Spots news

ရော်နယ်ဒို ကာဗာနီ တို့ရဲ့ ပါးနပ်တဲ့ အတွေ့အကြုံတွေကို နည်းပြဆိုးလ်ရှား ချီးကျူး

Unicode Version

မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ စပါးအသင်းနဲ့ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို ကာဗာနီ ရက်ဖိုဒ့်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ရလဒ်ဆိုးတွေအောက်ကနေ လွတ်ထွက်လာနိုင်ခဲ့သလို နည်းပြ ဆိုးလ်ရှားမှာလည်း ဖိအားတွေကနေ အနည်းငယ် လွတ်မြောက်လာခဲ့ရပါတယ်။

ဒီပွဲမှာ ရော်နယ်ဒိုက ယူနိုက်တက်အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်တင်ပေးပို့မှုကနေတစ်ဆင့် အကောင်းဆုံး အဆုံးသတ်မျိုးနဲ့ သွင်းယူနိုင်ခဲ့သလို ဒုတိယမြောက် ဂိုးကိုလည်း ရော်နယ်ဒိုရဲ့ ပေးပို့မှုကနေတစ်ဆင့် ဒီရာသီမှာ ယူနိုက်တက်အတွက် သွင်းဂိုးမရယူနိုင်သေးတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီက သွင်းယူနိုင်ခဲ့ပါတယ်။

ရလဒ်ဆိုးတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအတော်စားလာခဲ့ရတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာလဲ စပါးအသင်းနဲ့ ပွဲစဉ်အထိ အသင်းကို ဆက်လက်ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး ဒီပွဲစဉ်မှာလည်း သူ့ကို ရော်နယ်ဒို ကာဗာနီ အပါအဝင် တိုက်စစ်မှူး ရက်ဖိုဒ့်တို့ကနေ သွင်းဂိုးတွေနဲ့ အတူ ကယ်တင်သွားနိုင် ခဲ့ပါတယ်။

ဒီနိုင်ပွဲနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက “အက်ဒီဆန် ကာဗာနီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ရဲ့ အတွေ့အကြုံတွေက တကယ့်ကို ကြီးမားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို လိုအပ်တယ်။ ဒါကို ကျွန်တော် ဖုံးကွယ်လို့ မရနိုင်ဘူး။ ဒီတစ်ပတ်တာအတွင်းက အသင်းရဲ့ ကစားသမားတွေအားလုံးအတွက် ခက်ခဲခဲ့ပါတယ်။

သူတို့က ဒီအခြေအနေကနေ ရုန်းထွက်ကြမှာပါ။ ဒီလို အခြေအနေမျိုးမှာ အတွေ့အကြုံကောင်းတွေက တကယ်ကို လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၅ နေရာထိ ပြန်လည်တက်လှမ်းခဲ့ပြီး နည်းပြဆိုးလ်ရှား အနေနဲ့လဲ ယူနိုက်တက်မှာ အသက်ဆက်ခွင့် ရသွားခဲ့ပါတယ်။

Zawgyi Version

မေန႕ညက ယွဥ္ၿပိဳင္ကစားသြားခဲ့ၾကတဲ့ စပါးအသင္းနဲ႕ ယူနိုက္တက္ အသင္းတို႔ရဲ႕ ပြဲစဥ္မွာ ယူနိုက္တက္ အသင္းက အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္ဒို ကာဗာနီ ရက္ဖိုဒ့္တို႔ရဲ႕ သြင္းဂိုးေတြနဲ႕ ဂိုးျပတ္အနိုင္ရခဲ့ၿပီး ရလဒ္ဆိုးေတြေအာက္ကေန လြတ္ထြက္လာနိုင္ခဲ့သလို နည္းျပ ဆိုးလ္ရွားမွာလည္း ဖိအားေတြကေန အနည္းငယ္ လြတ္ေျမာက္လာခဲ့ရပါတယ္။

ဒီပြဲမွာ ေရာ္နယ္ဒိုက ယူနိုက္တက္အသင္းအတြက္ အေရးပါတဲ့ အဖြင့္ဂိုးကို ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ ကန္တင္ေပးပို႔မႈကေနတစ္ဆင့္ အေကာင္းဆုံး အဆုံးသတ္မ်ိဳးနဲ႕ သြင္းယူနိုင္ခဲ့သလို ဒုတိယေျမာက္ ဂိုးကိုလည္း ေရာ္နယ္ဒိုရဲ႕ ေပးပို႔မႈကေနတစ္ဆင့္ ဒီရာသီမွာ ယူနိုက္တက္အတြက္ သြင္းဂိုးမရယူနိုင္ေသးတဲ့ ဝါရင့္တိုက္စစ္မႉးႀကီး ကာဗာနီက သြင္းယူနိုင္ခဲ့ပါတယ္။

ရလဒ္ဆိုးေတြေၾကာင့္ နည္းျပရာထူးကေန ထုတ္ပယ္ခံရဖို႔ ေရပန္းအေတာ္စားလာခဲ့ရတဲ့ ယူနိုက္တက္နည္းျပ ဆိုးလ္ရွားဟာလဲ စပါးအသင္းနဲ႕ ပြဲစဥ္အထိ အသင္းကို ဆက္လက္ကိုင္တြယ္ခြင့္ ရရွိခဲ့ၿပီး ဒီပြဲစဥ္မွာလည္း သူ႕ကို ေရာ္နယ္ဒို ကာဗာနီ အပါအဝင္ တိုက္စစ္မႉး ရက္ဖိုဒ့္တို႔ကေန သြင္းဂိုးေတြနဲ႕ အတူ ကယ္တင္သြားနိုင္ ခဲ့ပါတယ္။

ဒီနိုင္ပြဲနဲ႕ပတ္သက္ၿပီး နည္းျပဆိုးလ္ရွားက “အက္ဒီဆန္ ကာဗာနီနဲ႕ ခရစၥတီယာနို ေရာ္နယ္ဒိုတို႔ရဲ႕ အေတြ႕အႀကဳံေတြက တကယ့္ကို ႀကီးမားပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႕ ဒါကို လိုအပ္တယ္။ ဒါကို ကြၽန္ေတာ္ ဖုံးကြယ္လို႔ မရနိုင္ဘူး။ ဒီတစ္ပတ္တာအတြင္းက အသင္းရဲ႕ ကစားသမားေတြအားလုံးအတြက္ ခက္ခဲခဲ့ပါတယ္။

သူတို႔က ဒီအေျခအေနကေန ႐ုန္းထြက္ၾကမွာပါ။ ဒီလို အေျခအေနမ်ိဳးမွာ အေတြ႕အႀကဳံေကာင္းေတြက တကယ္ကို လိုအပ္ပါတယ္” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။ ဒီနိုင္ပြဲေၾကာင့္ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ အဆင့္ ၅ ေနရာထိ ျပန္လည္တက္လွမ္းခဲ့ၿပီး နည္းျပဆိုးလ္ရွား အေနနဲ႕လဲ ယူနိုက္တက္မွာ အသက္ဆက္ခြင့္ ရသြားခဲ့ပါတယ္။