Spots news

အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်ပြသနာ ရှိလာနိုင်တဲ့ လီဗာပူး

Unicode Version

စနေညမှာ  ဘရိုက်တန်အသင်းနဲ့ ၂-၂ သရေကျတဲ့ ပွဲတွင် လီဗာပူးအသင်းမှာ ကွင်းလယ်လူ နာဘီကေတာ ဒဏ်ရာရရှိသွားခဲ့လို့ လူစားလဲခဲ့ရပါတယ်။ ဘရိုက်တန်နဲ့ပွဲမတိုင်ခင် လီဗာပူးဟာ ၅ပွဲဆက်တိုက် အနိုင်နဲ့ လာကစားခဲ့တာဖြစ်ပြီး ပွဲတိုင်းလည်း ဂိုးတွေမြူးခဲ့ပါတယ်။

ဒါကြောင့် ပွဲအစမှာဘဲ ဟန်ဒါဆန်က ဂိုးသွင်းယူခဲ့ပြီး လီဗာပူးအသင်းတာထွက်လှခဲ့ပါတယ်။ သို့သော်လည်း ကွင်းလယ်လူ နာဘီကေတာ မိနစ်၂၀အရောက်တွင် ညာခြေကျင်းဝတ်မှာ ဒဏ်ရာရသွားခဲ့ပြီး ချိန်ဘာလိန်နဲ့ လူစားလဲခဲ့ရပါတယ်။

ကေတာထွက်သွားပြီး မကြာခင် လီဗာပူးအသင်း မာနေးရဲ့ ခေါင်းတိုက်ဂိုးဖြင့် နောက်တစ်ဂိုးထပ်ရခဲ့ပေမယ့် လက်ကျန်ပွဲချိန်တွေမှာ ကွင်းလယ်ပိုင်း စိုးမိုးမှု ပျောက်ဆုံးခဲ့ပါတယ်။ ကွင်းလယ်ပိုင်းအားနည်းသွားတဲ့ လီဗာပူးကို ဘရိုက်တန်ကောင်းကောင်းဖိနိုင်ခဲ့ပြီး ချေပဂိုးတွေ ပြန်သွင်းယူနိုင်ကာ သရေတစ်မှတ်ခွဲယူသွားပါတယ်။

ကေတာဟာ ပြီးခဲ့တဲ့ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ပွဲစဉ်မှာလည်း ဒဏ်ရာရကာ လူစားလဲခဲ့ရသူဖြစ်ပြီး ကလော့ပ်အနေနဲ့ ဘရိုက်တန်နဲ့ပွဲမှာ ကွင်းလယ်တွင် ကစားသမားအားနည်းမှုနဲ့အတူ ကေတာကို အရဲစွန့်ထုတ်သုံးခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဖာဘင်ဟို၊ သီယာဂို၊ ဂျိမ်းစ်မီနာတို့အပြင် နာဘီကေတာပါ ဒဏ်ရာရသွားမှုကြောင့် ကြားရက် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လီဗာပူးနည်းပြကလော့ပ် ကွင်းလယ်ပိုင်းမှာ ကစားသမား အခက်အခဲတွေ ကြုံတွေ့ရဖို့ ရှိနေပါတယ်။

Zawgyi Version

စေနညမွာ  ဘရိုက္တန္အသင္းနဲ႕ ၂-၂ သေရက်တဲ့ ပြဲတြင္ လီဗာပူးအသင္းမွာ ကြင္းလယ္လူ နာဘီေကတာ ဒဏ္ရာရရွိသြားခဲ့လို႔ လူစားလဲခဲ့ရပါတယ္။ ဘရိုက္တန္နဲ႕ပြဲမတိုင္ခင္ လီဗာပူးဟာ ၅ပြဲဆက္တိုက္ အနိုင္နဲ႕ လာကစားခဲ့တာျဖစ္ၿပီး ပြဲတိုင္းလည္း ဂိုးေတြျမဴးခဲ့ပါတယ္။

ဒါေၾကာင့္ ပြဲအစမွာဘဲ ဟန္ဒါဆန္က ဂိုးသြင္းယူခဲ့ၿပီး လီဗာပူးအသင္းတာထြက္လွခဲ့ပါတယ္။ သို႔ေသာ္လည္း ကြင္းလယ္လူ နာဘီေကတာ မိနစ္၂၀အေရာက္တြင္ ညာေျခက်င္းဝတ္မွာ ဒဏ္ရာရသြားခဲ့ၿပီး ခ်ိန္ဘာလိန္နဲ႕ လူစားလဲခဲ့ရပါတယ္။

ေကတာထြက္သြားၿပီး မၾကာခင္ လီဗာပူးအသင္း မာေနးရဲ႕ ေခါင္းတိုက္ဂိုးျဖင့္ ေနာက္တစ္ဂိုးထပ္ရခဲ့ေပမယ့္ လက္က်န္ပြဲခ်ိန္ေတြမွာ ကြင္းလယ္ပိုင္း စိုးမိုးမႈ ေပ်ာက္ဆုံးခဲ့ပါတယ္။ ကြင္းလယ္ပိုင္းအားနည္းသြားတဲ့ လီဗာပူးကို ဘရိုက္တန္ေကာင္းေကာင္းဖိနိုင္ခဲ့ၿပီး ေခ်ပဂိုးေတြ ျပန္သြင္းယူနိုင္ကာ သေရတစ္မွတ္ခြဲယူသြားပါတယ္။

ေကတာဟာ ၿပီးခဲ့တဲ့ အိုးထရက္ဖို႔ဒ္မွာ ကစားတဲ့ ပြဲစဥ္မွာလည္း ဒဏ္ရာရကာ လူစားလဲခဲ့ရသူျဖစ္ၿပီး ကေလာ့ပ္အေနနဲ႕ ဘရိုက္တန္နဲ႕ပြဲမွာ ကြင္းလယ္တြင္ ကစားသမားအားနည္းမႈနဲ႕အတူ ေကတာကို အရဲစြန့္ထုတ္သုံးခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ဖာဘင္ဟို၊ သီယာဂို၊ ဂ်ိမ္းစ္မီနာတို႔အျပင္ နာဘီေကတာပါ ဒဏ္ရာရသြားမႈေၾကာင့္ ၾကားရက္ အက္သလက္တီကိုနဲ႕ ခ်န္ပီယံလိဂ္ပြဲအတြက္ လီဗာပူးနည္းျပကေလာ့ပ္ ကြင္းလယ္ပိုင္းမွာ ကစားသမား အခက္အခဲေတြ ႀကဳံေတြ႕ရဖို႔ ရွိေနပါတယ္။