Spots news

လိဂ်ဂိုးပျောက်ဆုံးမှု ကြုံတွေ့နေရပြီး အဆိုးဆုံး ရာသီကို ပိုင်ဆိုင်နေရတဲ့ မက်ဆီ

Unicode Version

ဒီရာသီ လီဂူးပွဲတွေမှာ မက်ဆီက ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်ရရှိခဲ့ရာမှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။ အဲဒီ ၄ ကြိမ်စလုံးမှာလည်း မက်ဆီဟာ သွင်းဂိုးလုံးဝမရရှိသေးဘဲ ကစားသမားဘဝမှာ လိဂ်ဂိုးပျောက်ဆုံးမှုကို အကြီးမားဆုံးရင်ဆိုင်နေရပြီဖြစ်ပါတယ်။

PSG အတွက် အမှတ်ပေးပွဲစဉ်တွေမှာ သွင်းဂိုးလုံးဝမရရှိသေးတဲ့ မက်ဆီဟာ မနေ့က ကစားခဲ့တဲ့ လိုင်လီနဲ့ပွဲမှာလည်း ပွဲချိန်ပထမပိုင်းမှာပဲ ဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရလို့ ဂိုးပေါက်ထပ်ပျောက်ခဲ့ရပါတယ်။

အဆိုပါပွဲမှာ ပီအက်စ်ဂျီက ဒီမာရီယာရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံလိုင်လီတို့ သရေတစ်မှတ်ရရှိဖို့ မျှော်လင့်နိုင်ခဲ့ပေမယ့်လည်း လက်လွှတ်ခဲ့ရပါတယ်။

ပိုချက်တီနိုက မက်ဆီရဲ့ နေရာကို အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ အီကာဒီကို ထည့်သွင်းကစားစေခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂျိုနသန်ဒေးဗစ်ရဲ့ ဂိုးကြောင့် လိုင်လီတို့ ဦးဆောင်နိုင်ခဲ့ပြီး ပီအက်စ်ဂျီအရေးနိမ့်ခဲ့ရပါတယ်။

မက်ဆီကိုတော့ ဒဏ်ရာပြသနာကြောင့် လူစားလဲလှယ်မှုပြုလုပ်ခဲ့ရကာ အီကာဒီကိုထည့်သွင်းခဲ့ရပြီး မက်ဆီကတော့ စိတ်ပျက်လက်ပျက်ဟန်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ သွင်းဂိုး ၃ ဂိုးအထိရရှိထားပေမယ့် ပြင်သစ်လိဂ်မှာတော့ ဂိုးပေါက်ပျောက်နေဆဲဖြစ်နေပါတယ်။ ပြိးခဲ့တဲ့ပွဲတွေတုန်းကလည်း

လူစားလဲလှယ်ခံရတာကြောင့် ပိုချက်တီနိုနဲ့ အနည်းငယ်အချေအတင်ဖြစ်ပွားခဲ့ပြီး ဒူးဒဏ်ရာပြသနာအနည်းငယ်ရှိနေတာကြောင့်လို့ နည်းပြဖြစ်သူက ပြန်လည်ဖြေရှင်းခဲ့ရပါတယ်

မာကွင်ဟို့စ်က ပီအက်စ်ဂျီအတွက် ချေပဂိုးကို ၇၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ၈၈ မိနစ်မှာ နေမာရဲ့ လှလှပပဖန်တီးပေးမှုကနေ ဒီမာရီယာက အဆုံးသတ်ကာ ပီအက်စ်ဂျီကိုနိုင်ပွဲရစေခဲ့ပါတယ်။

ဒါကြောင့်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ပီအက်စ်ဂျီတို့ ရမှတ် ၃၁ မှတ်နဲ့ ဆက်လက်ဦးဆောင်နေခဲ့ပြီး ဒုတိယနေရာက လန်းစ်ထက် တစ်ပွဲပိုကစားထားကာ ၁၀ မှတ်အထိ ဖြတ်တောက်ထားပြီးဖြစ်ပါတယ်။

