Spots news

ရာမိုစ့် ကို ရအောင် ခေါ်ယူဖို့ မန်ယူ ကို တိုက်တွန်းလိုက်တဲ့ ဘာဘာတော့ဗ်

Unicode Version

မန်ချက်စတာ ယူနိုက်တက် ရဲ့ တိုက်စစ်မှူး ဟောင်း ဘာဘာတော့ဗ် ကတော့ ယူနိုက်တက် အနေ နဲ့ ရီးရဲ မက်ဒရစ် က ထွက် ခွာ တော့မယ် နောက်ခံ လူ ရာမိုစ့် ကို ခေါ်ယူ သင့်ကြောင်း တိုက်တွန်း လိုက် ပါတယ်။

လက်ရှိ အချိန်မှာ ရာမို့စ် ကို ခေါ် ယူ ချင်တဲ့ အသင်း များစွာ ရှိနေပြီး ပီအက်စ်ဂျီ ၊ လီဗာပူး စတဲ့ ထိပ်သီး အသင်း များလဲ ပါဝင်နေ ပါတယ်။

ထို့ကြောင့် ရာမိုစ့် ကို လက်ဦး မှု ရယူပီး ကမ်းလှမ်း ဖို့ တိုက်စစ်မှူး ဟောင်းက တိုက်တွန်းလိုက် တာ ဖြစ် ပါတယ်။

ရာမိုစ့် အနေနဲ့ လဲ မန်ချက်စတာ ယူနိုက်တက် နဲ့ ဆွေးနွေးမှု များ ပြူလုပ် နိုင်ဖွယ်ရာ ရှိနေပြီး ရာမို့် ဟာ ပီးခဲ့တဲ့ အပြောင်း အရွေ့ကာလ မှာက တည်းက မန်ချက်စတာ ယူနိုက်တက် နဲ့ အပြောင်း အရွေ့ သတင်းထွက် နေခဲ့သူပါ။

ယူနိုက်တက် ခံစစ်ဟာ တိုက်စစ် က ဂိုးများ သွင်း သလောက် ခံစစ်က ပလိုင်း ပေါက် နဲ့ ဖားကောက် နေရ သလို ဂိုးများ ခွင့် ပြု နေရ ပါတယ် ။

ပြီးခဲ့တဲ့ အပြောင်း အရွေ့ ကာလ ကတည်းက မက်ဂွိုင်းယား နဲ့ တွဲကစား ဖို့ နောက်ခံလူ ရှာဖွေ နေပြီး လိုက်ဇစ် မှ အူပါမီကာနို ၊ ရာမိုစ့် တို့နဲ့ သတင်းထွက် ခဲ့ပါ သေးတယ်။

ဘာဘာတော့ဗ် က ခံစစ်မှူး ရှာဖွေ နေတဲ့ ယူနိုက်တက် အနေနဲ့ ရာမို့စ် ဟာ ရေကန် အသင့် ကြာ အသင့် ဖြစ်နေ ပြီး အတွေ့အကြုံ ရင့်ကျတ် တဲ့ ကမ္ဘာ့ အဆင့် နောက်ခံလူ တစ်ဦး ဖြစ်လို့ ရအောင် ခေါ်ယူ သင့်ကြောင်း အကြံပေးလိုက်တာပဲ ဖြစ် ပါတယ်။

“ အသက် ၃၄ ရှိ နေ ပေမယ့် မပျက်စီး သေးတဲ့ သူပါ။ ရီးရဲ အနေနဲ့ သူ့ရဲ့ အသက် အရွယ် ကြောင့် ကာလရှည် သက်တမ်း တိုးဖို့ ခက်ခဲ နေပါ လိမ့်မယ် ။

ဒါပေမယ့် လက်ရှိ အချိန်ထိ ထိပ်တန်း ကစား သမား ဖြစ်နေ ဆဲပါ။ ဒါဟာ ယူနိုက်တက် အတွက် အခွင့် ကောင်း ပါပဲ ”

“ သူဟာ ယူနိုက်တက် ရဲ့ လိုအပ်ချက် ကို သူက အတိ အကျ ကစားပေး မယ့် သူမျိူးပါ။ ယူနိုက်တက်က သူ့လို ခံစစ်မှူး မျိူး လိုအပ်နေ တယ်လို့ ကျွန်တော် အမြဲ ပြောခဲ့ ပါတယ်။

အတွေ့ အကြုံ ရင့်ကျတ် ပြီး လိုအပ်ရင် သွင်းဂိုးပါ သွင်းယူ နိုင်တဲ့ ကစားသမားပါ။ သူသာ ပြောင်းရွေ့ လာရင် ကျွန်တော် ကတော့ ကြိုဆို နေမှာပါ ” ဆိုပြီး ပြောကြား သွား ခဲ့ ပါတယ်။