Spots news

ရော်နယ်ဒိုရဲ့ဂိုးဟာ ပြောင်မြောက်လွန်းတဲ့ ဂိုးဖြစ်ကြောင်း မနေနိုင်ပဲချီးကျူးခဲ့ရတဲ့ ဒီဖိုး

Unicode Version

မနေ့ကကစားခဲ့တဲ့ စပါးနဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဝါရင့် တိုက်စစ်မှုးကြီး ရော်နယ်ဒိုက ယူနိုက်တက်အတွက် ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှု ကတဆင့် တစ်ဂိုး သွင်းယူကာ အသင်းဖော် ကာဗာနီကို တစ်ကြိမ် ဖန်တီးပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

လက်စတာနဲ့ လီဗာပူးကို ဆက်တိုက်ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်အတွက် စပါးနဲ့ပွဲက အရေးကြီးနေခဲ့ပြီး ရလဒ်ကောင်းမဖြစ်မနေရရှိဖို့ လိုအပ်နေခဲ့ချိန််မှာ ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှု၊ ဖာနန်ဒက်စ်ရဲ့ တိကျတဲ့ ဖန်တီးပေးမှုတွေက အသင်းကို နိုင်ပွဲရရှိစေခဲ့ပါတယ်။

ယူနိုက်တက်အတွက် ပထမဆုံး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒို ဟာ ပထမပိုင်း ၃၉ မိနစ် မှာ ပေါ်တူဂီ အသင်းဖော် ဘရူနို ဖာနန်ဒက်စ် မ တင် ပေးလိုက်တဲ့ ဘောလုံးကို ထောင့်ကျဉ်း အနေအထား ကနေ မြေမကျဘော လှလှပပ အဆုံးသတ်ပြီး ယူနိုက်တက် ကို အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။

ဒီဂိုးမှာ ရော်နယ်ဒို ဟာ စပါးနောက်ခံလူ နဲ့ အပြိုင် ခေါင်းယှဉ် မတိုင်ဘဲ ( ခေါင်းတိုက်ချက် မထိမှာကို ) စောင့်ဆိုင်းနေခဲ့ကာ ဘောလုံးရောက်လာချိန်မှာတော့ ညာခြေနဲ့ ထိထိမိမိ ကန်သွင်းယူ ခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးဟာ စပါး ဂိုးသမားကြီး လိုရစ် ရဲ့ ညာဘက်ထောင့်ထဲ ကို တန်းဝင် သွားခဲ့ပြီး Sky Sports ကနေတင်ဆက် နေတဲ့

စပါး နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒီဖိုးရဲ့ ချီးကျူးမှုကို ရရှိစေခဲ့ပါတယ်။ ဒီဂိုးက တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ ရော်နယ်ဒို ရဲ့အရွေ့ ၊ ဖြတ်တင်လိုက်တဲ့ ဘောလုံး လမ်းကြောင်း ၊ ကန်ချက် နဲ့ ဘောလုံးထွက်သွားပုံတွေက တကယ့်ကို ပြီးပြည့်စုံခဲ့ပါတယ်။

ရော်နယ်ဒိုက ကန်လို့အကောင်းဆုံး ပုံစံဖြစ်အောင် တလှမ်း ဆုတ်လိုက်တာ ၊ ဘောလုံး ကျလာမှာကို မှန်းဆ နိုင်တာတွေက တကယ့်ကို ပြောင်မြောက် ခဲ့ပါတယ်။ လူငယ်တွေအတွက် အတုယူစရာ ဂိုးတဂိုးပါပဲ” လို့ ဂျာမိန်းဒီဖိုးက ချီးကျုးပြောဆို သွားခဲ့ ပါတယ်။

Zawgyi Version

မေန႕ကကစားခဲ့တဲ့ စပါးနဲ႕ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္ ဝါရင့္ တိုက္စစ္မႈးႀကီး ေရာ္နယ္ဒိုက ယူနိုက္တက္အတြက္ ဘ႐ူနို ဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးမႈ ကတဆင့္ တစ္ဂိုး သြင္းယူကာ အသင္းေဖာ္ ကာဗာနီကို တစ္ႀကိမ္ ဖန္တီးေပးၿပီး ေျခစြမ္းျပနိုင္ခဲ့ပါတယ္။

