Spots news

ဘလွန်း‌ဒီအောဆုကို လီဝန်ဒေါစကီး ရရှိမှာဖြစ်ကြောင်း သတင်းပေါက်ကြား

Unicode Version

၂၀၂၁ Ballon d’Or ဆုအတွက် နောက်ဆုံးရပ်တည်မှုစာရင်းစာရွက် အွန်လိုင်းမှာ ပေါက်ကြားခဲ့ပြီး ပေါက်ကြားမှုအရ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဆုရရှိရန် ရေပန်းစားနေတဲ့ PSG တိုက်စစ်မှူး မက်ဆီကို ကျော်ကာ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ကြောင်း သိရှိရပါတယ်။

အွန်လိုင်းမှာ ပေါက်ကြားခဲ့တဲ့ ၂၀၂၁ Ballon d’Or ဆု နောက်ဆုံးရပ်တည်မှု စာရင်းစာရွက်မှာ Ballon d’Or ဆုကို ချီးမြှင့်ပေးနေတဲ့ France Football ရဲ့စာရွက်ဟု ယူဆရပြီး အောက်တိုဘာ ၂၅ ရက် ရက်စွဲဖြင့် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်

အကယ်၍ လက်ရှိထွက်ပေါ်နေတဲ့ စာရွက်သာ အမှန်ဆိုပါက ဘိုင်ယန်မြူးနစ်ဝါရင့် တိုက်စစ်မှူး လီဝန်ဒေါစကီး အနေဖြင့် Ballon d’Or ဆုကို ပထမဆုံးအကြိမ် ရရှိမှာ ဖြစ်ပါတယ်။ ရပ်တည်မှုအရ လီဝန်ဒေါစကီးဟာ ၆၂၇ မှတ်ဖြင့် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ဆုရရန် ရေပန်းစားနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီမှာ ဒုတိယနေရာတွင် ရပ်တည်ခဲ့ပါတယ်။

မက်ဆီရဲ့ နောက်မှာ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာ၊ လီဗာပူး တိုက်စစ်မှူး ဆာလတ်နှင့် ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ အဆင့် ၃ မှ အဆင့် ၅ အတွင်း အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။ မန်ယူနိုက်တက် ၀ါရင့်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၁ Ballon d’Or ဆုကို လီဝန်ဒေါစကီး ရရှိခြင်းအတွက် ပရိသတ်အချို့က ဝမ်းသာကြောင်း ဆိုခဲ့ကြသလို၊ အချို့ကမူ ယခုပေါက်ကြားခဲ့သည့်စာရွက်မှာ အတုဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ Ballon d’Or ဆုစာရင်း ပေါက်ကြားမှုမှာ ရီးရဲလ်ကွင်းလယ်လူ မိုဒရစ် ဆုရရှိခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း ဖြစ်ပွားခဲ့ပြီး

နောက်ဆုံးစာရင်းရပ်တည်မှုမှာ စာရင်းပေါက်ကြားခဲ့သည်နှင့် တစ်ထပ်တည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ Ballon d’Or ဆုကို လာမည့် နိုဝင်ဘာလ ၂၉ ရက်မှာ ပါရီမြို့မှာ ချီးမြှင့်မှာဖြစ်ပြီး လက်ရှိမှာ PSG တိုက်စစ်မှူး မက်ဆီက ဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Zawgyi Version

၂၀၂၁ Ballon d’Or ဆုအတြက္ ေနာက္ဆုံးရပ္တည္မႈစာရင္းစာ႐ြက္ အြန္လိုင္းမွာ ေပါက္ၾကားခဲ့ၿပီး ေပါက္ၾကားမႈအရ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးဟာ ဆုရရွိရန္ ေရပန္းစားေနတဲ့ PSG တိုက္စစ္မႉး မက္ဆီကို ေက်ာ္ကာ ထိပ္ဆုံးတြင္ ရပ္တည္ခဲ့ေၾကာင္း သိရွိရပါတယ္။

အြန္လိုင္းမွာ ေပါက္ၾကားခဲ့တဲ့ ၂၀၂၁ Ballon d’Or ဆု ေနာက္ဆုံးရပ္တည္မႈ စာရင္းစာ႐ြက္မွာ Ballon d’Or ဆုကို ခ်ီးျမႇင့္ေပးေနတဲ့ France Football ရဲ႕စာ႐ြက္ဟု ယူဆရၿပီး ေအာက္တိုဘာ ၂၅ ရက္ ရက္စြဲျဖင့္ ထြက္ေပၚလာျခင္း ျဖစ္ပါတယ္

အကယ္၍ လက္ရွိထြက္ေပၚေနတဲ့ စာ႐ြက္သာ အမွန္ဆိုပါက ဘိုင္ယန္ျမဴးနစ္ဝါရင့္ တိုက္စစ္မႉး လီဝန္ေဒါစကီး အေနျဖင့္ Ballon d’Or ဆုကို ပထမဆုံးအႀကိမ္ ရရွိမွာ ျဖစ္ပါတယ္။ ရပ္တည္မႈအရ လီဝန္ေဒါစကီးဟာ ၆၂၇ မွတ္ျဖင့္ ထိပ္ဆုံးမွာ ရပ္တည္ခဲ့ၿပီး ဆုရရန္ ေရပန္းစားေနတဲ့ အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီမွာ ဒုတိယေနရာတြင္ ရပ္တည္ခဲ့ပါတယ္။

မက္ဆီရဲ႕ ေနာက္မွာ ရီးရဲလ္တိုက္စစ္မႉး ဘန္ဇီမာ၊ လီဗာပူး တိုက္စစ္မႉး ဆာလတ္ႏွင့္ ခ်ယ္လ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုတို႔ အဆင့္ ၃ မွ အဆင့္ ၅ အတြင္း အစဥ္လိုက္ ရပ္တည္ခဲ့ပါတယ္။ မန္ယူနိုက္တက္ ၀ါရင့္တိုက္စစ္မႉး ေရာ္နယ္ဒိုကေတာ့ အဆင့္ ၉ ေနရာမွာ ရပ္တည္ခဲ့ေၾကာင္း သိရပါတယ္။

၂၀၂၁ Ballon d’Or ဆုကို လီဝန္ေဒါစကီး ရရွိျခင္းအတြက္ ပရိသတ္အခ်ိဳ႕က ဝမ္းသာေၾကာင္း ဆိုခဲ့ၾကသလို၊ အခ်ိဳ႕ကမူ ယခုေပါက္ၾကားခဲ့သည့္စာ႐ြက္မွာ အတုျဖစ္နိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ Ballon d’Or ဆုစာရင္း ေပါက္ၾကားမႈမွာ ရီးရဲလ္ကြင္းလယ္လူ မိုဒရစ္ ဆုရရွိခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းကလည္း ျဖစ္ပြားခဲ့ၿပီး

ေနာက္ဆုံးစာရင္းရပ္တည္မႈမွာ စာရင္းေပါက္ၾကားခဲ့သည္ႏွင့္ တစ္ထပ္တည္း ျဖစ္ခဲ့ပါတယ္။ ၂၀၂၁ Ballon d’Or ဆုကို လာမည့္ နိုဝင္ဘာလ ၂၉ ရက္မွာ ပါရီၿမိဳ႕မွာ ခ်ီးျမႇင့္မွာျဖစ္ၿပီး လက္ရွိမွာ PSG တိုက္စစ္မႉး မက္ဆီက ဆုရရွိရန္ ေရပန္းအစားဆုံး ျဖစ္ေနပါတယ္။