Spots news

အဓိက တိုက်စစ်မှူး ဆာလတ်ကို အမြင့်ဆုံးလစာနဲ့ စာချုပ်သစ်ချုပ်နိုင်တော့မယ့် လီဗာပူး

Unicode Version

လီဗာပူးအသင်းဟာ အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလတ်ကို ကလပ်အသင်းစံချိန်တင် လစာငွေနှုန်းထားဖြင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ပြီး ယခင်က ဆာလတ်က တောင်းဆိုကြောင်း သတင်းများ ထွက်ပေါ်ခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းမှာ သတင်းအမှားများသာဖြစ်ကြောင်း သိရှိရပါတယ်။

လီဗာပူး အသင်းအတွက် ခြေစွမ်းပြကာ ဂိုးတွေ ဆက်တိုက်သွင်းယူ နေတဲ့ အဓိက တိုက်စစ်မှူး ဆာလတ်ရဲ့ လက်ရှိစာချုပ် သက်တမ်းမှာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးအသင်းဟာ ပြိုင်ဘက်အသင်းများရဲ့ စိတ်ဝင်စားမှုကြောင့် စာချုပ်ရဲ့ နောက်ဆုံးနှစ်အတွင်းသို့ အရောက်ခံမှာ မဟုတ်ဘဲ ဆာလတ်ကို စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေပါတယ်။

ဆာလတ် ကိုယ်တိုင်ကလည်း အသင်းရဲ့ လစာအများဆုံးရ ကစားသမားဖြစ်လာရန် ဆန္ဒရှိသော်လည်း အသင်းပိုင်ရှင်များရဲ့ ဘဏ္ဍာရေးမူဝါဒများအပေါ် နားလည်လက်ခံထားပြီး တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းအထိ တောင်းဆိုထားသည် ဆိုတဲ့ သတင်းများကို မဟုတ်မှန်ကြောင်း ငြင်းဆိုသွားခဲ့ ပါတယ်။

လီဗာပူးအသင်းမှာ လက်ရှိ လုပ်ခ လစာအများဆုံးရရှိနေသူမှာ နောက်ခံလူ ဗန်ဒိုက်ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ ရရှိနေကာ ဆာလတ်က ဗန်ဒိုက်ထက်ပိုများတဲ့ ပမာဏကိုသာ အလိုရှိ နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီး မီဒီယာများက အနာဂတ်အကြောင်း မေးမြန်းမှုကို ဆာလတ်က

”ကျွန်တော့်အပေါ် မူမတည်ပါဘူး။ ကလပ်အသင်းအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော့်ကို မေးရင်တော့ ကျွန်တော် လီဗာပူးအသင်းမှာပဲ ကစားသမားဘဝရဲ့ နောက်ဆုံးနေ့အထိ ကစားသွားချင်ပါတယ်။ လီဗာပူးအသင်းကို ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရတာမျိုး ကျွန်တော် မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ အနာဂတ်ကိုတော့ ကြိုပြောလို့မရဘူးပေါ့”ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version

လီဗာပူးအသင္းဟာ အသင္းရဲ႕ အီဂ်စ္တိုက္စစ္မႉး ဆာလတ္ကို ကလပ္အသင္းစံခ်ိန္တင္ လစာေငြႏႈန္းထားျဖင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ နီးစပ္ေနၿပီျဖစ္ၿပီး ယခင္က ဆာလတ္က ေတာင္းဆိုေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့တဲ့ တစ္ပတ္လုပ္ခ ေပါင္ ၅ သိန္းမွာ သတင္းအမွားမ်ားသာျဖစ္ေၾကာင္း သိရွိရပါတယ္။

လီဗာပူး အသင္းအတြက္ ေျခစြမ္းျပကာ ဂိုးေတြ ဆက္တိုက္သြင္းယူ ေနတဲ့ အဓိက တိုက္စစ္မႉး ဆာလတ္ရဲ႕ လက္ရွိစာခ်ဳပ္ သက္တမ္းမွာ ၂၀၂၃ ခုႏွစ္မွာ ကုန္ဆုံးမည္ျဖစ္ၿပီး လီဗာပူးအသင္းဟာ ၿပိဳင္ဘက္အသင္းမ်ားရဲ႕ စိတ္ဝင္စားမႈေၾကာင့္ စာခ်ဳပ္ရဲ႕ ေနာက္ဆုံးႏွစ္အတြင္းသို႔ အေရာက္ခံမွာ မဟုတ္ဘဲ ဆာလတ္ကို စာခ်ဳပ္သက္တမ္းတိုးရန္ ျပင္ဆင္ေနပါတယ္။

ဆာလတ္ ကိုယ္တိုင္ကလည္း အသင္းရဲ႕ လစာအမ်ားဆုံးရ ကစားသမားျဖစ္လာရန္ ဆႏၵရွိေသာ္လည္း အသင္းပိုင္ရွင္မ်ားရဲ႕ ဘ႑ာေရးမူဝါဒမ်ားအေပၚ နားလည္လက္ခံထားၿပီး တစ္ပတ္လုပ္ခ ေပါင္ ၅ သိန္းအထိ ေတာင္းဆိုထားသည္ ဆိုတဲ့ သတင္းမ်ားကို မဟုတ္မွန္ေၾကာင္း ျငင္းဆိုသြားခဲ့ ပါတယ္။

လီဗာပူးအသင္းမွာ လက္ရွိ လုပ္ခ လစာအမ်ားဆုံးရရွိေနသူမွာ ေနာက္ခံလူ ဗန္ဒိုက္ျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၂၂၀၀၀၀ ရရွိေနကာ ဆာလတ္က ဗန္ဒိုက္ထက္ပိုမ်ားတဲ့ ပမာဏကိုသာ အလိုရွိ ေနတာ ျဖစ္ပါတယ္။ ယူနိုက္တက္ အသင္းကို ၅ ဂိုးျပတ္ျဖင့္ အနိုင္ရရွိခဲ့သည့္ပြဲအၿပီး မီဒီယာမ်ားက အနာဂတ္အေၾကာင္း ေမးျမန္းမႈကို ဆာလတ္က

”ကြၽန္ေတာ့္အေပၚ မူမတည္ပါဘူး။ ကလပ္အသင္းအေပၚပဲ မူတည္ပါတယ္။ ကြၽန္ေတာ့္ကို ေမးရင္ေတာ့ ကြၽန္ေတာ္ လီဗာပူးအသင္းမွာပဲ ကစားသမားဘဝရဲ႕ ေနာက္ဆုံးေန႕အထိ ကစားသြားခ်င္ပါတယ္။ လီဗာပူးအသင္းကို ၿပိဳင္ဘက္အျဖစ္ ျပန္ရင္ဆိုင္ရတာမ်ိဳး ကြၽန္ေတာ္ မျဖစ္ခ်င္ပါဘူး။ ဒါေပမဲ့ အနာဂတ္ကိုေတာ့ ႀကိဳေျပာလို႔မရဘူးေပါ့”ဟု ေျပာၾကားခဲ့ပါတယ္။