Spots news

သေချာတဲ့ အာမခံချက် မရရှိရင် အသင်းပြောင်းမယ့် မန်ယူခံစစ်မှူး အဲရစ်ဘိုင်လီ

Unicode Version

မန်ယူနိုက်တက်အသင်းရဲ့ နောက်ခံ ကစားသမား အဲရစ်ဘိုင်လီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက် အသင်းအတွက် ပါဝင်ကစားရခြင်း မရှိသလောက်ကို

ဖြစ်နေရတဲ့ အခြေအနေအပေါ်မှာ အတော်လေးကို စိတ်ပျက်လျက်ရှိနေပြီး သူရဲဲ့ အနာဂတ်အတွက် သေချာတဲ့ အာမခံချက်တစ်ခုကို ရရှိချင်နေတယ်လို့ သိရှိရပါတယ်။

 

ဘိုင်လီဟာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လိဂ်ဖလားပွဲစဉ် တစ်ပွဲတည်းကိုသာ ပါဝင်ထားခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာတော့ တစ်မိနစ်မှ ပါဝင်ခွင့် မရထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဘက်က ဘိုင်လီကို ပြီးခဲ့တဲ့ ဧပြီလကပဲ စာချုပ် သက်တမ်းတိုးထားပေမယ့် ကစားခွင့်တွေ မပေးခြင်းအပေါ် ဘိုင်လီအနေနဲ့ အလွန်စိတ်ပျက်​နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်စတာ၊ လီဗာပူးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် တွေမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် အရှင်းမပျောက်သေးတဲ့ မက်ဂွိုင်းရားကို

ပွဲထွက်ခွင့်ပြုခဲ့ပြီး အသင်းအတွက် အဆင့်သင့် ပါဝင်နိုင်တဲ့ ဘိုင်လီကို နေရာမပေးခဲ့တာကြောင့် ဘိုင်လီကိုယ်တိုင် ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသထွက်ခဲ့ရတယ်လို့ သိရှိရပါတယ်။

ထို့ကြောင့် ဘိုင်လီက သူရဲ့အနာဂတ် အတွက် အသင်းဘက်က သေချာခိုင်မာတဲ့ အာမခံချက်တစ်ခု ပေးနိုင်ဖို့ကို အလိုရှိနေပြီး အာမခံချက် မပေးနိုင်ဘူးဆိုရင်တော့ ယူနိုက်တက်ကနေ

အခြား တစ်သင်းသင်းဆီကို ပြောင်းရွှေ့သွားဖွယ် ရှိလာနိုင်ပါတယ်။ လတ်တလောမှာ ဘိုင်လီကို ပိုင်ရှင်အပြောင်းအလဲ ဖြစ်လို့ထားတဲ့ နယူးကာဆယ်အသင်းကနေ စိတ်ဝင်စားလျက် ရှိနေပါတယ်။

Zawgyi Version

မန္ယူနိုက္တက္အသင္းရဲ႕ ေနာက္ခံ ကစားသမား အဲရစ္ဘိုင္လီဟာ ဒီႏွစ္ေဘာလုံးရာသီအတြင္း ယူနိုက္တက္ အသင္းအတြက္ ပါဝင္ကစားရျခင္း မရွိသေလာက္ကို

ျဖစ္ေနရတဲ့ အေျခအေနအေပၚမွာ အေတာ္ေလးကို စိတ္ပ်က္လ်က္ရွိေနၿပီး သူရဲဲ့ အနာဂတ္အတြက္ ေသခ်ာတဲ့ အာမခံခ်က္တစ္ခုကို ရရွိခ်င္ေနတယ္လို႔ သိရွိရပါတယ္။

ဘိုင္လီဟာ ဝက္စ္ဟမ္းအသင္းနဲ႕ ရင္ဆိုင္ခဲ့ရတဲ့ လိဂ္ဖလားပြဲစဥ္ တစ္ပြဲတည္းကိုသာ ပါဝင္ထားခဲ့ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႕ ခ်န္ပီယံလိဂ္ပြဲေတြမွာေတာ့ တစ္မိနစ္မွ ပါဝင္ခြင့္ မရထားတာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဘက္က ဘိုင္လီကို ၿပီးခဲ့တဲ့ ဧၿပီလကပဲ စာခ်ဳပ္ သက္တမ္းတိုးထားေပမယ့္ ကစားခြင့္ေတြ မေပးျခင္းအေပၚ ဘိုင္လီအေနနဲ႕ အလြန္စိတ္ပ်က္​ေနတာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ လက္စတာ၊ လီဗာပူးအသင္းတို႔နဲ႕ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ေတြမွာ ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့ေပမယ့္ အရွင္းမေပ်ာက္ေသးတဲ့ မက္ဂြိုင္းရားကို

ပြဲထြက္ခြင့္ျပဳခဲ့ၿပီး အသင္းအတြက္ အဆင့္သင့္ ပါဝင္နိုင္တဲ့ ဘိုင္လီကို ေနရာမေပးခဲ့တာေၾကာင့္ ဘိုင္လီကိုယ္တိုင္ ဆိုးလ္ရွားရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ေဒါသထြက္ခဲ့ရတယ္လို႔ သိရွိရပါတယ္။

ထို႔ေၾကာင့္ ဘိုင္လီက သူရဲ႕အနာဂတ္ အတြက္ အသင္းဘက္က ေသခ်ာခိုင္မာတဲ့ အာမခံခ်က္တစ္ခု ေပးနိုင္ဖို႔ကို အလိုရွိေနၿပီး အာမခံခ်က္ မေပးနိုင္ဘူးဆိုရင္ေတာ့ ယူနိုက္တက္ကေန

အျခား တစ္သင္းသင္းဆီကို ေျပာင္းေ႐ႊ႕သြားဖြယ္ ရွိလာနိုင္ပါတယ္။ လတ္တေလာမွာ ဘိုင္လီကို ပိုင္ရွင္အေျပာင္းအလဲ ျဖစ္လို႔ထားတဲ့ နယူးကာဆယ္အသင္းကေန စိတ္ဝင္စားလ်က္ ရွိေနပါတယ္။