Spots news

ဝုဗ် ကို ပြောင်းရွေ့ဖို့ အဆင်မပြေ ဖြစ်ခဲ့ပြန်တဲ့ ဒီယေဂို ကော်စတာ

Unicode Version

အက်သလက် တီကို အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ကော်စတာကို လာလီဂါ ကလပ် အသင်း တစ်သင်း က ခေါ်ယူ မည် ဆိုလျှင် အက်သလက် တီကို အသင်းကို အ‌ခကြေးငွေ ပေးချေရ မှာဖြစ်ပါတယ်။

ထို့အပြင် စပိန်ကလပ် အသင်း မဟုတ်တဲ့ အသင်း‌ တစ်သင်းက ခေါ်ယူမည် ဆိုလျှင်လဲ ချံပီယံလိဂ်မှာ အက်သလက် တီကို မက်ဒရစ် နဲ့ တွေ့ဆုံ ခဲ့ရင် အခကြေးငွေ ပေးချေ ရမှာ ဖြစ်ပါတယ်။

ဝုဒ် အနေနဲ့ ဒီယေဂို ကော်စတာကို ခေါ်ယူ ဖို့ ကြိုးစား ခဲ့ပေမယ့် ကစားသမား ရဲ့ လစာငွေ မြင့်မား မှုကြောင့် မျှော်လင့် ချက် မှေးမှိန် လာပြီ ဖြစ်ပါတယ်။

အသင်း ရဲ့ အဓိက တိုက်စစ်မှူး ရာအူးလ် ဂျာမီးနက်စ် ကာလရှည် အနားယူ ရမှာ ဖြစ်လို့ အစားထိုး ဖို့ တိုက်စစ်မှူး ရှာဖွေ နေတဲ့ ဝုဒ်တို့ဟာ လက်ရှိမှာ ကလပ် အသင်း လက်မဲ့ ဖြစ်နေတဲ့ ကော်စတာ ကို ခေါ်ယူဖို့ ကြံရွယ် လာတာ ဖြစ်ပါတယ်။

သို့ပေမယ့် ၃၂ နှစ် အရွယ် ကစားသမားဟာ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ အထက် လိုချင်နေတာကြောင့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို တွက်ဆ‌ နေရတဲ့ ဝုဗ် တို့ တပ်ပြန် ဆုတ်ဖို့ ရည် ရွယ် ခဲ့တာ ပဲဖြစ်ပါတယ်။

ကော်စတာ အနေနဲ့ ပရီးမီးယား လိဂ် ကို ပြန်လာ ကစားဖို့ ရည်ရွယ် ထားတာ ဖြစ်ပေမယ့် လုပ်ခ လစာ လျှော့ယူဖို့ ညှိနှိုင်း၍ မရပါက ဝုဗ် အသင်းအနေနဲ့ ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်း သတင်းများက ဆိုကြ ပါတယ်။

Zawgyi Version

အက္သလက္ တီကို အသင္းနဲ႕ စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ေကာ္စတာကို လာလီဂါ ကလပ္ အသင္း တစ္သင္း က ေခၚယူ မည္ ဆိုလွ်င္ အက္သလက္ တီကို အသင္းကို အ‌ခေၾကးေငြ ေပးေခ်ရ မွာျဖစ္ပါတယ္။

ထို႔အျပင္ စပိန္ကလပ္ အသင္း မဟုတ္တဲ့ အသင္း‌ တစ္သင္းက ေခၚယူမည္ ဆိုလွ်င္လဲ ခ်ံပီယံလိဂ္မွာ အက္သလက္ တီကို မက္ဒရစ္ နဲ႕ ေတြ႕ဆုံ ခဲ့ရင္ အခေၾကးေငြ ေပးေခ် ရမွာ ျဖစ္ပါတယ္။

ဝုဒ္ အေနနဲ႕ ဒီေယဂို ေကာ္စတာကို ေခၚယူ ဖို႔ ႀကိဳးစား ခဲ့ေပမယ့္ ကစားသမား ရဲ႕ လစာေငြ ျမင့္မား မႈေၾကာင့္ ေမွ်ာ္လင့္ ခ်က္ ေမွးမွိန္ လာၿပီ ျဖစ္ပါတယ္။

အသင္း ရဲ႕ အဓိက တိုက္စစ္မႉး ရာအူးလ္ ဂ်ာမီးနက္စ္ ကာလရွည္ အနားယူ ရမွာ ျဖစ္လို႔ အစားထိုး ဖို႔ တိုက္စစ္မႉး ရွာေဖြ ေနတဲ့ ဝုဒ္တို႔ဟာ လက္ရွိမွာ ကလပ္ အသင္း လက္မဲ့ ျဖစ္ေနတဲ့ ေကာ္စတာ ကို ေခၚယူဖို႔ ႀကံ႐ြယ္ လာတာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ၃၂ ႏွစ္ အ႐ြယ္ ကစားသမားဟာ တစ္ပတ္လုပ္ခ ေပါင္ ၂၅၀၀၀၀ အထက္ လိုခ်င္ေနတာေၾကာင့္ အသင္းရဲ႕ ဘ႑ာေရး အေျခအေနကို တြက္ဆ‌ ေနရတဲ့ ဝုဗ္ တို႔ တပ္ျပန္ ဆုတ္ဖို႔ ရည္ ႐ြယ္ ခဲ့တာ ပဲျဖစ္ပါတယ္။

ေကာ္စတာ အေနနဲ႕ ပရီးမီးယား လိဂ္ ကို ျပန္လာ ကစားဖို႔ ရည္႐ြယ္ ထားတာ ျဖစ္ေပမယ့္ လုပ္ခ လစာ ေလွ်ာ့ယူဖို႔ ညွိႏွိုင္း၍ မရပါက ဝုဗ္ အသင္းအေနနဲ႕ ေခၚယူဖို႔ မျဖစ္နိုင္ေၾကာင္း သတင္းမ်ားက ဆိုၾက ပါတယ္။