Spots news

သူ့ရဲ့နံပါတ်ဟောင်းကို ၀တ်ဆင်မယ့် ကစားသမားသစ်အတွက် သတင်းစကားပါးလိုက်တဲ့ ရပ်ဖို့ဒ်

နွေရာသီကတည်းက ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ဗီဇာကိစ္စတွေ ကြန့်ကြာနေတာကြောင့် ယခုဆောင်းရာသီမှာ ရောက်ရှိလာတဲ့ အာမက်ဒီယာလိုကတော့  ယူနိုက်တက် ကစားသမား တရားဝင်ဖြစ်လာခဲ့ပါတယ်။ အိုဗရီကို့စ် လူငယ်ကစားသမားကို ယူနိုက်တက်အသင်းအနေနဲ့ ပေါင် ၃၇ သန်းအထိ ပေးချေပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာကြောင့် ပြောင်းရွှေ့ကြေးက အတော်လေး များတယ်လို့ ဆိုနိုင်ပါတယ်။ အခုတော့ စာရွက်စာတမ်းကိစ္စတွေ အနည်းငယ်ကျန်ရှိနေသေးတာကြောင့် ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအဖွဲ့ထဲကို မပူးပေါင်းနိုင်သေးပါဘူး ။

ဒါပေမယ့် ယမန်နေ့ကတော့ အာမက်ဒီယာလို ဝတ်ဆင်မယ့် ကျောနံပါတ်ကို ယူနိုက်တက်က တရားဝင်ကြေညာသွားခဲ့လိုက်ပါတယ်။ အာမက် က ယူနိုက်တဒ်အတွက် မားကပ်စ်ရရှိဖိုဒ့် ရဲ့ ကျောနံပတ်ဟောင်းတစ်ခုဖြစ်တဲ့ နံပတ် (၁၉) ကိုဝတ်ဆင်မယ်လို့ မန်ယူနိုက်တဒ်က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ ရပ်ဖို့ဒ်ဟာ အဆိုပါ နံပါတ်(၁၉)ကို နံပါတ်(၁၀)မဝတ်ဆင်မီအချိန်က (၂)ရာသီလောက် ဝတ်ဆင်ကစားခဲ့ပါတယ်။ အခုတော့ အင်္ဂလန်တိုက်စစ်မှုးက ကစားသမားသစ်အနေနဲ့ သူ့ရဲ့နံပါတ်ဝတ်ဆင်မယ့်အပေါ် အင်စတာဂရမ်ပေါ်မှာ အာမက်ရဲ့အကောင့်ကိုပါ Tag တွဲပြီး စာတင်သွားခဲ့ပါတယ်။ ” ဒီနံပါတ်က မင်းအတွက် ကံကောင်းခြင်းတွေအများကြီး ယူဆောင်လာစေ ညီလေးရေ…မကြာခင်တွေ့မယ်…” ဟု ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ကစားသမားသစ် အာမက်ဒီယာလိုနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက “လေ့ကျင့်ရေးအဖွဲ့ထဲကို သူ(Diallo)အခုထိမပါဝင်သေးပါဘူး ။ သူရောက်လာဖို့အတွက်လုပ်ဆောင်ဖို့စာရွက်စာတမ်းလေးတွေရှိနေပါသေးတယ် ကစားသမားအသစ်တွေရောက်ရှိလာတာက စိတ်လှုပ်ရှားစရာပါပဲ။”

” သူ့အတွက် ကျွန်တော်တို့အချိန်ပေးသွားမှာပါ။သူ့ရဲ့အရည်အချင်းတွေကို ကျွန်တော်အများကြီးမြင်တွေ့ခဲ့ဖူးပါတယ် သူကစိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ကိုတိုးတက်လာအောင်လုပ်ပြီး ဒီမှာအောင်မြင်မှုတွေရရှိသွားအောင် အခွင့်အရေးတွေကို ကျွန်တော်တို့ပေးသွားမှာပါ။” ဟု ပြောကြားခဲ့ပါတယ်။

