Spots news

အီတလီမှာ ဘောလုံးကစားခွင့် မရတော့လို့ အသင်းပြောင်းရတော့မယ့် အဲရစ်ဆန်

Unicode Version

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းအတွင်း နှလုံးရောဂါကြောင့် လဲကျခဲ့ရပြီး ကံကောင်းထောက်မစွာနဲ့ အသက်ရှင်သန်ခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆန်ဟာ ဒီရာသီမှာ အင်တာမီလန်အတွက် ကစားပေးခွင့်မရရှိခဲ့ဘူးလို့ သိရပါတယ်။

စီးရီးအေရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် အဲရစ်ဆန်ကို ကစားခွင့်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရပြီး ကလပ်အသင်းကလည်း သူ့ကိုရောင်းချသွားတော့မယ်လို့ သိရပါတယ်။

အေဂျက်ဇ်နောက်ခံလူဒီလေဘလင်းဟာလည်း အလားတူဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာတော့ သူက နှလုံးမှာစက်ထည့်ကာ ဘောလုံးကစားနေဆဲဖြစ်ပါတယ်။

ဒါကြောင့် အဲရစ်ဆန်ကလည်း အသက်သေဆုံးသည်အထိ နှလုံးခုန်ရပ်သွားတာကို ကာကွယ်နိုင်ဖို့ ပုံမှန်ပြန်ဖြစ်စေမယ့် ICD စက်ကို တပ်ဆင်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံးပြန်ကစားပေးဖို့ မျှော်လင့်ချက် တွေကရှင်သန်နေခဲ့ကာ သြဂုတ်လအတွင်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်အပြီးမှာ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ သန်မာလာစေဖို့ကို အားထုတ်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်တာမီလန်ဘက်က သတင်းထုတ်ပြန်ခဲ့မှုမှာတော့ “ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း သူ့ရဲ့စိုးရိမ်ဖွယ်ဒဏ်ရာ ပြသနာကြောင့် အီတလီဆေးဘက်ဆိုင်ရာအာဏာပိုင်တွေက

ဒီရာသီ အားကစားပွဲစဉ်တွေမှာ သူ့ကို ပါဝင်ကစားခွင့်မပေးဖို့ ယာယီကန့်သတ် ခဲ့ပါတယ်၊ ကစားသမားရဲ့ လက်ရှိအခြေအနေကလည်း အီတလီမှာ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ပြည့်ဝချင်းမရှိပါဘူး”

“အခြားနိုင်ငံတွေမှာလည်း ဒီလိုပြသနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားတွေ အတွက် လိုအပ်ချက်တွေက အတူတူပါပဲ” လို့ ပါရှိခဲ့ပါတယ်။ ဒါကြောင့် အဲရစ်ဆန်ဟာ ဒီရာသီမှာ အင်တာမီလန်အတွက် ပါဝင်ကစားခွင့် လုံးဝရရှိတော့မှာမဟုတ်ဘဲ

ပွဲကြည့် ပရိသတ်အဖြစ်နဲ့သာ ရှိနေဦးမှာဖြစ်ပါတယ်။ ဥရောပရဲ့ အခြားသော ကလပ်တွေနဲ့ လိဂ်တွေမှာတော့ ဆေးဘက်ဆိုင်ရာ စည်းကမ်းချက်တွေက အီတလီလောက် တင်းကျပ်မှုမရှိဘူးလို့သိရပါတယ်။

အီတလီ ဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းပညာသိပ္ပံဆိုင်ရာ ကော်မတီ အဖွဲ့ဝင်တစ်ဦးက အဲရစ်ဆန်အနေနဲ့ စက် တပ်ဆင်ထားမှုကို မဖြုတ်နိုင်သေးသရွေ့ အီတလီမှာ

ကစားခွင့် ရမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ဇန်နဝါရီမှာ အဲရစ်ဆန်အနေနဲ့ အသင်းပြောင်းရွှေ့ကာ ကစားဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။