Spots news

လတ်စတာကို အဝေးကွင်းမှာ အနိုင်ယူပြီး မန်ယူကို နည်းပြပေးလိုက်တဲ့ အာဆင်နယ်

Unicode Version

စနေနေ့ရဲ့ အစောဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လက်စတာနဲ့ အာဆင်နယ်ပွဲကတော့ အကြိတ်ဘအနယ်ရှိခဲ့ပါတယ်။ ဂိုးတွေစောစောစီးစီးရခဲ့တဲ့ အာဆင်နယ်တို့

အဝေးကွင်းမှာ သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပြီး လက်စတာက ချေပဂိုးရဖို့အားထုတ်မှုတွေကလည်း ဂိုးသမားရမ့်ဒေးစ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် နစ်နာခဲ့ရတာပါ။

ပွဲအစ ၅ မိနစ်မှာကတည်းက ထောင့်ကန်ဘောကတဆင့် ဂါဘရီယယ်က ခေါင်းတိုက်သွင်းပြီး အဖွင့်ဂိုးရယူခဲ့သလို ၁၈ မိနစ်မှာ ခြေစွမ်းပြနေတဲ့ စမစ်ရိုးက နောက်ထပ်တစ်ဂိုးကို အပိုင်ကန်သွင်းယူပေးခဲ့တာပါ။

နောက်ဆုံးပွဲတွေမှာ တစ်ပွဲကို အနည်းဆုံး ၂ဂိုးနှုန်းသွင်းယူနေတဲ့ အာဆင်နယ်တိုက်စစ်က အလုပ်ဖြစ်နေခဲ့ပြီး လက်စတာတို့ မထိန်းနိုင်ခဲ့ပါဘူး။ အာဆင်နယ်အတွက် တိုက်စစ်မှူးတွေမဟုတ်ဘဲ ကွင်းလယ်နဲ့ နောက်ခံလူတွေ ဂိုးသွင်းခြေတွေ့နေတာကလည်း ချီးကျူးစရာပါ။

ဂိုးရပြီးနောက်မှာ အာဆင်နယ်က ပွဲကို အကောင်းဆုံးထိန်းကစားဖို့ကို ဦးတည်ခဲ့ပြီး လက်စတာကတော့ ချေပဂိုးတွေရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့

ဗာဒီ ဂိုးပေါက်ပျောက်နေခဲ့သလို အာဆင်နယ်ဂိုးသမားရမ့်ဒေးလ်ရဲ့ လက်စွမ်းကလည်း ကြောက်ခမန်းလိလိကောင်းမွန်နေခဲ့လို့ ဘရန်ဒန်ရော်ဂျာရဲ့အသင်း အိမ်ကွင်းမှာ သိက္ခာဆယ်ဂိုးတစ်ဂိုးရဖို့တောင် မစွမ်းသာနိုင်ခဲ့ပါဘူး။

ဆက်တိုက်နိုင်ပွဲရနေတဲ့ အာဆင်နယ်တို့ ခက်ခဲတဲ့ပွဲတစ်ပွဲကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အထူးသဖြင့် လက်စတာလို ပွဲတိုင်းနီးပါးဂိုးရနေတဲ့အသင်းကို ဂိုးမပေးရအောင် ကစားနိုင်ခဲ့တာကို အသိအမှတ်ပြုရမှာပါ။

ရာထူးကထုတ်ပယ်ခံရဖို့အထိ နီးစပ်ခဲ့တဲ့ အာတီတာက အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့ပြီး ဒီနိုင်ပွဲနဲ့အတူ အဆင့် ၅ နေရာအထိကိုပါ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi Version

စေနေန႕ရဲ႕ အေစာဆုံးပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္တဲ့ လက္စတာနဲ႕ အာဆင္နယ္ပြဲကေတာ့ အႀကိတ္ဘအနယ္ရွိခဲ့ပါတယ္။ ဂိုးေတြေစာေစာစီးစီးရခဲ့တဲ့ အာဆင္နယ္တို႔