လက္စတာနဲ႕ လီဗာပူးကို ဆက္တိုက္ရႈံးနိမ့္ထားတဲ့ ယူနိုက္တက္အတြက္ စပါးနဲ႕ပြဲက အေရးႀကီးေနခဲ့ၿပီး ရလဒ္ေကာင္းမျဖစ္မေနရရွိဖို႔ လိုအပ္ေနခဲ့ခ်ိန္္မွာ ေရာ္နယ္ဒိုရဲ႕ ေျခစြမ္းျပမႈ၊ ဖာနန္ဒက္စ္ရဲ႕ တိက်တဲ့ ဖန္တီးေပးမႈေတြက အသင္းကို နိုင္ပြဲရရွိေစခဲ့ပါတယ္။

ယူနိုက္တက္အတြက္ ပထမဆုံး အဖြင့္ဂိုးကို သြင္းယူေပးခဲ့တဲ့ ေရာ္နယ္ဒို ဟာ ပထမပိုင္း ၃၉ မိနစ္ မွာ ေပၚတူဂီ အသင္းေဖာ္ ဘ႐ူနို ဖာနန္ဒက္စ္ မ တင္ ေပးလိုက္တဲ့ ေဘာလုံးကို ေထာင့္က်ဥ္း အေနအထား ကေန ေျမမက်ေဘာ လွလွပပ အဆုံးသတ္ၿပီး ယူနိုက္တက္ ကို အဖြင့္ဂိုး ရယူေပးခဲ့ပါတယ္။

ဒီဂိုးမွာ ေရာ္နယ္ဒို ဟာ စပါးေနာက္ခံလူ နဲ႕ အၿပိဳင္ ေခါင္းယွဥ္ မတိုင္ဘဲ ( ေခါင္းတိုက္ခ်က္ မထိမွာကို ) ေစာင့္ဆိုင္းေနခဲ့ကာ ေဘာလုံးေရာက္လာခ်ိန္မွာေတာ့ ညာေျခနဲ႕ ထိထိမိမိ ကန္သြင္းယူ ခဲ့တာပဲျဖစ္ပါတယ္။ ေဘာလုံးဟာ စပါး ဂိုးသမားႀကီး လိုရစ္ ရဲ႕ ညာဘက္ေထာင့္ထဲ ကို တန္းဝင္ သြားခဲ့ၿပီး Sky Sports ကေနတင္ဆက္ ေနတဲ့

စပါး နဲ႕ အဂၤလန္ တိုက္စစ္မႉးေဟာင္း ဒီဖိုးရဲ႕ ခ်ီးက်ဴးမႈကို ရရွိေစခဲ့ပါတယ္။ ဒီဂိုးက တကယ့္ကို မယုံၾကည္နိုင္စရာပါပဲ။ ေရာ္နယ္ဒို ရဲ႕အေ႐ြ႕ ၊ ျဖတ္တင္လိုက္တဲ့ ေဘာလုံး လမ္းေၾကာင္း ၊ ကန္ခ်က္ နဲ႕ ေဘာလုံးထြက္သြားပုံေတြက တကယ့္ကို ၿပီးျပည့္စုံခဲ့ပါတယ္ ။

ေရာ္နယ္ဒိုက ကန္လို႔အေကာင္းဆုံး ပုံစံျဖစ္ေအာင္ တလွမ္း ဆုတ္လိုက္တာ ၊ ေဘာလုံး က်လာမွာကို မွန္းဆ နိုင္တာေတြက တကယ့္ကို ေျပာင္ေျမာက္ ခဲ့ပါတယ္။ လူငယ္ေတြအတြက္ အတုယူစရာ ဂိုးတဂိုးပါပဲ” လို႔ ဂ်ာမိန္းဒီဖိုးက ခ်ီးက်ဳးေျပာဆို သြားခဲ့ ပါတယ္ ။