Spots news

ဆိုလ်းရှားရဲ့ ဘရူနို ဖာနန်ဒက်စ် နဲ့ မက်ဂွိူင်းယား တို့ မပါတော့တဲ့ ပွဲထွက်လူစာရင်း

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝက်ဖိုဒ့် အသင်း နဲ ယှဉ်ပြိုင် မည့် Fa cup တတိယ အဆင့် မှာ ပုံမှန် ပွဲထွက် ခွင့် ရနေတဲ့ လူစာရင်း ရဲ့ အားလုံး နီးပါးကို အပြောင်း အလဲ လုပ် လာမှာပဲ ဖြစ်ပါတယ် ။

ဂိုးသမား နေရာ အတွက် ကတော့ လူငယ် ဂိုးသမား ဟန်ဒါဆန် ပွဲ ထွက် လာဖို့ ရာနှုန်း ပြည့် သေချာ သလောက်ပါ။

ယူနိုက်တက် နည်းပြ အိုလေ ဂန်နား ဆိုလ်းရှားကတော့ မန် ချက်စတာ စီးတီး ကို ၀-၂ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် ရဲ့ လူထွက် လူစားရင်းကို အပြောင်း အလဲ ပြုလုပ်ပီး ထွက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်တန်း လေးယောက် မှာ အသင်း ခေါင်းဆောင် မက်ဂွိုင်းယား ပါဝင် လာဖွယ် မရှိပဲ တဲလက်စ် ၊ ဝီလျံ ၊ တွမ်ဇီဘီ နဲ့ ဘိုင်လီ တို့ကို အသုံး ပြု လာ ဖွယ်‌ရှိ နေ ပါတယ်။

နည်းပြ ဆိုလ်းရှား အနေနဲ့ ကွင်းလယ် လူ ဗန်ဒီဘိခ် ပါဝင် လာမယ် လို့ ရာနှုန်း ပြည့် အာမ ခံသွား ခဲ့ ပါတယ်။

ဗန်ဒီ ဘိခ် ရဲ့ အနာဂတ် အတွက် ယူနိုက်တက် မှာ နေရာ အခိုင်အမာ ရှိ ‌နေပြီး ဗန်ဒီဘိခ် ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်း သွား မည် ဖြစ်ကြောင်း ပြော ကြား ခဲ့ပါတယ်။

ပွဲပန်း နေပြီ ဖြစ်တဲ့ မားကပ် ရပ်ရှ်ဖို့ ၊ ဘရူနို ဖာနန်ဒက်စ် တို့ကို အနားပေး လာ ဖွယ်လဲ ရှိနေပါတယ်။

တိုက်စစ်မှူး ကာဗာနီ အတွက် တော့ သူ့ရဲ့ နောက်ဆုံး ပွဲပယ် ပြစ်ဒဏ် ဖြစ်ပါတယ်။ ကာဗာနီ ဟာ ပွဲပယ် ပြစ်ဒဏ် ကျရောက် ခဲ့ပေမယ့် အသင်းရဲ့ လေ့ကျင့် ရေး အစီအစဉ် တွေကို တစ်ရက်မှ ပျက်ကွက် ခြင်း မရှိ ခဲ့တာကြောင့် နည်းပြ ဆိုလ်းရှား ရဲ့ ချီးကျူး ခြင်းကို ခံခဲ့ ရပါသေးတယ်။

အသင်းရဲ့ လူငယ် ကစားသမား သစ် ပယ်လီစထရီ အတွက်ကတော့ ကံဆိုး ခဲ့တဲ့ ရက် သတ္တပတ် ဖြစ်ခဲ့ပါတယ်။

လူငယ် ကစားသမား ကို ဝက်ဖို့ဒ် နဲ့ ပွဲစဉ်မှာ အသုံးပြုဖို့ နည်းပြ ဆိုးလ်ရှားက လျာထား ခဲ့ ပေမယ့် ကိုဗစ် positive ဖြစ်ခဲ့တာ ကြောင့် ပါဝင် ခွင့် မရရှိ တော့ပါဘူး။

ထို့ အတူ စီနီယာ ကစားသမား များ ဖြစ်ပြီး ပွဲထွက် ခွင့် ပုံမှန် မရရှိ နေသေးတဲ့ မာတာ ၊ လင်ဂတ် တို့ နဲ့ လူငယ် ကစားသမားတွေကို တွဲဖက်၍ အသုံးပြု လာဖွယ် ရှိပြီး တိုက်စစ်မှူး အီဂါလို ကို ယနေ့ ည ပွဲစဉ်မှာ ပြန်လည် မြင်တွေ့ ရမည် ဖြစ်ကြောင်း နည်းပြ ဆိုလ်းရှားက ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်း ပွဲမှာ ဖြေကြား သွားခဲ့ ပါတယ်။