Spots news

အသင်းသစ်မှာ စံချိန်ဆိုး ကိုယ်စီ ပိုင်ဆိုင်နေကြပြီဖြစ်တဲ့ တချိန်က အကောင်းဆုံးနှစ်ဦး

Unicode Version

ဘောလုံးလောကကို ဆယ်စုနှစ် တစ်ခုကျော်ကြာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီရာသီမှာ တပြိုင်နက်တည်း အသင်းကိုယ်စီ ပြောင်းရွှေ့ခဲ့ကြပါတယ်။

ရော်နယ်ဒိုက အသင်းဟောင်း ယူနိုက်တက်ကို ရောက်ရှိလာခဲ့သလို မက်ဆီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့ပြီး ဘောလုံးလောကအတွင်းမှာ ထူးခြားချက် တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ အပြောင်းအရွှေ့ဟာ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပြီး ကမ္ဘာကြီးကိုပါ ကိုင်လှုပ်ပစ် နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးအဖြစ် ပြိုင်တူရှိနေခဲ့ကြပြီး စပိန်လာလီဂါမှာ

ပြိုင်ဆိုင်မှုကြီးမားခဲ့တဲ့ ကစားသမား နှစ်ဦးဟာ လက်ရှိအချိန်မှာတော့ အသင်းသစ်တွေမှာ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့တစ်ပတ် ပွဲစဉ်တွေအပြီးမှာ မလိုချင်တဲ့ စံချိန်ဆိုးတွေကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။

လီဗာပူးကို ၅-၀ နဲ့ အရေးနိမ့်ခဲ့တဲံ ယူနိုက်တက်ရဲ့ ရှုံးပွဲဟာ ရော်နယ်ဒိုအတွက် ကစားသမားဘဝမှာ အကြီးမားဆုံး အိမ်ကွင်းရှုံးပွဲ ဖြစ်လာခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ ရော်နယ်ဒိုက အခုလောက် ရုပ်ပျက် ဆင်းပျက်နဲ့ အရေးနိမ့်မှုမျိုးကို ရင်ဆိုင်ရဖူးခြင်း မရှိခဲ့သူ ဖြစ်ပါတယ်။

လီဗာပူးနဲ့ပွဲမှာတော့ ရော်နယ်ဒိုဟာ ဂိုးကန်သွင်းခွင့်လည်း တစ်ကြိမ်တည်းသာ ရရှိခဲ့တဲ့အထိ အခြေအနေ ဆိုးရွားခဲ့သလို ကာတစ်ဂျုံးစ်ကို ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ကလည်း ဘယ်လောက်ထိ သူ စိတ်တိုနေခဲ့လဲ ဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။

မက်ဆီကလည်း လီဂူးပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်နေဆဲဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်မှာ ၃ ဂိုးသွင်းယူ ပေးထားခဲ့ပေမယ့် အမှတ်ပေးပွဲမှာတော့ မက်ဆီက ၃ ပွဲကစားပြီးချိန်မှာ

သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတာဖြစ်ပါတယ်။ ဒါဟာ ၁၆ နှစ်အတွင်း အဆိုးရွားဆုံး လိဂ်စတင်မှုနဲ့ မက်ဆီ ရင်ဆိုင်လိုက်ရတာဖြစ်ပြီး သူ့ဘဝမှာ အရှည်ကြာဆုံး လိဂ်ဂိုးပေါက် ပျောက်ဆုံးမှုလည်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

ေဘာလုံးေလာကကို ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာ လႊမ္းမိုးထားနိုင္ခဲ့တဲ့ ေရာ္နယ္ဒိုနဲ႕ မက္ဆီတို႔ဟာ ပထမဆုံးအႀကိမ္အျဖစ္ ဒီရာသီမွာ တၿပိဳင္နက္တည္း အသင္းကိုယ္စီ ေျပာင္းေ႐ႊ႕ခဲ့ၾကပါတယ္။

