Spots news

နာရီပိုင်းအတွင်း ဘာစီလိုနာ နည်းပြသစ် ဖြစ်လာတော့မယ့် ကွင်းလယ်လူဟောင်းဇာဗီ

Unicode Version

ဘာစီလိုနာဟာ မနေ့ညက ဗယ်လက်ကာနိုကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာက နည်းပြအသစ် ခန့်အပ်တော့မှာဖြစ်ပြီး အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဇာဗီက နည်းပြသစ်ဖြစ်လာဖို့ သေချာသလောက်ရှိနေပါပြီ။

အပြောင်းအရွှေ့မှာ နာမည်ကြီးတဲ့ ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ ဇာဗီအနေနဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး တရားဝင်အတည်ပြုကြေညာဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ရိုမာနိုက “ဘာစီလိုနာက သူတို့ရဲ့နည်းပြသစ်ကို ကြေညာတော့မှာပါ။ အဲ့ဒီလူကတော့ ဇာဗီဖြစ်ပါတယ်”

“ဇာဗီက လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းက အသင်းဥက္ကဌ လာပေါ်တာနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပြီးသားဖြစ်ပါတယ်။ အခုချိန်မှာ ဇာဗီ ကိုင်တွယ်နေတဲ့ ကာတာကလပ် အယ်လ်ဆတ်ဒ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ကိစ္စကို စောင့်ဆိုင်းနေတာပါ”

“လာပေါ်တာကတော့ ဒီနေ့မှာပဲ ဇာဗီကို ဘာစီလိုနာနည်းပြသစ်အဖြစ် ကြေညာပါလိမ့်မယ်” လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ဇာဗီဟာ ဘာစီလိုနာ အကယ်ဒမီ လာမာစီယာထွက်တစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝမှာလည်း ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်၊ လာလီဂါအမှတ်ပေးချန်ပီယံဆု (၈) ကြိမ် အပါအဝင် ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့တာပါ။

ဇာဗီကို အရင်တည်းက ဘာစီလိုနာနည်းပြဖြစ်ဖို့ မျှော်လင့်ခဲ့ကြပြီး အသင်းဘက်ကလည်း ကမ်းလှမ်းခဲ့ပေမယ့် သူကိုယ်တိုင်က အတွေ့အကြုံမပြည့်ဝသေးဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ အဆင်သင့်ဖြစ်နေပြီလို့ဆိုခဲ့ပြီး လက်ရှိအချိန်မှာတော့ ကစားသမားဘဝ ဖြတ်သန်းရာ ဘာစီလိုနာကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာတော့မှာလည်းဖြစ်ပါတယ်

Zawgyi Version

ဘာစီလိုနာဟာ မေန႕ညက ဗယ္လက္ကာနိုကို ၁-၀ ဂိုးနဲ႕ ရႈံးနိမ့္ခဲ့တဲ့ေနာက္ နည္းျပ ေရာ္နယ္ကိုးမန္းကို ထုတ္ပယ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဘာစီလိုနာက နည္းျပအသစ္ ခန့္အပ္ေတာ့မွာျဖစ္ၿပီး အသင္းရဲ႕ ဂႏၲဝင္ကစားသမားေဟာင္း ဇာဗီက နည္းျပသစ္ျဖစ္လာဖို႔ ေသခ်ာသေလာက္ရွိေနပါၿပီ။

အေျပာင္းအေ႐ႊ႕မွာ နာမည္ႀကီးတဲ့ ဂ်ာနယ္လစ္ ဖာဘရီဇီယိုရိုမာနိုရဲ႕ ေျပာၾကားခ်က္အရ ဇာဗီအေနနဲ႕ ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကို လက္ခံလိုက္ၿပီး တရားဝင္အတည္ျပဳေၾကညာဖို႔ပဲ က်န္ေတာ့တယ္လို႔ သိရပါတယ္။ ရိုမာနိုက “ဘာစီလိုနာက သူတို႔ရဲ႕နည္းျပသစ္ကို ေၾကညာေတာ့မွာပါ။ အဲ့ဒီလူကေတာ့ ဇာဗီျဖစ္ပါတယ္”

“ဇာဗီက လြန္ခဲ့တဲ့ရက္အနည္းငယ္တည္းက အသင္းဥကၠဌ လာေပၚတာနဲ႕ ေဆြးေႏြးမႈေတြရွိခဲ့ၿပီး ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကို လက္ခံထားၿပီးသားျဖစ္ပါတယ္။ အခုခ်ိန္မွာ ဇာဗီ ကိုင္တြယ္ေနတဲ့ ကာတာကလပ္ အယ္လ္ဆတ္ဒ္နဲ႕ စာခ်ဳပ္ဖ်က္သိမ္းဖို႔ကိစၥကို ေစာင့္ဆိုင္းေနတာပါ”

“လာေပၚတာကေတာ့ ဒီေန႕မွာပဲ ဇာဗီကို ဘာစီလိုနာနည္းျပသစ္အျဖစ္ ေၾကညာပါလိမ့္မယ္” လို႔ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။ ဇာဗီဟာ ဘာစီလိုနာ အကယ္ဒမီ လာမာစီယာထြက္တစ္ေယာက္ျဖစ္ခဲ့ၿပီး သူ႕ရဲ႕ ကစားသမားဘဝမွာလည္း ဘာစီလိုနာနဲ႕အတူ ခ်န္ပီယံလိဂ္ဖလား (၄) ႀကိမ္၊ လာလီဂါအမွတ္ေပးခ်န္ပီယံဆု (၈) ႀကိမ္ အပါအဝင္ ဆုဖလားေပါင္းမ်ားစြာ ဆြတ္ခူးနိုင္ခဲ့တာပါ။

ဇာဗီကို အရင္တည္းက ဘာစီလိုနာနည္းျပျဖစ္ဖို႔ ေမွ်ာ္လင့္ခဲ့ၾကၿပီး အသင္းဘက္ကလည္း ကမ္းလွမ္းခဲ့ေပမယ့္ သူကိုယ္တိုင္က အေတြ႕အႀကဳံမျပည့္ဝေသးဘူးလို႔ ျငင္းဆန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာေတာ့ ဘာစီလိုနာကို ကိုင္တြယ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ဆိုခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ကစားသမားဘဝ ျဖတ္သန္းရာ ဘာစီလိုနာကို နည္းျပအျဖစ္ ျပန္လည္ေရာက္ရွိလာေတာ့မွာလည္းျဖစ္ပါတယ္