Spots news

ဘူမသိ ကိုးမသိတွေရဲ့ ဝေဖန်သံတွေကို ဂရုစိုက်မနေဘူး ဆိုတဲ့ ရော်နယ်ဒို

Unicode Version

မနေ့ကကစားခဲ့တဲ့ စပါးနဲ့ပွဲစဉ်မှာ ဝါရင့် တိုက်စစ်မှုးကြီး ရော်နယ်ဒိုက ယူနိုက်တက်အတွက် တစ်ဂိုး သွင်းယူကာ တစ်ကြိမ် ဖန်တီးပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လက်စတာနဲ့ လီဗာပူးကို ဆက်တိုက်ရှုံးနိမ့်ထားတဲ့

ယူနိုက်တက်အတွက် စပါးနဲ့ပွဲက အရေးကြီးနေခဲ့ပြီး ရလဒ်ကောင်းမဖြစ်မနေရရှိဖို့ လိုအပ်နေခဲ့ချိန််မှာ ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှု၊ ဖာနန်ဒက်စ်ရဲ့ တိကျတဲ့ ဖန်တီးပေးမှုတွေက အသင်းကို နိုင်ပွဲရရှိစေခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့ပြီးနောက် ရော်နယ်ဒိုက သူတို့အသင်းကို ချာတူးလံလို့ ဝေဖန်ပြောဆိုမှုတွေအပေါ်မှာ စိတ်အနှောင့်အယှက်မဖြစ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပြောဆိုမှုတွေအပေါ်မှာလည်း ဂရုစိုက်မှုအလျဉ်းမရှိဘူးလို့ ပေါ်တူဂီတိုက်စစ်မှူးက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

“ဘောလုံး လောကမှာ ကျွန်တော် ကစားလာတာ ၁၈ နှစ် ရှိပါပြီ ။ ဝေဖန်မှုတွေ ကျွန်တော့ကို စိတ်အနှောက်အယှက် မပေးတော့ ပါဘူး။ လူတွေက ဒီလိုပါပဲ ၊ တနေ့မှာ ချီးကျူးနေပြီး လိုချင်သလို ဖြစ်မလာတဲ့ နောက်တရက်မှာတော့ ကျွန်တော်တို့ကို ဖွတ်ကျားတွေ၊ ချာတူးလံတွေလို့ သူတို့ပြောမယ်ဆိုတာ သိပြီးသားပါ”

” ဒီဝေဖန်မှုတွေကို ကျွန်တော်တို့ ရင်ဆိုင် ဖြေရှင်းနိုင်ရ ပါမယ် ။ ဝေဖန်သံတွေကို ဂရုမစိုက်ဘူး ဆိုပေမယ့် ချီးကျူးခံရတာက ပိုပြီး ပျော်ရွှင်စရာ ကောင်းတယ်ဆိုတာ ကိုတော့ မေ့ထားလို့ မရပါဘူး။ ဒီလိုပဲ ခါးသီးတဲ့ အခိုက်အတန့်တွေကို ကြုံရမှာပါ ။ ဒါတွေကို ချန်ထားခဲ့ပြီး ပိုကောင်းတဲ့ ပြောင်းလဲမှုတွေ နဲ့ ရှေ့ဆက် ရမှာပါပဲ ။”

“အသင်းက ဖိအားတွေအောက်မှာ နည်းနည်းတော့ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့မှာ အဖြေကောင်းတစ်ခုကို ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်၊ကောင်းကောင်းကစားနိုင်ခဲ့ပြီး၊ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်၊ ကျွန်တော့်အတွေ့အကြုံနဲ့

အသင်းကို ကူညီနိုင်ခဲ့တယ်၊ သွင်းဂိုး၊ ဖန်တီးမှုတွေလုပ်နိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်၊ ဒါပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်က မယုံနိုင်စရာပါ” လို့ ရော်နယ်ဒိုက ယူနိုက်တက် တရားဝင် ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့ပါတယ်။

Zawgyi Version

မေန႕ကကစားခဲ့တဲ့ စပါးနဲ႕ပြဲစဥ္မွာ ဝါရင့္ တိုက္စစ္မႈးႀကီး ေရာ္နယ္ဒိုက ယူနိုက္တက္အတြက္ တစ္ဂိုး သြင္းယူကာ တစ္ႀကိမ္ ဖန္တီးေပးၿပီး ေျခစြမ္းျပနိုင္ခဲ့ပါတယ္။ လက္စတာနဲ႕ လီဗာပူးကို ဆက္တိုက္ရႈံးနိမ့္ထားတဲ့