ေရာ္နယ္ဒိုက အသင္းေဟာင္း ယူနိုက္တက္ကို ေရာက္ရွိလာခဲ့သလို မက္ဆီက ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို အလြတ္ေျပာင္းေ႐ႊ႕ခဲ့ၿပီး ေဘာလုံးေလာကအတြင္းမွာ ထူးျခားခ်က္ တစ္ခုအျဖစ္ ရွိေနခဲ့ပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ေရွ႕ဆင့္ေနာက္ဆင့္ ျဖစ္ေပၚလာခဲ့တာ ျဖစ္ၿပီး ကမာၻႀကီးကိုပါ ကိုင္လႈပ္ပစ္ နိုင္ခဲ့တာျဖစ္ပါတယ္။ ကမာၻ႔အေကာင္းဆုံး ကစားသမားႏွစ္ဦးအျဖစ္ ၿပိဳင္တူရွိေနခဲ့ၾကၿပီး စပိန္လာလီဂါမွာ

ၿပိဳင္ဆိုင္မႈႀကီးမားခဲ့တဲ့ ကစားသမား ႏွစ္ဦးဟာ လက္ရွိအခ်ိန္မွာေတာ့ အသင္းသစ္ေတြမွာ ႐ုန္းကန္ေနရၿပီး ၿပီးခဲ့တဲ့တစ္ပတ္ ပြဲစဥ္ေတြအၿပီးမွာ မလိုခ်င္တဲ့ စံခ်ိန္ဆိုးေတြကိုပါ ပိုင္ဆိုင္သြားခဲ့ပါတယ္။

လီဗာပူးကို ၅-၀ နဲ႕ အေရးနိမ့္ခဲ့တဲံ ယူနိုက္တက္ရဲ႕ ရႈံးပြဲဟာ ေရာ္နယ္ဒိုအတြက္ ကစားသမားဘဝမွာ အႀကီးမားဆုံး အိမ္ကြင္းရႈံးပြဲ ျဖစ္လာခဲ့ပါတယ္။ ဒီမတိုင္ခင္မွာ ေရာ္နယ္ဒိုက အခုေလာက္ ႐ုပ္ပ်က္ ဆင္းပ်က္နဲ႕ အေရးနိမ့္မႈမ်ိဳးကို ရင္ဆိုင္ရဖူးျခင္း မရွိခဲ့သူ ျဖစ္ပါတယ္။

လီဗာပူးနဲ႕ပြဲမွာေတာ့ ေရာ္နယ္ဒိုဟာ ဂိုးကန္သြင္းခြင့္လည္း တစ္ႀကိမ္တည္းသာ ရရွိခဲ့တဲ့အထိ အေျခအေန ဆိုး႐ြားခဲ့သလို ကာတစ္ဂ်ဳံးစ္ကို ျပဳလုပ္ခဲ့တဲ့ လုပ္ရပ္ကလည္း ဘယ္ေလာက္ထိ သူ စိတ္တိုေနခဲ့လဲ ဆိုတာကို ေပၚလြင္ေစခဲ့ပါတယ္။

မက္ဆီကလည္း လီဂူးၿပိဳင္ပြဲမွာ ဂိုးေပါက္ေပ်ာက္ေနဆဲျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအတြက္ ခ်န္ပီယံလိဂ္မွာ ၃ ဂိုးသြင္းယူ ေပးထားခဲ့ေပမယ့္ အမွတ္ေပးပြဲမွာေတာ့ မက္ဆီက ၃ ပြဲကစားၿပီးခ်ိန္မွာ

သြင္းဂိုးတစ္ဂိုးမွ မရရွိေသးတာျဖစ္ပါတယ္။ ဒါဟာ ၁၆ ႏွစ္အတြင္း အဆိုး႐ြားဆုံး လိဂ္စတင္မႈနဲ႕ မက္ဆီ ရင္ဆိုင္လိုက္ရတာျဖစ္ၿပီး သူ႕ဘဝမွာ အရွည္ၾကာဆုံး လိဂ္ဂိုးေပါက္ ေပ်ာက္ဆုံးမႈလည္း ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။