Spots news

ဂျူဗင်တပ်အသင်းဟာ အလယ်လတ်အဆင့်သာ ရှိတော့ကြောင်း နည်းပြအယ်လီဂရီ ဝန်ခံ

Unicode Version

စီးရီးအေ ချန်ပီယံဆုကို ရှစ်နှစ်ဆက်တိုက် ရယူခဲ့ပြီး အီတလီရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီ ကတော့ ဗီရိုနာအသင်းနဲ့ ပွဲစဉ်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ ဂျူဗင်တပ် အသင်းဟာ စီးရီးအေရဲ့ အလယ်အလတ် အဆင့်သာ ရှိတော့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး စီးရီးအေပြိုင်ပွဲမှာ ၁၁ပွဲ ကစားထားရာ ၄ပွဲနိုင် ၃ပွဲသရေ ၄ပွဲရှုံး ရလဒ်နဲ့ ရမှတ် ၁၅မှတ်သာ စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်၉နေရာ အထိ ရောက်ရှိနေပါတယ်။

ဂျူဗင်တပ်အသင်းဟာ စီးရီးအေပြိုင်ပွဲရဲ့ ပွဲစဉ်၁၁ အဖြစ် ဗီရိုနာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာမှာလည်း ခြေစွမ်းပိုင်း အသာစီးမရခဲ့ပဲ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ဗီရိုနာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီက သူတို့အသင်းဟာ အလယ်အလတ်အသင်း ဖြစ်သွားပြီလို့ ဝန်ခံသွားခဲ့ပြီး အခုလို အခြေအနေဆိုးတွေ ကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လိုအပ်ကြောင်း အသင်းသားတွေ သတိပေးသွားခဲ့ပါတယ်။

အယ်လီဂရီက “အခုချိန်မှာ စကားများများ ပြောတာက အဓိပ္ပါယ် မရှိပါဘူး။ ကျွန်တော်တို့က ဆိုးရွားတဲ့ အခြေအနေ တခုထဲ ကျရောက်နေပါတယ်။ ကျွန်တော်တို့က ပကတိ အရှိတရားကိုလည်း လက်ခံနိုင်ရပါမယ်။ အခုဆိုရင် ကျွန်တော်တို့က အလယ်အလတ်အသင်း တသင်း ဖြစ်နေပါပြီ။

ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့တွေ ဆုံးဖြတ်ချက် ပြတ်သားရမယ်။ အခြေအနေဆိုးထဲ ကနေ ရုန်းထွက်ဖို့ အတွက် ကျွန်တော်တို့တွေ ကိုယ့်အားကိုယ်ကိုးဖို့ လိုအပ်ပါတယ်။ ဝမ်းနည်းနေလို့ မရပါဘူး။ ကျွန်တော်တို့က ဘာတွေ လုပ်ရမလဲ ဆိုတာကို အာရုံစိုက်ရမယ်။ ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစားရပါမယ်” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

စီးရီးေအ ခ်န္ပီယံဆုကို ရွစ္ႏွစ္ဆက္တိုက္ ရယူခဲ့ၿပီး အီတလီရဲ႕ အသင္းႀကီးတစ္သင္းျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းရဲ႕ နည္းျပျဖစ္သူ အယ္လီဂရီ ကေတာ့ ဗီရိုနာအသင္းနဲ႕ ပြဲစဥ္မွာ အရွက္တကြဲ ရႈံးနိမ့္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္ အသင္းဟာ စီးရီးေအရဲ႕ အလယ္အလတ္ အဆင့္သာ ရွိေတာ့ေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ပုံမွန္ ေျခစြမ္းေကာင္းေတြ ျပသနိုင္ဖို႔ ႐ုန္းကန္ေနရၿပီး စီးရီးေအၿပိဳင္ပြဲမွာ ၁၁ပြဲ ကစားထားရာ ၄ပြဲနိုင္ ၃ပြဲသေရ ၄ပြဲရႈံး ရလဒ္နဲ႕ ရမွတ္ ၁၅မွတ္သာ စုေဆာင္းထားနိုင္ကာ အမွတ္ေပးဇယားရဲ႕ အဆင့္၉ေနရာ အထိ ေရာက္ရွိေနပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ စီးရီးေအၿပိဳင္ပြဲရဲ႕ ပြဲစဥ္၁၁ အျဖစ္ ဗီရိုနာအသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ခဲ့ရာမွာလည္း ေျခစြမ္းပိုင္း အသာစီးမရခဲ့ပဲ သြင္းဂိုးေတြ သြင္းယူနိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ၂-၁ ဆိုတဲ့ ရလဒ္နဲ႕ အရႈံးေပးခဲ့ရပါတယ္။

ဗီရိုနာအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာေတာ့ ဂ်ဴဗင္တပ္အသင္းရဲ႕ နည္းျပျဖစ္သူ အယ္လီဂရီက သူတို႔အသင္းဟာ အလယ္အလတ္အသင္း ျဖစ္သြားၿပီလို႔ ဝန္ခံသြားခဲ့ၿပီး အခုလို အေျခအေနဆိုးေတြ ကေန အျမန္ဆုံး ႐ုန္းထြက္နိုင္ဖို႔ လိုအပ္ေၾကာင္း အသင္းသားေတြ သတိေပးသြားခဲ့ပါတယ္။

အယ္လီဂရီက “အခုခ်ိန္မွာ စကားမ်ားမ်ား ေျပာတာက အဓိပၸါယ္ မရွိပါဘူး။ ကြၽန္ေတာ္တို႔က ဆိုး႐ြားတဲ့ အေျခအေန တခုထဲ က်ေရာက္ေနပါတယ္။ ကြၽန္ေတာ္တို႔က ပကတိ အရွိတရားကိုလည္း လက္ခံနိုင္ရပါမယ္။ အခုဆိုရင္ ကြၽန္ေတာ္တို႔က အလယ္အလတ္အသင္း တသင္း ျဖစ္ေနပါၿပီ။

ဒီလို အေျခအေနကေန ႐ုန္းထြက္နိုင္ဖို႔ ကြၽန္ေတာ္တို႔ေတြ ဆုံးျဖတ္ခ်က္ ျပတ္သားရမယ္။ အေျခအေနဆိုးထဲ ကေန ႐ုန္းထြက္ဖို႔ အတြက္ ကြၽန္ေတာ္တို႔ေတြ ကိုယ့္အားကိုယ္ကိုးဖို႔ လိုအပ္ပါတယ္။ ဝမ္းနည္းေနလို႔ မရပါဘူး။ ကြၽန္ေတာ္တို႔က ဘာေတြ လုပ္ရမလဲ ဆိုတာကို အာ႐ုံစိုက္ရမယ္။ ရလဒ္ေကာင္းေတြ ရရွိေအာင္ ႀကိဳးစားရပါမယ္” လို႔ ေျပာၾကားခဲ့တာပါ။