္ေ႐ြးစင္အတြက္ ျပန္လည္အေ႐ြးခံရၿပီးေနာက္ပိုင္း ကလပ္မွာေရာ၊ နိုင္ငံအသင္းမွာပါ ေျခစြမ္းျပေနတာေၾကာင့္ ဇီဒန္းက အခုလိုပဲ ဘန္ဇီမာကို ခ်ီးက်ဴးၿပီး ဘလြန္းဒီေအာ္ဆုနဲ႕ ထိုက္တန္ေၾကာင္းဆိုလာခဲ့ပါတယ္။

ဘန္ဇီမာဟာ ၂၀၂၁ ဘလြန္းဒီေအာ္ဆုအတြက္ ဆန္ခါတင္ ကစားသမားအေယာက္ ၃၀ စာရင္းမွာ ပါဝင္လာခဲ့ၿပီး သူကိုယ္တိုင္ကလည္း ဒီဆုကို ဆြတ္ခူးဖို႔ ငယ္ငယ္တည္းက အိပ္မက္မက္ခဲ့ရတယ္လို႔ ဝန္ခံထားပါတယ္။ ဒီလိုမ်ိဳး ဘန္ဇီမာနဲ႕ပတ္သက္လို႔ ဇီဒန္းက အခုလိုမ်ိဳး မွတ္ခ်က္ေပးခဲ့ပါတယ္။

ဇီဒန္းက “ဘန္ဇီမာက ဘလြန္းဒီေအာ္ဆုကို ဆြတ္ခူးဖို႔ ထိုက္တန္ပါတယ္။ သူက အံ့အားသင့္ဖြယ္ ကစားသမားျဖစ္ၿပီး သူ႕ရဲ႕နည္းျပတစ္ေယာက္ ျဖစ္ခဲ့ဖူးတာကိုလည္း ဂုဏ္ယူေနရပါတယ္။ ကြင္းထဲမွာ သူက အရာအားလုံးကို လုပ္ျပနိုင္ၿပီး ထိပ္တန္းကစားသမားတစ္ေယာက္ပါ။ သူ ဘလြန္းဒီေအာ္ဆုကို ဆြတ္ခူးနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဆိုၿပီး ေျပာၾကားသြားခဲ့ပါတယ္။

ဘန္ဇီမာဟာ ျပင္သစ္ရဲ႕ ေနးရွင္းလိဂ္ဆီမီးဖိုင္နယ္နဲ႕ ဗိုလ္လုပြဲ ႏွစ္ပြဲလုံးမွာလည္း ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေနးရွင္းလိဂ္ ဆုဖလားႀကီးကို လက္ေ႐ြးစင္အသင္းနဲ႕အတူ ဆြတ္ခူးနိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဘရာဇီးဂႏၲဝင္ ကစားသမားႀကီး ေရာ္နယ္ဒိုကလည္း ဘန္ဇီမာက ဘလြန္းဒီေအာ္ဆုနဲ႕ ထိုက္တန္တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကမွ ဆိုထားပါေသးတယ္။