ယူနိုက္တက္အတြက္ စပါးနဲ႕ပြဲက အေရးႀကီးေနခဲ့ၿပီး ရလဒ္ေကာင္းမျဖစ္မေနရရွိဖို႔ လိုအပ္ေနခဲ့ခ်ိန္္မွာ ေရာ္နယ္ဒိုရဲ႕ ေျခစြမ္းျပမႈ၊ ဖာနန္ဒက္စ္ရဲ႕ တိက်တဲ့ ဖန္တီးေပးမႈေတြက အသင္းကို နိုင္ပြဲရရွိေစခဲ့ပါတယ္။

ဒီပြဲကို အနိုင္ရရွိခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုက သူတို႔အသင္းကို ခ်ာတူးလံလို႔ ေဝဖန္ေျပာဆိုမႈေတြအေပၚမွာ စိတ္အေႏွာင့္အယွက္မျဖစ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ ေျပာဆိုမႈေတြအေပၚမွာလည္း ဂ႐ုစိုက္မႈအလ်ဥ္းမရွိဘူးလို႔ ေပၚတူဂီတိုက္စစ္မႉးက ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

“ေဘာလုံး ေလာကမွာ ကြၽန္ေတာ္ ကစားလာတာ ၁၈ ႏွစ္ ရွိပါၿပီ ။ ေဝဖန္မႈေတြ ကြၽန္ေတာ့ကို စိတ္အေႏွာက္အယွက္ မေပးေတာ့ ပါဘူး။ လူေတြက ဒီလိုပါပဲ ၊ တေန႕မွာ ခ်ီးက်ဴးေနၿပီး လိုခ်င္သလို ျဖစ္မလာတဲ့ ေနာက္တရက္မွာေတာ့ ကြၽန္ေတာ္တို႔ကို ဖြတ္က်ားေတြ၊ ခ်ာတူးလံေတြလို႔ သူတို႔ေျပာမယ္ဆိုတာ သိၿပီးသားပါ”

” ဒီေဝဖန္မႈေတြကို ကြၽန္ေတာ္တို႔ ရင္ဆိုင္ ေျဖရွင္းနိုင္ရ ပါမယ္ ။ ေဝဖန္သံေတြကို ဂ႐ုမစိုက္ဘူး ဆိုေပမယ့္ ခ်ီးက်ဴးခံရတာက ပိုၿပီး ေပ်ာ္႐ႊင္စရာ ေကာင္းတယ္ဆိုတာ ကိုေတာ့ ေမ့ထားလို႔ မရပါဘူး။ ဒီလိုပဲ ခါးသီးတဲ့ အခိုက္အတန႔္ေတြကို ႀကဳံရမွာပါ ။ ဒါေတြကို ခ်န္ထားခဲ့ၿပီး ပိုေကာင္းတဲ့ ေျပာင္းလဲမႈေတြ နဲ႕ ေရွ႕ဆက္ ရမွာပါပဲ ။”

“အသင္းက ဖိအားေတြေအာက္မွာ နည္းနည္းေတာ့ရွိေနခဲ့ပါတယ္၊ ဒါေပမယ့္ ဒီေန႕မွာ အေျဖေကာင္းတစ္ခုကို ေပးနိုင္မယ္ဆိုတာ ကြၽန္ေတာ္တို႔သိခဲ့ပါတယ္၊ေကာင္းေကာင္းကစားနိုင္ခဲ့ၿပီး၊ ပြဲကို အေကာင္းဆုံးစတင္နိုင္ခဲ့ပါတယ္၊ ကြၽန္ေတာ့္အေတြ႕အႀကဳံနဲ႕

အသင္းကို ကူညီနိုင္ခဲ့တယ္၊ သြင္းဂိုး၊ ဖန္တီးမႈေတြလုပ္နိုင္ခဲ့လို႔ ေပ်ာ္႐ႊင္ရပါတယ္၊ ဒါေပမယ့္ အသင္းရဲ႕စြမ္းေဆာင္ရည္က မယုံနိုင္စရာပါ” လို႔ ေရာ္နယ္ဒိုက ယူနိုက္တက္ တရားဝင္ ဝက္ဘ္ဆိုက္ကတဆင့္ ေျပာဆိုခဲ့ပါတယ္။