Spots news

ဟာဇက်ကို ပရီးမီးယားလိဂ်ကို ပြန်ခေါ်ဖို့ ပြင်ဆင်နေတဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်

Unicode Version

ဟာဇက်ကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ စိတ်ဝင်စားလျက်ရှိနေပြီး ဟာဇက်ရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ပိုင်ရှင် အပြောင်းအလဲ ပြုလုပ်ထားတဲ့ နယူးကာဆယ် အသင်းတို့က စိတ်ဝင်စားနေတယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီး အသင်းကနေ ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့ကြေး ယူရို ၁၄၆ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဟာဇက်ဟာ အသင်းနဲ့ ၂ နှစ်အထိ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ဒဏ်ရာပြသာနာများစွာနဲ့ ရုန်းကန်နေရခဲ့ပြီး ၂ ရာသီအတွင်းမှာ အသင်းအတွက် သွင်းဂိုးပေါင်း ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ ရပါတယ်။

ဟာဇက်ဟာ ကြွက်သားဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရတဲ့ အယ်ကလက်စီကို ဒါဘီပွဲမှာ အသင်းရဲ့ အရန်စာရင်းမှာ ပါဝင်လာခဲ့ရပေမယ့် ပွဲပြီးဆုံးချိန်ထိ လုံးဝ ပါဝင်ရခြင်း မရှိသလို အိုဆာဆူနာနဲ့ပွဲမှာလည်း မိနစ်ပေါင်း ၂၁ မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။

ဒီလို ပွဲထွက်ကစားရဖို့နဲ့ လာလီဂါမှာ အံ့ဝင်နိုင်အောင် ရုန်းကန်နေရတဲ့ ဟာဇက်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတွေကနေ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းဘက် ကနေလည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အဓိကပစ်မှတ်ဖြစ်သူ ကီလီယန်အမ်ဘာပေကို ခေါ်ယူသွားဖို့ ချိန်ရွှယ်လျက်ရှိနေပြီး ဘာပေကိုသာ ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ဟာဇက်ရဲ့ ရီးရဲလ် ကစားသမားဘဝ အနာဂတ်က သေချာပေါက်ကို အဆင်မပြေနိုင်တော့မှာဖြစ်လို့

အသင်းနဲ့ စာချုပ်သက်တမ်း အသင့်တင့် ကျန်ရှိနေသေးပေမယ့် အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေရပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ၇ နှစ်နီးပါး ကျင်လည်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ၂ ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Zawgyi Version

ဟာဇက္ကို လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ ေစ်းကြက္အတြင္းမွာ ေခၚယူသြားဖို႔အတြက္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြ စိတ္ဝင္စားလ်က္ရွိေနၿပီး ဟာဇက္ရဲ႕ အသင္းေဟာင္း ခ်ယ္လ္ဆီးအသင္းနဲ႕ ပိုင္ရွင္ အေျပာင္းအလဲ ျပဳလုပ္ထားတဲ့ နယူးကာဆယ္ အသင္းတို႔က စိတ္ဝင္စားေနတယ္လို႔ ESPN သတင္းမီဒီယာကေန ေဖာ္ျပလာခဲ့ပါတယ္။

ဟာဇက္ဟာ ၂၀၁၉ခုႏွစ္ကမွ ခ်ယ္လ္ဆီး အသင္းကေန ရီးရဲလ္မက္ဒရစ္ဆီကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၄၆ သန္းနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဟာဇက္ဟာ အသင္းနဲ႕ ၂ ႏွစ္အထိ ျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္မွာ ဒဏ္ရာျပသာနာမ်ားစြာနဲ႕ ႐ုန္းကန္ေနရခဲ့ၿပီး ၂ ရာသီအတြင္းမွာ အသင္းအတြက္ သြင္းဂိုးေပါင္း ၅ ဂိုးသာ သြင္းယူနိုင္ခဲ့ ရပါတယ္။

ဟာဇက္ဟာ ႂကြက္သားဒဏ္ရာကေန ျပန္လည္သက္သာလာၿပီး ဘာစီလိုနာအသင္းနဲ႕ ရင္ဆိုင္ရတဲ့ အယ္ကလက္စီကို ဒါဘီပြဲမွာ အသင္းရဲ႕ အရန္စာရင္းမွာ ပါဝင္လာခဲ့ရေပမယ့္ ပြဲၿပီးဆုံးခ်ိန္ထိ လုံးဝ ပါဝင္ရျခင္း မရွိသလို အိုဆာဆူနာနဲ႕ပြဲမွာလည္း မိနစ္ေပါင္း ၂၁ မိနစ္သာ ကစားခြင့္ရခဲ့ပါတယ္။

ဒီလို ပြဲထြက္ကစားရဖို႔နဲ႕ လာလီဂါမွာ အံ့ဝင္နိုင္ေအာင္ ႐ုန္းကန္ေနရတဲ့ ဟာဇက္ကို ပရီးမီးယားလိဂ္ ကလပ္အသင္းေတြျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႕ နယူးကာဆယ္အသင္းေတြကေန လာမယ့္ ေဆာင္းေစ်းကြက္အတြင္းမွာပဲ ေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ရီးရဲလ္အသင္းဘက္ ကေနလည္း အသင္းရဲ႕ တိုက္စစ္ပိုင္းအတြက္ အဓိကပစ္မွတ္ျဖစ္သူ ကီလီယန္အမ္ဘာေပကို ေခၚယူသြားဖို႔ ခ်ိန္႐ႊယ္လ်က္ရွိေနၿပီး ဘာေပကိုသာ ေခၚယူျဖစ္ခဲ့မယ္ဆိုရင္ ဟာဇက္ရဲ႕ ရီးရဲလ္ ကစားသမားဘဝ အနာဂတ္က ေသခ်ာေပါက္ကို အဆင္မေျပနိုင္ေတာ့မွာျဖစ္လို႔

အသင္းနဲ႕ စာခ်ဳပ္သက္တမ္း အသင့္တင့္ က်န္ရွိေနေသးေပမယ့္ အသင္းနဲ႕ လက္တြဲျဖဳတ္ဖြယ္ ရွိေနရပါတယ္။ ဟာဇက္ဟာ ခ်ယ္လ္ဆီးအသင္းနဲ႕အတူ ပရီးမီးယားလိဂ္မွာ ၇ ႏွစ္နီးပါး က်င္လည္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကိုပါ ၂ ႀကိမ္ ပိုင္ဆိုင္နိုင္ခဲ့ပါတယ္။