Spots news

ဆိုးလ်ရှားအတွက် မန်ယူနိုင်ဖို့ ကျန်တဲ့ ၁၈ သင်း ဆုတောင်းနေကြောင်း ပေါလ်မာဆင်ပြော

Unicode Version

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ်နောက်ခံ ကစားသမားဟောင်း ပေါလ်မာဆင်က ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ရာထူးတည်မြဲရေး အတွက် စပါးအသင်းနဲ့

ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က အနိုင်ရရန် ပြိုင်ဘက် ၁၈ သင်းက ဆုတောင်းနေကြောင်း ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ လက်စတာကို အဝေးကွင်းမှာ ၄-၂ ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက် ခါးသီးပြိုင်ဘက်

လီဗာပူးအသင်းကိုလဲ၅ ဂိုးပြတ် ရှူံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ထုတ်ပယ်ခံရဖို့ ပိုမို ရေပန်းစား လာတာလဲ ဖြစ်ပါတယ်။

ဆိုးလ်းရှားဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်ပေမယ့် လက်ရှိအချိန်မှာ အသင်းရဲ့ လူစာရင်းနဲ့ မလိုက်ဖက်တဲ့ ရလဒ်ဆိုးတွေကြောင့် ယူနိုက်တက် ပရိသတ်များက ဆိုးလ်ရှားကို

ရာထူးမှထုတ်ပယ်ရန် အလိုရှိနေကြပါတယ်။ သို့ပေမယ့် ပြိုက်ဘက်အသင်းများကတော့ ဆိုးလ်ရှားကို မန်ယူနည်းပြအဖြစ် ဆက်ရှိစေချင်ကြောင်း ပေါလ်မာဆင်က ပြောဆိုခဲ့တာပါ။

ပေါလ်မာဆင်က “ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ဖို့နဲ့ ဥရောပဝင်ခွင့် အတွက် ယှဉ်ပြိုင်နေတဲ့ အသင်းတွေ အားလုံးက စပါးနဲ့ပွဲမှာ မန်ယူအသင်း

အနိုင်ရဖို့ မျှော်လင့်နေ ကြပါတယ်။ မန်ယူအသင်း နိုင်မှာလည်း ဆိုးလ်ရှားက ရာထူးမှာ မြဲမှာဆိုတော့ မန်ယူကို သူတို့ နိုင်စေချင်နေကြတယ်။

ချယ်လ်ဆီးအသင်းက တူချယ်လ် ရောက်လာပြီးနောက်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သလို၊ အခု ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲဖို့

ရေပန်းစားနေတယ်။ နည်းပြအပြောင်းအလဲ ဖြစ်တာ ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ တူချယ်လ်က သက်သေပါပဲ”

“မန်ယူအသင်းက သံသရာလည်နေတယ်။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူအသင်း တိုးတက်လာတယ်လို့ ပြောတဲ့သူတွေကို တိုးတက်တယ်ဆိုတာ ဘာလဲလို့ ကျွန်တော် မေးချင်တယ်။

မန်ယူဆိုတာ ချန်ပီယံဆုတွေကို ရယူတဲ့အသင်းပါ။ အဆင့် ၂ နဲ့ ကျေနပ်နေတဲ့ အသင်းမဟုတ်ပါဘူး”ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version

ေဘာလုံးေဝဖန္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ အာဆင္နယ္ေနာက္ခံ ကစားသမားေဟာင္း ေပါလ္မာဆင္က ယူနိုက္တက္ နည္းျပ ဆိုးလ္ရွား ရာထူးတည္ၿမဲေရး အတြက္

စပါးအသင္းနဲ႕ ရင္ဆိုင္ရမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဘက္က အနိုင္ရရန္ ၿပိဳင္ဘက္ ၁၈ သင္းက ဆုေတာင္းေနေၾကာင္း ေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ လက္စတာကို အေဝးကြင္းမွာ ၄-၂ ဆိုတဲ့ ရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့ၿပီး ေနာက္ ခါးသီးၿပိဳင္ဘက္

လီဗာပူးအသင္းကိုလဲ ၅ ဂိုးျပတ္ ရႉံးနိမ့္ခဲ့တာေၾကာင့္ ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားဟာ ထုတ္ပယ္ခံရဖို႔ ပိုမို ေရပန္းစား လာတာလဲ ျဖစ္ပါတယ္။

ဆိုးလ္းရွားဟာ အသင္းရဲ႕ ဂႏၲဝင္ ကစားသမား တစ္ဦး ျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာ အသင္းရဲ႕ လူစာရင္းနဲ႕ မလိုက္ဖက္တဲ့ ရလဒ္ဆိုးေတြေၾကာင့္ ယူနိုက္တက္ ပရိသတ္မ်ားက ဆိုးလ္ရွားကို

ရာထူးမွထုတ္ပယ္ရန္ အလိုရွိေနၾကပါတယ္။ သို႔ေပမယ့္ ၿပိဳက္ဘက္အသင္းမ်ားကေတာ့ ဆိုးလ္ရွားကို မန္ယူနည္းျပအျဖစ္ ဆက္ရွိေစခ်င္ေၾကာင္း ေပါလ္မာဆင္က ေျပာဆိုခဲ့တာပါ။

ေပါလ္မာဆင္က “ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္း ဝင္ဖို႔နဲ႕ ဥေရာပဝင္ခြင့္ အတြက္ ယွဥ္ၿပိဳင္ေနတဲ့ အသင္းေတြ အားလုံးက စပါးနဲ႕ပြဲမွာ

မန္ယူအသင္း အနိုင္ရဖို႔ ေမွ်ာ္လင့္ေန ၾကပါတယ္။ မန္ယူအသင္း နိုင္မွာလည္း ဆိုးလ္ရွားက ရာထူးမွာ ၿမဲမွာဆိုေတာ့ မန္ယူကို သူတို႔ နိုင္ေစခ်င္ေနၾကတယ္။

ခ်ယ္လ္ဆီးအသင္းက တူခ်ယ္လ္ ေရာက္လာၿပီးေနာက္မွာ ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္ခဲ့သလို၊ အခု ပရီးမီးယားလိဂ္မွာလည္း ဗိုလ္စြဲဖို႔ ေရပန္းစားေနတယ္။

နည္းျပအေျပာင္းအလဲ ျဖစ္တာ ဘယ္ေလာက္အထိ သက္ေရာက္မႈရွိတယ္ဆိုတာ တူခ်ယ္လ္က သက္ေသပါပဲ”

“မန္ယူအသင္းက သံသရာလည္ေနတယ္။ ဆိုးလ္ရွားလက္ထက္မွာ မန္ယူအသင္း တိုးတက္လာတယ္လို႔ ေျပာတဲ့သူေတြကို တိုးတက္တယ္ဆိုတာ ဘာလဲလို႔ ကြၽန္ေတာ္ ေမးခ်င္တယ္။

မန္ယူဆိုတာ ခ်န္ပီယံဆုေတြကို ရယူတဲ့အသင္းပါ။ အဆင့္ (၂)နဲ႕ ေက်နပ္ေနတဲ့ အသင္းမဟုတ္ပါဘူး”ဟု ေျပာၾကားခဲ့ပါတယ္။