Zawgyi Version

ဒီရာသီ လီဂူးပြဲေတြမွာ မက္ဆီက ဂိုးကန္သြင္းခြင့္ ၁၅ ႀကိမ္ရရွိခဲ့ရာမွာ ၄ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ပါတယ္။ အဲဒီ ၄ ႀကိမ္စလုံးမွာလည္း မက္ဆီဟာ သြင္းဂိုးလုံးဝမရရွိေသးဘဲ ကစားသမားဘဝမွာ လိဂ္ဂိုးေပ်ာက္ဆုံးမႈကို အႀကီးမားဆုံးရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

PSG အတြက္ အမွတ္ေပးပြဲစဥ္ေတြမွာ သြင္းဂိုးလုံးဝမရရွိေသးတဲ့ မက္ဆီဟာ မေန႕က ကစားခဲ့တဲ့ လိုင္လီနဲ႕ပြဲမွာလည္း ပြဲခ်ိန္ပထမပိုင္းမွာပဲ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ခံခဲ့ရလို႔ ဂိုးေပါက္ထပ္ေပ်ာက္ခဲ့ရပါတယ္။

အဆိုပါပြဲမွာ ပီအက္စ္ဂ်ီက ဒီမာရီယာရဲ႕ ေနာက္က်သြင္းဂိုးနဲ႕ အနိုင္ရရွိခဲ့ၿပီး လက္ရွိခ်န္ပီယံလိုင္လီတို႔ သေရတစ္မွတ္ရရွိဖို႔ ေမွ်ာ္လင့္နိုင္ခဲ့ေပမယ့္လည္း လက္လႊတ္ခဲ့ရပါတယ္။

ပိုခ်က္တီနိုက မက္ဆီရဲ႕ ေနရာကို အျခားတိုက္စစ္မႉးတစ္ဦးျဖစ္သူ အီကာဒီကို ထည့္သြင္းကစားေစခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းမွာ ဂ်ိဳနသန္ေဒးဗစ္ရဲ႕ ဂိုးေၾကာင့္ လိုင္လီတို႔ ဦးေဆာင္နိုင္ခဲ့ၿပီး ပီအက္စ္ဂ်ီအေရးနိမ့္ခဲ့ရပါတယ္။

မက္ဆီကိုေတာ့ ဒဏ္ရာျပသနာေၾကာင့္ လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရကာ အီကာဒီကိုထည့္သြင္းခဲ့ရၿပီး မက္ဆီကေတာ့ စိတ္ပ်က္လက္ပ်က္ဟန္ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ သြင္းဂိုး ၃ ဂိုးအထိရရွိထားေပမယ့္ ျပင္သစ္လိဂ္မွာေတာ့ ဂိုးေပါက္ေပ်ာက္ေနဆဲျဖစ္ေနပါတယ္။ ၿပိးခဲ့တဲ့ပြဲေတြတုန္းကလည္း

လူစားလဲလွယ္ခံရတာေၾကာင့္ ပိုခ်က္တီနိုနဲ႕ အနည္းငယ္အေခ်အတင္ျဖစ္ပြားခဲ့ၿပီး ဒူးဒဏ္ရာျပသနာအနည္းငယ္ရွိေနတာေၾကာင့္လို႔ နည္းျပျဖစ္သူက ျပန္လည္ေျဖရွင္းခဲ့ရပါတယ္

မာကြင္ဟို႔စ္က ပီအက္စ္ဂ်ီအတြက္ ေခ်ပဂိုးကို ၇၄ မိနစ္မွာ သြင္းယူေပးခဲ့ၿပီး ၈၈ မိနစ္မွာ ေနမာရဲ႕ လွလွပပဖန္တီးေပးမႈကေန ဒီမာရီယာက အဆုံးသတ္ကာ ပီအက္စ္ဂ်ီကိုနိုင္ပြဲရေစခဲ့ပါတယ္။

ဒါေၾကာင့္လည္း အမွတ္ေပးဇယားထိပ္ဆုံးမွာ ပီအက္စ္ဂ်ီတို႔ ရမွတ္ ၃၁ မွတ္နဲ႕ ဆက္လက္ဦးေဆာင္ေနခဲ့ၿပီး ဒုတိယေနရာက လန္းစ္ထက္ တစ္ပြဲပိုကစားထားကာ ၁၀ မွတ္အထိ ျဖတ္ေတာက္ထားၿပီးျဖစ္ပါတယ္။