Spots news

မန်ယူကစားသမားများ စိတ်ဓာတ် နဲ့ ကစားပုံကို ပြင်ကြဖို့ ဝိန်းရွန်းနေ သတိပေး

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဝိန်းရွန်းနေကတော့ အသင်း ဟောင်းရဲ့ လက်ရှိအခြေအနေကို အပြစ်တင်ဝေဖန်လိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ရခုနှစ်ဘောလုံးရာသီမှာ ရလဒ်များ ဆိုးရွားနေပြီး မကြာသေးမီက ခါးသီးပြိုင်ဘက် လီဗာပူးကို အိမ်ကွင်း အိုးထရတ်ဖို့ဒ်မှာ ၅ ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ဝေဖန်မှု များ ဆက်တိုက်ခံနေရတာပါ။

လက်ရှိအချိန်မှာ နည်းပြဆိုးလ်ရှား အပြင် အသင်းရဲ့ ကစားသများများမှာလဲ ဖိအားများလျက်ရှိပြီး အသင်းရဲ့ အဝတ်လဲ ခန်းအတွင်း စိတ်ဝမ်းကွဲမှု များရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ဝိန်းရွန်းနေကတော့ ကစားသမားများအနေနဲ့ နည်းပြ တစ်ဦးတည်းကိုပဲ အပြစ်ပုံမချပဲ ကိုယ့်အခြေအနေကိုလဲ သုံးသပ်ဖို့ သတိပေးလိုက်ပါတယ်။

ရွန်းနေက “ ယူနိုက်တက် ကစားသမားတွေဆိုတာ ကိုယ့်ခြေစွမ်းကိုကိုယ် အမြဲသုံးသပ်ပြီး၊
ကိုယ့်ကိုယ်ကို အမြဲမေးခွန်းထုတ် နေရပါမယ်။ ခြေစွမ်းပြ ကစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ငွေတွေအများကြီးသုံး၊ လစာတွေ အများကြီးပေးပြီး ခေါ်ထားတဲ့ ကစားသမားတွေ ကောင်းကောင်းမကစားနိုင်တဲ့

အခါမျိုးမှာ မန်နေဂျာကို ခေါင်းခံစေပြီး အပြစ်တွေအကုန် သူ့အပေါ် ပုံချလိုက်ဖို့ဆိုတာ လွယ်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေကလည်း ကွင်းထဲမှာ တစ်ဦးချင်းအနေနဲ့ လုံလုံလောက်လောက် ကောင်းကောင်း ကစားထားနိုင်ကြတယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။

ကမ္ဘာ့အဆင့် ကစားသမားတွေအတွက် ပုခုံးပေါ်တာဝန်က ကြီးပါတယ်။ ဒါပေမဲ့ သူတို့က ကမ္ဘာ့အဆင့်တွေပါ။ သူတို့ကနိုင်ငံတကာမှာ ကစားနိုင်တဲ့ခြေစွမ်းနဲ့ ပရော်ဖက်ရှင်နယ် တွေပါ။ မန်ချက်စတာ ယူနိုက်တက်မှာ ကမ္ဘာ့အဆင့် ခြေစွမ်းရှိတဲ့ကစားသမားတွေ အခုထက်ပိုလို နေပါသေးတယ်။

ပြီးတော့ခေါ်လိုက်တဲ့ အဲဒီ့ကမ္ဘာ့အဆင့်ကစားသမားတွေက အသင်းရှုံးတဲ့အခါ နာနာကျင်ကျင် ခံစားတတ်တဲ့ ကစားသမားမျိုးဖြစ်ဖို့လည်း လိုပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ ကစားရပြီ ဆိုရင် တောင်းဆိုမှုတွေ ၊ဖိအားတွေ တအားများပါလိမ့်မယ်။

ကျွန်တော် မြင်နေရတာတော့ လက်ရှိကစားသမားတွေမှာ နောက်ကိုပြန်မဆင်းချင်တဲ့သူနဲ့၊ ခံစစ်မှာကူဖို့ စိတ်မဝင်စားတဲ့သူနဲ့၊ ကိုယ့်မှာရှိသလောက် ပုံအောပြီး ကြိုးစားလိုက်ကန်မယ့် စိတ်မျိုးမရှိတဲ့သူတွေဘဲ တွေ့နေရပါတယ်။ ဒါမျိုးတွေက လက်မခံနိုင်စရာပါဘဲ။” ဟု ဝေဖန်လိုက်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ဂႏၲဝင္ကစားသမားႀကီး ဝိန္း႐ြန္းေနကေတာ့ အသင္း ေဟာင္းရဲ႕ လက္ရွိအေျခအေနကို အျပစ္တင္ေဝဖန္လိုက္ပါတယ္။ ယူနိုက္တက္အသင္းဟာ ရခုႏွစ္ေဘာလုံးရာသီမွာ ရလဒ္မ်ား ဆိုး႐ြားေနၿပီး မၾကာေသးမီက ခါးသီးၿပိဳင္ဘက္ လီဗာပူးကို အိမ္ကြင္း အိုးထရတ္ဖို႔ဒ္မွာ ၅ ဂိုးျပတ္ ရႈံးနိမ့္ၿပီးေနာက္ ေဝဖန္မႈ မ်ား ဆက္တိုက္ခံေနရတာပါ။

