Spots news

ရွှေဘောလုံးရော ကမ္ဘာ့ဖလားပါ အရယူချင်တယ်ဆိုတဲ့ ဂျော်ဂျင်ဟို

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟို ကတော့ သူဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုနဲ့ လာမယ့် ၂၀၂၂ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားတို့ကို လိုချင်ကြောင်း ဝန်ခံပြောဆို သွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီ အစမှာ ကျင်းပခဲ့တဲ့ ယူရို၂၀၂၀ပပြိုင်ပွဲမှာလည်း အီတလီအသင်းနဲ့ အတူ ဗိုလ်စွဲခဲ့တာကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက်  ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ရေပန်းစားနေသူပါ။

ဂျော်ဂျင်ဟိုဟာ ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် သူ့ရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အရေအတွက်ဟာ အတော်လေးကို နည်းပါးပေမယ့် ချယ်လ်ဆီးအသင်းနဲ့ အီတလီအသင်းတို့ရဲ့ ဆုဖလား အောင်မြင်မှုတွေမှာ သူ့ရဲ့

ကစားပုံတွေဟာ အတော်လေးကို အရေးပါခဲ့ပြီး ချယ်လ်ဆီးနည်းပြ တူချယ်နဲ့ အီတလီ နည်းပြ မန်စီနီတို့ကလည်း ဂျော်ဂျင်ဟိုဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်ကြောင်း ထောက်ခံစကား ပြောကြားထားကြပါတယ်။

လက်ရှိမှာတော့ ဂျော်ဂျင်ဟိုနဲ့အတူ ရွှေဘောလုံးဆုကို ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့နဲ့ အပြိုင် ရေပန်းစား နေပြီး ဖြစ်ကြပြီး ဂျော်ဂျင်ဟို ကတော့ သူဟာ ရွှေဘောလုံးဆုအပြင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အီတလီအသင်းနဲ့အတူ အောင်မြင်ချင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက “ ရွှေဘောလုံးဆုကို ရ ၊ မရ ဆိုတာကိုတော့ ကျွန်တော် အတပ် မပြောနိုင်ပါဘူး။ ဒါပေမယ့် တကယ်လို့ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အိမ်မက် မရှိဘူး ဆိုရင်တော့ ကစားသမားဘဝ ကနေ အနားယူလိုက်တော့မှာပါ။ အခု ကျွန်တော့်ရဲ့ အိမ်မက်က လာမယ့်ပွဲကို အနိုင်ကစားဖို့ပါပဲ။

ပြီးတော့ ကျွန်တော် ကမ္ဘာ့ဖလားကို ရယူချင်တယ်။ ကမ္ဘာ့ဖလားကို မလိုချင်တဲ့သူ ဆိုတာ မရှိဘူးလေ။ ကျွန်တော့်အနေနဲ့ အခုလောက် အထိ အောင်မြင်မှု ရလိမ့်မယ်လို့ မထင်ထားတာတော့ အမှန်ပါ။

ဒါပေမယ့် ကျွန်တော့်မှာ အောင်မြင်မှုတွေ ရယူချင်တဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာအောင် ကြိုးစားနေပါပြီ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းရဲ႕ အဓိက ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ကေတာ့ သူဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ ေပးအပ္ ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုနဲ႕ လာမယ့္ ၂၀၂၂ခုႏွစ္မွာ က်င္းပမယ့္ ကမာၻ႔ဖလားတို႔ကို လိုခ်င္ေၾကာင္း ဝန္ခံေျပာဆို သြားခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူနိုင္ခဲ့သလို ယခုႏွစ္ ေဘာလုံးရာသီ အစမွာ က်င္းပခဲ့တဲ့ ယူရို၂၀၂၀ပၿပိဳင္ပြဲမွာလည္း အီတလီအသင္းနဲ႕ အတူ ဗိုလ္စြဲခဲ့တာေၾကာင့္ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္  ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုကို ရယူနိုင္ဖို႔ ေရပန္းစားေနသူပါ။

ေဂ်ာ္ဂ်င္ဟိုဟာ ကြင္းလယ္ခံစစ္ ကစားသမား တဦး ျဖစ္တာေၾကာင့္ သူ႕ရဲ႕ သြင္းဂိုးနဲ႕ ဂိုးဖန္တီးမႈ အေရအတြက္ဟာ အေတာ္ေလးကို နည္းပါးေပမယ့္ ခ်ယ္လ္ဆီးအသင္းနဲ႕ အီတလီအသင္းတို႔ရဲ႕ ဆုဖလား ေအာင္ျမင္မႈေတြမွာ သူ႕ရဲ႕

ကစားပုံေတြဟာ အေတာ္ေလးကို အေရးပါခဲ့ၿပီး ခ်ယ္လ္ဆီးနည္းျပ တူခ်ယ္နဲ႕ အီတလီ နည္းျပ မန္စီနီတို႔ကလည္း ေဂ်ာ္ဂ်င္ဟိုဟာ ေ႐ႊေဘာလုံးဆုနဲ႕ ထိုက္တန္ေၾကာင္း ေထာက္ခံစကား ေျပာၾကားထားၾကပါတယ္။

လက္ရွိမွာေတာ့ ေဂ်ာ္ဂ်င္ဟိုနဲ႕အတူ ေ႐ႊေဘာလုံးဆုကို ပီအက္စ္ဂ်ီ တိုက္စစ္မႉး မက္ဆီ ၊ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝမ္ေဒါစကီးတို႔နဲ႕ အၿပိဳင္ ေရပန္းစား ေနၿပီး ျဖစ္ၾကၿပီး ေဂ်ာ္ဂ်င္ဟို ကေတာ့ သူဟာ ေ႐ႊေဘာလုံးဆုအျပင္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အီတလီအသင္းနဲ႕အတူ ေအာင္ျမင္ခ်င္ေၾကာင္း ဖြင့္ဟ ဝန္ခံသြားခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုက “ ေ႐ႊေဘာလုံးဆုကို ရ ၊ မရ ဆိုတာကိုေတာ့ ကြၽန္ေတာ္ အတပ္ မေျပာနိုင္ပါဘူး။ ဒါေပမယ့္ တကယ္လို႔ ေ႐ႊေဘာလုံးဆုကို ရယူနိုင္ဖို႔ အိမ္မက္ မရွိဘူး ဆိုရင္ေတာ့ ကစားသမားဘဝ ကေန အနားယူလိုက္ေတာ့မွာပါ။ အခု ကြၽန္ေတာ့္ရဲ႕ အိမ္မက္က လာမယ့္ပြဲကို အနိုင္ကစားဖို႔ပါပဲ။

ၿပီးေတာ့ ကြၽန္ေတာ္ ကမာၻ႔ဖလားကို ရယူခ်င္တယ္။ ကမာၻ႔ဖလားကို မလိုခ်င္တဲ့သူ ဆိုတာ မရွိဘူးေလ။ ကြၽန္ေတာ့္အေနနဲ႕ အခုေလာက္ အထိ ေအာင္ျမင္မႈ ရလိမ့္မယ္လို႔ မထင္ထားတာေတာ့ အမွန္ပါ။

ဒါေပမယ့္ ကြၽန္ေတာ့္မွာ ေအာင္ျမင္မႈေတြ ရယူခ်င္တဲ့ စိတ္ဆႏၵေတြ ရွိပါတယ္။ အခုဆိုရင္ ကြၽန္ေတာ္က ကြၽန္ေတာ့္ရဲ႕ အိမ္မက္ေတြ အမွန္တကယ္ ျဖစ္လာေအာင္ ႀကိဳးစားေနပါၿပီ” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။