Spots news

သက်ကြီးဝါရင့်များရဲ့ ကယ်တင်မှုကြောင့် အသက်ရှုချောင်ခဲ့ရတဲ့ ဆိုးလ်ရှား

Unicode Version

ဖိအားတွေ များနေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဒီပွဲမှာ ၃-၅-၂ ပုံစံနဲ့ ထူးထူးဆန်းဆန်း ပွဲထွက်လာခဲ့ပြီး ဗာရန်း၊ မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်တို့ တစ်ပြိုင်တည်း ပွဲထွက်လာခဲ့ပါတယ်။ Wing Back တွေအဖြစ် လုခ်ရှော၊ ဝမ်ဘစ်ဆာကာ၊ ကွင်းလယ်မှာ ဖရက်ဒ်၊ တော်မီနေး၊ ဘရူနို ဖာနန်ဒက်စ်၊ တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ကာဗာနီတို့ကို တွဲဖက်ပွဲထုတ်ခဲ့ပါတယ်။

ပထမပိုင်းမှာ စပါးရဲ့ ခံစစ်မှူး ရိုမဲရိုးဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပြီးနောက် ယူနိုက်တက်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ် မ တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက မြေမကျဘောနဲ့ အကောင်းဆုံး အဆုံးသတ်နိုင် ခဲ့တာကြောင့် ယူနိုက်တက်တို့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်း ရော်နယ်ဒို နောက်တစ်ဂိုးသွင်းပေမယ့် လူကျွံနေခဲ့ပါတယ်။ စပါးကစားပုံက ဒီနည်းပြလက်ထဲမှာ အမြဲတမ်း တစ်ခုခုလိုနေသလိုဖြစ်နေပြီး နောက်ဆုံးအဆုံးသတ်ပေးပို့မှုတွေ၊ ကွင်းလယ်ပိုင်း စီးမိုးမှုတွေက အားနည်းချက်တွေရှိနေဆဲပါ။

မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယဂိုးထပ်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ရုန်းအားကတစ်ဆင့် ရော်နယ်ဒိုဖန်တီးပေးတာကို ကာဗာနီက ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ သွင်းယူသွားခဲ့ပါတယ်။  နောက်ပိုင်းမှာ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့ကို အနားပေးခဲ့ပြီး ယူနိုက်တက်တို့ ပွဲကိုထိန်းခဲ့ပါတယ်။

လူစားဝင်ကစားသမား ရပ်ရှ်ဖို့ဒ်က မာတစ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ပွဲကစားချိန် ၈၅ မိနစ်မှာ ယူနိုက်တက်အတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ပထမဆုံးနိုင်ပွဲကိုရရှိခဲ့သလို အာဆင်နယ်ရဲ့ အထက်မှာ ပြန်လည် ရပ်တည်နိုင်ခဲ့ပြီး ဖိအားတွေများနေတဲ့ ဆိုးလ်ရှားအတွက်လည်း အသက်ရှူချောင်ခဲ့ရပါတယ်။

Zawgyi Version

ဖိအားေတြ မ်ားေနတဲ့ ယူနိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ ဒီပြဲမွာ ၃-၅-၂ ပုံစံနဲ႕ ထူးထူးဆန္းဆန္း ပြဲထြက္လာခဲ့ၿပီး ဗာရန္း၊ မက္ဂြိုင္းရား၊ လင္ဒီေလာ့ဖ္တို႔ တစ္ၿပိဳင္တည္း ပြဲထြက္လာခဲ့ပါတယ္။ Wing Back ေတြအျဖစ္ လုခ္ေရွာ၊ ဝမ္ဘစ္ဆာကာ၊ ကြင္းလယ္မွာ ဖရက္ဒ္၊ ေတာ္မီေနး၊ ဘ႐ူနို ဖာနန္ဒက္စ္၊ တိုက္စစ္မွာ ေရာ္နယ္ဒိုနဲ႕ကာဗာနီတို႔ကို တြဲဖက္ပြဲထုတ္ခဲ့ပါတယ္။

ပထမပိုင္းမွာ စပါးရဲ႕ ခံစစ္မႉး ရိုမဲရိုးဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့ၿပီးေနာက္ ယူနိုက္တက္တို႔ ဦးေဆာင္ဂိုးရခဲ့ပါတယ္။ ဘ႐ူနိုဖာနန္ဒက္စ္ မ တင္ေပးလိုက္တဲ့ ေဘာလုံးကို ေရာ္နယ္ဒိုက ေျမမက်ေဘာနဲ႕ အေကာင္းဆုံး အဆုံးသတ္နိုင္ ခဲ့တာေၾကာင့္ ယူနိုက္တက္တို႔ ပထမပိုင္းမွာ ဦးေဆာင္နိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းစစခ်င္း ေရာ္နယ္ဒို ေနာက္တစ္ဂိုးသြင္းေပမယ့္ လူကြၽံေနခဲ့ပါတယ္။ စပါးကစားပုံက ဒီနည္းျပလက္ထဲမွာ အၿမဲတမ္း တစ္ခုခုလိုေနသလိုျဖစ္ေနၿပီး ေနာက္ဆုံးအဆုံးသတ္ေပးပို႔မႈေတြ၊ ကြင္းလယ္ပိုင္း စီးမိုးမႈေတြက အားနည္းခ်က္ေတြရွိေနဆဲပါ။

မိနစ္မွာေတာ့ ယူနိုက္တက္တို႔ ဒုတိယဂိုးထပ္ရခဲ့ၿပီး ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ ႐ုန္းအားကတစ္ဆင့္ ေရာ္နယ္ဒိုဖန္တီးေပးတာကို ကာဗာနီက ဂိုးသမားနဲ႕တစ္ေယာက္ခ်င္းအေတြ႕မွာ သြင္းယူသြားခဲ့ပါတယ္။  ေနာက္ပိုင္းမွာ ေရာ္နယ္ဒို၊ ဘ႐ူနိုဖာနန္ဒက္စ္တို႔ကို အနားေပးခဲ့ၿပီး ယူနိုက္တက္တို႔ ပြဲကိုထိန္းခဲ့ပါတယ္။

လူစားဝင္ကစားသမား ရပ္ရွ္ဖို႔ဒ္က မာတစ္ရဲ႕ ဖန္တီးေပးမႈကတစ္ဆင့္ ပြဲကစားခ်ိန္ ၈၅ မိနစ္မွာ ယူနိုက္တက္အတြက္ ပြဲသိမ္းဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဒီနိုင္ပြဲေၾကာင့္ ယူနိုက္တက္တို႔ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၅ ပြဲမွာ ပထမဆုံးနိုင္ပြဲကိုရရွိခဲ့သလို အာဆင္နယ္ရဲ႕ အထက္မွာ ျပန္လည္ ရပ္တည္နိုင္ခဲ့ၿပီး ဖိအားေတြမ်ားေနတဲ့ ဆိုးလ္ရွားအတြက္လည္း အသက္ရႉေခ်ာင္ခဲ့ရပါတယ္။