Spots news

ရွိုင်းအိုလာကို အေဂျင့်ခန့် ချင်နေတဲ့ ဗန်ဒီဘိခ် အပါအဝင် သတင်းတိုများ

Unicode Version

လာမယ့်နွေမှာ စာချုပ်သက်တမ်းပြည့်တော့မယ် ပေါ့ဘာကို မန်ယူနိုက်တက်အသင်းက သက်တမ်းတိုးဖို့ လုပ်ဆောင်နေကြပေမယ့် လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ အနာဂတ်ကို အသင်းဖက်က တိတိကျကျ မထုတ်ပြန်ခဲ့သေးတဲ့အချိန်မှာ

ပေါ့ဘာရဲ့ အေဂျင့် ရွိုင်းအိုလာကလည်း စာချုပ်ကိစ္စဆွေးနွေးမှုကို ရပ်တန့်လိုက်ပါတယ်။ အခြေအနေအရတော့ ဆိုးလ်ရှားမထွက်(မထုတ်ပယ်)ခဲ့ပါက ပေါ့ဘာအနေနဲ့ သက်တမ်းတိုးမှာမဟုတ်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းမယ်လို့ ယူဆရပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ မတည်ငြိမ်မှုတွေနောက်မှာ နည်းပြသစ်ပစ်မှတ်များ ဖော်ပြခဲ့ရာမှာတော့ လက်ရှိပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုလည်း ပါဝင်နေဆဲဖြစ်ပါတယ်။ အဲဒီစာရင်းမှာ ရီးရဲလ်နည်းပြဟောင်း ဇီဒန်း၊ ချယ်ဆီးနည်းပြဟောင်း ကွန်တီ၊ လက်စတာစီးတီးနည်းပြ ရော်ဂျာ၊ အေဂျက်နည်းပြ အဲရစ်တန်ဟက်ဂ် တို့လည်း ပါဝင်ပါတယ်။

အဂ်လန်အသင်းနဲ့ စပါးကွင်းလယ်လူ ဒယ်လီအယ်လီဟာ ဘန်လေနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲ လူစာရင်းမှာ မပါဝင်ခဲ့ပဲ စပါးအသင်းမှာ အဆင်မပြေဖြစ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး

လာမယ့် အပြောင်းအရွှေ့မှာ ထွက်ခွာနိုင်ချေရှိနေပါတယ်။ အင်တာမီလန်အသင်းက စိတ်ဝင်စားလျက်ရှိပြီး အဲရစ်ဆင်လိုပဲ အပြောင်းအရွှေ့ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဒွန်နီဗန်ဒီဘိခ် ဟာ သူ့ရဲ့ ကိုယ်စားလှယ်အေဂျင့်အဖြစ် လုပ်ကိုင်ရန် မီနိုရွိုင်းအိုလာကို ကမ်းလှမ်းခဲ့ပေမယ့် ရွိုင်းအိုလာက ပယ်ချခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ယခုနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေပါတယ်။

လာမယ့် အပြောင်းအရွှေ့မှာ ရီးရဲယ်မက်ဒရစ်အသင်းကနေ သေချာပေါက်ထွက်ခွာတော့မယ် ဘရာဇီးလ်နောက်ခံလူ မာဆယ်လိုဟာ သူ့အနေနဲ့ ဥရောပမှာပဲ ဆက်လက်ကစားလိုပြီး အီတလီ ဒါမှမဟုတ် အဂ်လန်မှာ

ကစားချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ဆက်သွယ်ထားတဲ့အသင်းမရှိသေးပဲ စိတ်ဝင်စားတဲ့အသင်းများအနေနဲ့ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာဖြစ်ပါတယ်။

Zawgyi Version

လာမယ့္ေႏြမွာ စာခ်ဳပ္သက္တမ္းျပည့္ေတာ့မယ္ ေပါ့ဘာကို မန္ယူနိုက္တက္အသင္းက သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနၾကေပမယ့္ လီဗာပူးကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဆိုးလ္ရွားရဲ႕ အနာဂတ္ကို အသင္းဖက္က တိတိက်က် မထုတ္ျပန္ခဲ့ေသးတဲ့အခ်ိန္မွာ

