Unicode Version
ထုတ်ပယ်ခံရဖို့ သတင်းမွှေးနေတဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားအတွက်တော့ စပါးအသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဖိအားအနည်းငယ် လျော့ကျ သွားခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားကို သွင်းဂိုးတွေနဲ့ ကယ်တင်ခဲ့တဲ့ သူတွေကတော့ တချိန်က အသင်းဖော် အခု ကစားသမား ဖြစ်နေတဲ့ ရော်နယ်ဒို ၊ ကာဗာနီ နဲ့ မားကပ်ရက်ဖို့ တို့ပဲ ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဒီပွဲမှာ ၃-၅-၂ ပုံစံနဲ့ ထူးထူးဆန်းဆန်း ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ရော်နယ်ဒို နဲ့ ကာဗာနီကို ပြိုင်တူသုံးစွဲကာ ကစားကွက် အသစ်တစ်မျိုးနဲ့ ပွဲထွက်လာခဲ့ကာ အဆိုပါ တိုက်စစ်မှူး နှစ်ဦးကပဲ
အဖွင့်ဂိုးနဲ့ ဒုတိယ ဂိုးကိုသွင်းယူပီး ကယ်တင်ခဲ့တာကြောင့် ဗျူဟာသစ်က အလုပ်ဖြစ်တယ်လို့ ဆိုရမှာပါ ။ ပွဲအပီးမှာတော့ နည်းပြဆိုးလ်ရှားက ဝါရင့် တိုက်စစ်မှူးကြီးနှစ်ဦးကို ချီူးကျူးသွားခဲ့ပါတယ်။
ဆိုးလ်ရှားက “ပထမ ၆မိနစ် ၇မိနစ်လောက်ကလွဲရင် အတွေ့အကြုံက စကားပြောသွားတာပါပဲ။ ကျွန်တော် နောက် ၃နှစ်လောက် ဆက်ရှိရင်လည်း အင်္ဂါနေ့ လေ့ကျင့်ခန်း အစီအစဉ်က ကာဗာနီရဲ့ စွမ်းဆောင်ရည်က ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။
ရော်နယ်ဒိုနဲ့ ကာဗာနီတို့က အတူကောင်းကောင်း တွဲကစားနိုင်ပါတယ်။ သူတို့မှာ အချင်းချင်း ကြီးမားတဲ့ လေစားမှုတွေ ရှိကြပါတယ်။ သူတို့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်က အတုမရှိပါဘူး။ သူတို့ အသင်းအတွက် ဘာပဲဖြစ်ဖြစ်
ပေးဆပ်ကစားကြပါတယ်။ အသင်းက အသင်းလိုက် ကစားမှ တိုးတက်တာပါ။ တစ်ယောက်ယောက်က ယူနိုက်တက်အတွက် မကစားနိုင်ဘူးဆိုရင် သူတို့ ကစားခွင့်ရမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
Zawgyi Version