Unicode Version
ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းဖြစ်လာဖို့ တာစူနေပြီဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ နာမည်ကျော်ကစားသမားအီဒင်ဟာဇက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း
သိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမယ့် စပိန်မှာတော့ ဟာဇက်က ဆိုးဆိုးရွားရွားရုန်းကန်နေခဲ့ရပြီး သူ့အတွက်မအောင်မြင်တဲ့အပြောင်းအရွှေ့ဖြစ်ခဲ့သလို ကစားသမားဘဝပါ သေသလိုဖြစ်သွားခဲ့တဲ့အထိ ရိုက်ခတ်မှုက ကြီးမားနေခဲ့ပါတယ်။
ဒါကြောင့် ဟာဇက်ကိုယ်တိုင်ကလည်း သူ့ရဲ့အောင်မြေဖြစ်တဲ့ အင်္ဂလန်ကိုပြန်လည်ခြေချချင်နေပြီး နယူးကာဆယ်က ဒီအခွင့်အရေးကို အရယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။
တဖက်မှာလည်း အသင်းဟောင်းချယ်လ်ဆီးက ဟာဇက်ကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သတင်းတွေထွက်နေတာကြောင့် ဒီနှစ်သင်းကြားမှာ အပြိုင်အဆိုင်ဖြစ်လာဖို့ရှိနေပါတယ်။
အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံကြယ်ပွင့်ဟာ ဒီရာသီမှာဆိုရင်လည်း ဗင်နီရှပ်နဲ့ အဆန်စီယိုတို့ရဲ့ နောက်မှာသာ ဦးစားပေးခံနေရပြီး အန်ဆယ်လော့တီလက်အောက်မှာ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေပါတယ်။
ESPN ရဲ့ အကြီးတန်းသတင်းထောက် James Olley က “နယူးကာဆယ်က လာမယ့်ဇန်နဝါရီမှာ ဟာဇက်ကို ကမ်းလှမ်းဖို့ ရှိနေပါတယ်၊ တကယ်လို့ မက်ဒရစ်ကသာ ခွင့်ပြုမယ်ဆိုရင် ကစားသမားကလည်း ပြောင်းရွှေ့ချေရှိနေပါတယ်” လီု့ ရေးသားပြောဆိိုထားပါတယ်။
ဟာဇက်အနေနဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ပါကလည်း လူစားဝင်ကစားသမားအဖြစ်နဲ့သာ နေရာရဖွယ်ရှိနေပြီး နယူးကာဆယ်မှာတော့ အဓိကကစားသမားအဖြစ်၊ ပုံရိပ်ကြိးမားတဲ့ကစားသမားအဖြစ်နဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ရဲ႕ အင္အားႀကီးအသင္းျဖစ္လာဖို႔ တာစူေနၿပီျဖစ္တဲ့ နယူးကာဆယ္ယူနိုက္တက္အသင္းဟာ နာမည္ေက်ာ္ကစားသမားအီဒင္ဟာဇက္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနေၾကာင္း
သိရပါတယ္။ ရီးရဲလ္မက္ဒရစ္မွာ အဆင္မေျပျဖစ္ေနတဲ့ ဟာဇက္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပခဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမယ့္ စပိန္မွာေတာ့ ဟာဇက္က ဆိုးဆိုး႐ြား႐ြား႐ုန္းကန္ေနခဲ့ရၿပီး သူ႕အတြက္မေအာင္ျမင္တဲ့အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့သလို ကစားသမားဘဝပါ ေသသလိုျဖစ္သြားခဲ့တဲ့အထိ ရိုက္ခတ္မႈက ႀကီးမားေနခဲ့ပါတယ္။
ဒါေၾကာင့္ ဟာဇက္ကိုယ္တိုင္ကလည္း သူ႕ရဲ႕ေအာင္ေျမျဖစ္တဲ့ အဂၤလန္ကိုျပန္လည္ေျခခ်ခ်င္ေနၿပီး နယူးကာဆယ္က ဒီအခြင့္အေရးကို အရယူဖို႔ ျပင္ဆင္လာတာျဖစ္ပါတယ္။
တဖက္မွာလည္း အသင္းေဟာင္းခ်ယ္လ္ဆီးက ဟာဇက္ကို ျပန္လည္ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြထြက္ေနတာေၾကာင့္ ဒီႏွစ္သင္းၾကားမွာ အၿပိဳင္အဆိုင္ျဖစ္လာဖို႔ရွိေနပါတယ္။
အသက္ ၃၀ အ႐ြယ္ ဘယ္လ္ဂ်ီယံၾကယ္ပြင့္ဟာ ဒီရာသီမွာဆိုရင္လည္း ဗင္နီရွပ္နဲ႕ အဆန္စီယိုတို႔ရဲ႕ ေနာက္မွာသာ ဦးစားေပးခံေနရၿပီး အန္ဆယ္ေလာ့တီလက္ေအာက္မွာ အရန္ကစားသမားအျဖစ္နဲ႕သာ ရွိေနပါတယ္။
ESPN ရဲ႕ အႀကီးတန္းသတင္းေထာက္ James Olley က “နယူးကာဆယ္က လာမယ့္ဇန္နဝါရီမွာ ဟာဇက္ကို ကမ္းလွမ္းဖို႔ ရွိေနပါတယ္၊ တကယ္လို႔ မက္ဒရစ္ကသာ ခြင့္ျပဳမယ္ဆိုရင္ ကစားသမားကလည္း ေျပာင္းေ႐ႊ႕ေခ်ရွိေနပါတယ္” လီု႔ ေရးသားေျပာဆိိုထားပါတယ္။
ဟာဇက္အေနနဲ႕ ခ်ယ္လ္ဆီးကို ေျပာင္းေ႐ႊ႕ခဲ့ပါကလည္း လူစားဝင္ကစားသမားအျဖစ္နဲ႕သာ ေနရာရဖြယ္ရွိေနၿပီး နယူးကာဆယ္မွာေတာ့ အဓိကကစားသမားအျဖစ္၊ ပုံရိပ္ႀကိးမားတဲ့ကစားသမားအျဖစ္နဲ႕ ရပ္တည္နိုင္မွာျဖစ္ပါတယ္။