Unicode Version
ပရီးမီးယားလိဂ် အင်အားကြီး ကလပ် အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ တောင်ပံတိုက်စစ် ကစားသမား အူစမန် ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် စတင်ချိတ်ဆက် နေပြီဖြစ်တယ်လို့ အားကစား ဂျာနယ်လစ် တစ်ဦးဖြစ်သူ Rudy Galetti က ဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွေ့ တုန်းက အင်္ဂလန်လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ဒေါ့မွန် အသင်းထံမှာ မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်ပေမယ့် တိုက်စစ်ပိုင်းအားဖြည့်ဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး ဒမ်ဘီလီကိုပစ်မှတ်ထား နေတာပါ။
အသက် ၂၄ နှစ်အရွယ် ရှိပြီ ဖြစ်သူ ဒမ်ဘီလီကို ဘာစီလိုနာအသင်းက ၂၀၁၇ ခုနှစ်မှာ ယူရို ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး နေမာရဲ့ နေရာမှာ အစားထိုးနိုင်မယ့်သူ အဖြစ် မျှော်လင့်ခဲ့ပေမယ့် ဒမ်ဘီလီဟာ ဒဏ်ရာ ပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရသလို ဒီရာသီမှာလည်း အသင်းအတွက် တစ်ပွဲမှ မကစားနိုင် သေးပါဘူး။
ပြင်သစ် လက်ရွေးစင် ကစားသမား ဒမ်ဘီလီရဲ့လက်ရှိစာချုပ်က ယခုနှစ် ဘောလုံးရာသီကုန်ရင် သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာအသင်းက သူ့ကိုအသင်းမှာ ဆက်ထိန်းလိုနေပေမယ့် ဒမ်ဘီလီကတော့ အသင်းနဲ့ လမ်းခွဲဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
အဲဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နှစ် နွေရာသီမှာ ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပြီး လီဗာပူးအသင်း ကလည်း ဒမ်ဘီလီကို ခေါ်ယူလို နေတာကြောင့် နှစ်သင်း အပြိုင်ကြိုးစားရဖွယ် ရှိနေပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ အင္အားႀကီး ကလပ္ အသင္းျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဘာစီလိုနာ ေတာင္ပံတိုက္စစ္ ကစားသမား အူစမန္ ဒမ္ဘီလီကို ေခၚယူဖို႔အတြက္ စတင္ခ်ိတ္ဆက္ ေနၿပီျဖစ္တယ္လို႔ အားကစား ဂ်ာနယ္လစ္ တစ္ဦးျဖစ္သူ Rudy Galetti က ဆိုပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ြ႕ တုန္းက အဂၤလန္လူငယ္ ေတာင္ပံ ကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကို ေဒါ့မြန္ အသင္းထံမွာ ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႕ ေခၚယူခဲ့ၿပီး ျဖစ္ေပမယ့္ တိုက္စစ္ပိုင္းအားျဖည့္ဖို႔ ဆႏၵရွိေနဆဲျဖစ္ၿပီး ဒမ္ဘီလီကိုပစ္မွတ္ထား ေနတာပါ။
အသက္ ၂၄ ႏွစ္အ႐ြယ္ ရွိၿပီ ျဖစ္သူ ဒမ္ဘီလီကို ဘာစီလိုနာအသင္းက ၂၀၁၇ ခုႏွစ္မွာ ယူရို ၁၀၅ သန္းနဲ႕ ေခၚယူခဲ့ၿပီး ေနမာရဲ႕ ေနရာမွာ အစားထိုးနိုင္မယ့္သူ အျဖစ္ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဒမ္ဘီလီဟာ ဒဏ္ရာ ျပႆနာေတြနဲ႕သာ ႐ုန္းကန္ခဲ့ရသလို ဒီရာသီမွာလည္း အသင္းအတြက္ တစ္ပြဲမွ မကစားနိုင္ ေသးပါဘူး။
ျပင္သစ္ လက္ေ႐ြးစင္ ကစားသမား ဒမ္ဘီလီရဲ႕လက္ရွိစာခ်ဳပ္က ယခုႏွစ္ ေဘာလုံးရာသီကုန္ရင္ သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး ဘာစီလိုနာအသင္းက သူ႕ကိုအသင္းမွာ ဆက္ထိန္းလိုေနေပမယ့္ ဒမ္ဘီလီကေတာ့ အသင္းနဲ႕ လမ္းခြဲဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။
အဲဒါေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လာမယ့္ႏွစ္ ေႏြရာသီမွာ ဒမ္ဘီလီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ ပစ္မွတ္ထားေနတာ ျဖစ္ၿပီး လီဗာပူးအသင္း ကလည္း ဒမ္ဘီလီကို ေခၚယူလို ေနတာေၾကာင့္ ႏွစ္သင္း အၿပိဳင္ႀကိဳးစားရဖြယ္ ရွိေနပါတယ္။