Zawgyi

ေႏြရာသီကတည္းက ေခၚယူဖို႔ သေဘာတူညီမႈ ရယူနိုင္ခဲ့ေပမယ့္ ဗီဇာကိစၥေတြ ၾကန႔္ၾကာေနတာေၾကာင့္ ယခုေဆာင္းရာသီမွာ ေရာက္ရွိလာတဲ့ အာမက္ဒီယာလိုကေတာ့  ယူနိုက္တက္ ကစားသမား တရားဝင္ျဖစ္လာခဲ့ပါတယ္။ အိုဗရီကို႔စ္ လူငယ္ကစားသမားကို ယူနိုက္တက္အသင္းအေနနဲ႕ ေပါင္ ၃၇ သန္းအထိ ေပးေခ်ၿပီး ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးက အေတာ္ေလး မ်ားတယ္လို႔ ဆိုနိုင္ပါတယ္။ အခုေတာ့ စာ႐ြက္စာတမ္းကိစၥေတြ အနည္းငယ္က်န္ရွိေနေသးတာေၾကာင့္ ယူနိုက္တက္ရဲ႕ ေလ့က်င့္ေရးအဖြဲ႕ထဲကို မပူးေပါင္းနိုင္ေသးပါဘူး ။

ဒါေပမယ့္ ယမန္ေန႕ကေတာ့ အာမက္ဒီယာလို ဝတ္ဆင္မယ့္ ေက်ာနံပါတ္ကို ယူနိုက္တက္က တရားဝင္ေၾကညာသြားခဲ့လိုက္ပါတယ္။ အာမက္ က ယူနိုက္တဒ္အတြက္ မားကပ္စ္ရရွိဖိုဒ့္ ရဲ႕ ေက်ာနံပတ္ေဟာင္းတစ္ခုျဖစ္တဲ့ နံပတ္ (၁၉) ကိုဝတ္ဆင္မယ္လို႔ မန္ယူနိုက္တဒ္က တရားဝင္ထုတ္ျပန္လိုက္ပါတယ္။ ရပ္ဖို႔ဒ္ဟာ အဆိုပါ နံပါတ္(၁၉)ကို နံပါတ္(၁၀)မဝတ္ဆင္မီအခ်ိန္က (၂)ရာသီေလာက္ ဝတ္ဆင္ကစားခဲ့ပါတယ္။ အခုေတာ့ အဂၤလန္တိုက္စစ္မႈးက ကစားသမားသစ္အေနနဲ႕ သူ႕ရဲ႕နံပါတ္ဝတ္ဆင္မယ့္အေပၚ အင္စတာဂရမ္ေပၚမွာ အာမက္ရဲ႕အေကာင့္ကိုပါ Tag တြဲၿပီး စာတင္သြားခဲ့ပါတယ္။ ” ဒီနံပါတ္က မင္းအတြက္ ကံေကာင္းျခင္းေတြအမ်ားႀကီး ယူေဆာင္လာေစ ညီေလးေရ…မၾကာခင္ေတြ႕မယ္…” ဟု ေရးသားခဲ့တာပဲ ျဖစ္ပါတယ္။

ကစားသမားသစ္ အာမက္ဒီယာလိုနဲ႕ပတ္သက္ၿပီး နည္းျပဆိုးလ္ရွားက “ေလ့က်င့္ေရးအဖြဲ႕ထဲကို သူ(Diallo)အခုထိမပါဝင္ေသးပါဘူး ။ သူေရာက္လာဖို႔အတြက္လုပ္ေဆာင္ဖို႔စာ႐ြက္စာတမ္းေလးေတြရွိေနပါေသးတယ္ ကစားသမားအသစ္ေတြေရာက္ရွိလာတာက စိတ္လႈပ္ရွားစရာပါပဲ။”

” သူ႕အတြက္ ကြၽန္ေတာ္တို႔အခ်ိန္ေပးသြားမွာပါ။သူ႕ရဲ႕အရည္အခ်င္းေတြကို ကြၽန္ေတာ္အမ်ားႀကီးျမင္ေတြ႕ခဲ့ဖူးပါတယ္ သူကစိတ္လႈပ္ရွားစရာေကာင္းတဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး သူ႕ကိုတိုးတက္လာေအာင္လုပ္ၿပီး ဒီမွာေအာင္ျမင္မႈေတြရရွိသြားေအာင္ အခြင့္အေရးေတြကို ကြၽန္ေတာ္တို႔ေပးသြားမွာပါ။” ဟု ေျပာၾကားခဲ့ပါတယ္။