Spots news
တကျော့ပြန် မန်ယူရဲ့ ပေါက်ကွဲအားကို သတိ ထားဖို့ လူးကပ်မော်ရာ သတိပေး
Unicode Version
စပါးအသင်းရဲ့ ကစားသမား တဦး ဖြစ်သူ လူးကပ် မော်ရာ ကတော့ ရလဒ်ဆိုးတွေကြောင့် မီးကန်ယမ်းကုန် ဖွင့်တိုက်မယ့် ယူနိုက်တက်အသင်းကို သတိထားဖို့ စပါး ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် စပါးနဲ့ ယူနိုက်တက်တို့မှာ လက်ရှိ စပါးအသင်းဟာ ၁မှတ်အသာနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာကို ရောက်ရှိနေပါတယ်။
ရလဒ်ဆိုးတွေ ကြုံတွေ့နေရတဲ့ ဒီနှစ်သင်းရဲ့ ပွဲစဉ်ဟာ ရာသီကုန်မှာ ဥရောပဝင်ခွင့် ရဖို့ အတွက် အရေးကြီးတဲ့ ပွဲစဉ်တပွဲ ဖြစ်လာပြီး စပါးအသင်းရဲ့ အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ် ဖြစ်တာကြောင့် အဆိုပါပွဲစဉ်မှာ စပါးအသင်းကသာ ယူနိုက်တက်အသင်းကို အနိုင်ရရှိသွားလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်ထားပါတယ်။
စပါးအသင်းရဲ့ တောင်ပံ ကစားသမား လူးကပ် မော်ရာကတော့ စပါးအသင်းဟာ ယူနိုက်တက်အသင်းကို အလွယ်တကူ အနိုင်ရလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေကို ပယ်ချသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်လို အရည်အသွေးမြင့် ကစားသမားတွေ ရှိနေတဲ့ အသင်းတသင်းကို ဂရုတစိုက် ယှဉ်ပြိုင်ရလိမ့်မယ်လို့ အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။
လူးကပ် မော်ရာက “ မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲစဉ်တိုင်းက တကယ်ကို အန္တရာယ် များပါတယ်။ သူတို့က လီဗာပူးကို ရှုံးခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ကစားဖို့ ကြိုးစားလာမှာ ဖြစ်သလို ကျွန်တော်တို့ကလည်း ဝက်စ်ဟမ်းကို ရှုံးထားတာကြောင့် ဒီပွဲကို အနိုင်ယူဖို့ လိုအပ်နေပါတယ်။
သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ပြီးတော့ အတွေ့အကြုံ များတဲ့ ကစားသမားတွေလည်း ရှိပြီး သူတို့က ခက်ခဲတဲ့ အခိုက်အတန့်တွေကို ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာ သိကြပါတယ်။ကျွန်တော်တို့တွေ ၃မှတ် ရဖို့ အတွက် ကွင်းတွင်း ၊ ကွင်းပြင် နှစ်ခုစလုံးမှာ တိုက်ပွဲဝင်နိုင်ရပါမယ်” လို့ ပြောကြားခဲ့တာပါ။
Zawgyi Version