လက္ရွိအခ်ိန္မွာ နည္းျပဆိုးလ္ရွား အျပင္ အသင္းရဲ႕ ကစားသမ်ားမ်ားမွာလဲ ဖိအားမ်ားလ်က္ရွိၿပီး အသင္းရဲ႕ အဝတ္လဲ ခန္းအတြင္း စိတ္ဝမ္းကြဲမႈ မ်ားရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ ဝိန္း႐ြန္းေနကေတာ့ ကစားသမားမ်ားအေနနဲ႕ နည္းျပ တစ္ဦးတည္းကိုပဲ အျပစ္ပုံမခ်ပဲ ကိုယ့္အေျခအေနကိုလဲ သုံးသပ္ဖို႔ သတိေပးလိုက္ပါတယ္။

႐ြန္းေနက “ ယူနိုက္တက္ ကစားသမားေတြဆိုတာ ကိုယ့္ေျခစြမ္းကိုကိုယ္ အၿမဲသုံးသပ္ၿပီး၊
ကိုယ့္ကိုယ္ကို အၿမဲေမးခြန္းထုတ္ ေနရပါမယ္။ ေျခစြမ္းျပ ကစားဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႕ေငြေတြအမ်ားႀကီးသုံး၊ လစာေတြ အမ်ားႀကီးေပးၿပီး ေခၚထားတဲ့ ကစားသမားေတြ ေကာင္းေကာင္းမကစားနိုင္တဲ့

အခါမ်ိဳးမွာ မန္ေနဂ်ာကို ေခါင္းခံေစၿပီး အျပစ္ေတြအကုန္ သူ႕အေပၚ ပုံခ်လိဳက္ဖို႔ဆိုတာ လြယ္ပါတယ္။ ဒါေပမဲ့ ကစားသမားေတြကလည္း ကြင္းထဲမွာ တစ္ဦးခ်င္းအေနနဲ႕ လုံလုံေလာက္ေလာက္ ေကာင္းေကာင္း ကစားထားနိုင္ၾကတယ္လို႔ ကြၽန္ေတာ္ကေတာ့ မထင္ပါဘူး။

ကမာၻ႔အဆင့္ ကစားသမားေတြအတြက္ ပုခုံးေပၚတာဝန္က ႀကီးပါတယ္။ ဒါေပမဲ့ သူတို႔က ကမာၻ႔အဆင့္ေတြပါ။ သူတို႔ကနိုင္ငံတကာမွာ ကစားနိုင္တဲ့ေျခစြမ္းနဲ႕ ပေရာ္ဖက္ရွင္နယ္ ေတြပါ။ မန္ခ်က္စတာ ယူနိုက္တက္မွာ ကမာၻ႔အဆင့္ ေျခစြမ္းရွိတဲ့ကစားသမားေတြ အခုထက္ပိုလို ေနပါေသးတယ္။

ၿပီးေတာ့ေခၚလိုက္တဲ့ အဲဒီ့ကမာၻ႔အဆင့္ကစားသမားေတြက အသင္းရႈံးတဲ့အခါ နာနာက်င္က်င္ ခံစားတတ္တဲ့ ကစားသမားမ်ိဳးျဖစ္ဖို႔လည္း လိုပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္မွာ ကစားရၿပီ ဆိုရင္ ေတာင္းဆိုမႈေတြ ၊ဖိအားေတြ တအားမ်ားပါလိမ့္မယ္။

ကြၽန္ေတာ္ ျမင္ေနရတာေတာ့ လက္ရွိကစားသမားေတြမွာ ေနာက္ကိုျပန္မဆင္းခ်င္တဲ့သူနဲ႕၊ ခံစစ္မွာကူဖို႔ စိတ္မဝင္စားတဲ့သူနဲ႕၊ ကိုယ့္မွာရွိသေလာက္ ပုံေအာၿပီး ႀကိဳးစားလိုက္ကန္မယ့္ စိတ္မ်ိဳးမရွိတဲ့သူေတြဘဲ ေတြ႕ေနရပါတယ္။ ဒါမ်ိဳးေတြက လက္မခံနိုင္စရာပါဘဲ။” ဟု ေဝဖန္လိုက္ပါတယ္။