အေဝးကြင္းမွာ သက္ေတာင့္သက္သာနဲ႕ ကစားနိုင္ခဲ့ၿပီး လက္စတာက ေခ်ပဂိုးရဖို႔အားထုတ္မႈေတြကလည္း ဂိုးသမားရမ့္ေဒးစ္ရဲ႕ လက္စြမ္းျပမႈေတြေၾကာင့္ နစ္နာခဲ့ရတာပါ။

ပြဲအစ ၅ မိနစ္မွာကတည္းက ေထာင့္ကန္ေဘာကတဆင့္ ဂါဘရီယယ္က ေခါင္းတိုက္သြင္းၿပီး အဖြင့္ဂိုးရယူခဲ့သလို ၁၈ မိနစ္မွာ ေျခစြမ္းျပေနတဲ့ စမစ္ရိုးက ေနာက္ထပ္တစ္ဂိုးကို အပိုင္ကန္သြင္းယူေပးခဲ့တာပါ။

ေနာက္ဆုံးပြဲေတြမွာ တစ္ပြဲကို အနည္းဆုံး ၂ဂိုးႏႈန္းသြင္းယူေနတဲ့ အာဆင္နယ္တိုက္စစ္က အလုပ္ျဖစ္ေနခဲ့ၿပီး လက္စတာတို႔ မထိန္းနိုင္ခဲ့ပါဘူး။ အာဆင္နယ္အတြက္ တိုက္စစ္မႉးေတြမဟုတ္ဘဲ ကြင္းလယ္နဲ႕ ေနာက္ခံလူေတြ ဂိုးသြင္းေျခေတြ႕ေနတာကလည္း ခ်ီးက်ဴးစရာပါ။

ဂိုးရၿပီးေနာက္မွာ အာဆင္နယ္က ပြဲကို အေကာင္းဆုံးထိန္းကစားဖို႔ကို ဦးတည္ခဲ့ၿပီး လက္စတာကေတာ့ ေခ်ပဂိုးေတြရဖို႔ အားထုတ္ခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္နဲ႕ေတြ႕တိုင္း ဂိုးျမဴးေလ့ရွိတဲ့

ဗာဒီ ဂိုးေပါက္ေပ်ာက္ေနခဲ့သလို အာဆင္နယ္ဂိုးသမားရမ့္ေဒးလ္ရဲ႕ လက္စြမ္းကလည္း ေၾကာက္ခမန္းလိလိေကာင္းမြန္ေနခဲ့လို႔ ဘရန္ဒန္ေရာ္ဂ်ာရဲ႕အသင္း အိမ္ကြင္းမွာ သိကၡာဆယ္ဂိုးတစ္ဂိုးရဖို႔ေတာင္ မစြမ္းသာနိုင္ခဲ့ပါဘူး။

ဆက္တိုက္နိုင္ပြဲရေနတဲ့ အာဆင္နယ္တို႔ ခက္ခဲတဲ့ပြဲတစ္ပြဲကို အေကာင္းဆုံး ေက်ာ္ျဖတ္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အထူးသျဖင့္ လက္စတာလို ပြဲတိုင္းနီးပါးဂိုးရေနတဲ့အသင္းကို ဂိုးမေပးရေအာင္ ကစားနိုင္ခဲ့တာကို အသိအမွတ္ျပဳရမွာပါ။

ရာထူးကထုတ္ပယ္ခံရဖို႔အထိ နီးစပ္ခဲ့တဲ့ အာတီတာက အသင္းကို လမ္းေၾကာင္းမွန္ေပၚ ျပန္တင္ေပးနိုင္ခဲ့ၿပီး ဒီနိုင္ပြဲနဲ႕အတူ အဆင့္ ၅ ေနရာအထိကိုပါ ေရာက္ရွိ သြားခဲ့ၿပီ ျဖစ္ပါတယ္။