ေပါ့ဘာရဲ႕ ေအဂ်င့္ ႐ြိုင္းအိုလာကလည္း စာခ်ဳပ္ကိစၥေဆြးေႏြးမႈကို ရပ္တန့္လိုက္ပါတယ္။ အေျခအေနအရေတာ့ ဆိုးလ္ရွားမထြက္(မထုတ္ပယ္)ခဲ့ပါက ေပါ့ဘာအေနနဲ႕ သက္တမ္းတိုးမွာမဟုတ္ပဲ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ အသင္းေျပာင္းမယ္လို႔ ယူဆရပါတယ္။

မန္ယူနိုက္တက္အသင္းရဲ႕ မတည္ၿငိမ္မႈေတြေနာက္မွာ နည္းျပသစ္ပစ္မွတ္မ်ား ေဖာ္ျပခဲ့ရာမွာေတာ့ လက္ရွိပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီနိုလည္း ပါဝင္ေနဆဲျဖစ္ပါတယ္။ အဲဒီစာရင္းမွာ ရီးရဲလ္နည္းျပေဟာင္း ဇီဒန္း၊ ခ်ယ္ဆီးနည္းျပေဟာင္း ကြန္တီ၊ လက္စတာစီးတီးနည္းျပ ေရာ္ဂ်ာ၊ ေအဂ်က္နည္းျပ အဲရစ္တန္ဟက္ဂ္ တို႔လည္း ပါဝင္ပါတယ္။

အဂ္လန္အသင္းနဲ႕ စပါးကြင္းလယ္လူ ဒယ္လီအယ္လီဟာ ဘန္ေလနဲ႕ ကစားခဲ့တဲ့ ကာရာေဘာင္ဖလားပြဲ လူစာရင္းမွာ မပါဝင္ခဲ့ပဲ စပါးအသင္းမွာ အဆင္မေျပျဖစ္ေနတယ္လို႔ သတင္းထြက္ေပၚလာခဲ့ၿပီး

လာမယ့္ အေျပာင္းအေ႐ႊ႕မွာ ထြက္ခြာနိုင္ေခ်ရွိေနပါတယ္။ အင္တာမီလန္အသင္းက စိတ္ဝင္စားလ်က္ရွိၿပီး အဲရစ္ဆင္လိုပဲ အေျပာင္းအေ႐ႊ႕ျဖစ္လာမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မန္ယူနိုက္တက္အသင္းမွာ အဆင္မေျပျဖစ္ေနတဲ့ ဒြန္နီဗန္ဒီဘိခ္ ဟာ သူ႕ရဲ႕ ကိုယ္စားလွယ္ေအဂ်င့္အျဖစ္ လုပ္ကိုင္ရန္ မီနို႐ြိုင္းအိုလာကို ကမ္းလွမ္းခဲ့ေပမယ့္ ႐ြိုင္းအိုလာက ပယ္ခ်ခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး ယခုေႏြရာသီမွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။

လာမယ့္ အေျပာင္းအေ႐ႊ႕မွာ ရီးရဲယ္မက္ဒရစ္အသင္းကေန ေသခ်ာေပါက္ထြက္ခြာေတာ့မယ္ ဘရာဇီးလ္ေနာက္ခံလူ မာဆယ္လိုဟာ သူ႕အေနနဲ႕ ဥေရာပမွာပဲ ဆက္လက္ကစားလိုၿပီး အီတလီ ဒါမွမဟုတ္ အဂ္လန္မွာ

ကစားခ်င္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း လက္ရွိအခ်ိန္ထိ ဆက္သြယ္ထားတဲ့အသင္းမရွိေသးပဲ စိတ္ဝင္စားတဲ့အသင္းမ်ားအေနနဲ႕ ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူခြင့္ရမွာျဖစ္ပါတယ္။