Spots news

ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလာဖွယ်ရှိနေတဲ့ ဝုဗ်

Unicode Version

ဝုဗ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ယူနိုက်တက်ကို မနှစ်က ပေါင် ၃၅ သန်းနဲ့ ငယ်ဘဝကလပ် အေဂျက်စ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက နေရာရဖို့ ရုန်းကန်နေခဲ့ရပါတယ်။

အခုဆိုရင် ဗန်ဒီဘိခ်က အေးဂျင့်အလီဒါဆန်နဲ့ ပြောင်းလဲလက်တွဲလိုက်ပြီဖြစ်တာကြောင့် လာမယ့်အပြောင်းအရွှေ့မှာတော့ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ဝုဗ် သို့မဟုတ် အဲဗာတန်ကို ပြောင်းရွှေ့ဖွယ်ရှိပါတယ်။ ဝုဗ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ ကတည်းက ကွင်းလယ်အင်အား တိုးချဲ့ဖို့အတွက် လိုင်လီက ရီနယ်တိုဆန်းချက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် အောင်မြင်မှု မရခဲ့တာ ဖြစ်ပါတယ်။

နည်းပြဘရူနိုလာ့ဂျ်အနေနဲ့ သူလိုချင်တဲ့ ကွင်းလယ်ကစားသမား တစ်ဦးမရှာဖွေနိုင်ခဲ့ပေမယ့်လည်း ရုန်းကန်ရခြင်းတော့ မရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး ခြောက်ပွဲမှာ ၄ ပွဲအနိုင်ရရှိခဲ့ပြီး ၄ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ တနင်္လာနေ့မှာလည်း အဲဗာတန်အသင်းကို အိမ်ကွင်းမိုလီနော့စ်မှာ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့အတွက် လာ့ဂျ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ကစားသမားသစ်တစ်ချို့ ခေါ်ယူဖို့ရှိနေပါတယ်။ ဝုဗ်ပရိသတ်အတော်များများကတော့ ဗန်ဒီဘိခ်ကို မျက်စိကျနေပြီး ဝုဗ်အသင်းမှာ နယ်သာလန်သားရဲ့ ကစားသမားဘဝကို ပြန်လည်လန်းဆန်းနိုင်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဝုဗ်ပရိသတ်တွေက “ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့ ဝုဗ်အသင်း အစွမ်းကုန် ကြိုးစားသင့်တယ်လို့ ထင်တယ်။ ဒါက သူ့အတွက်ရော ငါတို့အသင်းအတွက်ပါ အကျိုးရှိစေမယ့် အပြောင်းအရွှေ့ပဲ ” နောက်တစ်ယောက်ကလည်း “ ဗန်ဒီဘိခ်က ငါတို့ခေါ်နိုင်ဖို့ မလွယ်တဲ့သူဆိုပေမယ့် သူ့ကို ရူဘင်နီဗက်စ်နဲ့ တွဲကစားခိုင်းလိုက်ရင် ကွင်းလယ်က အရမ်းမိုက်သွားမှာ သေချာတယ် ”

တတိယတစ်ယောက်ကလည်း “ ငါတော့ ဗန်ဒီဘိခ်ကို သဘောကျတယ်၊ အရမ်းကောင်းတဲ့ ကစားသမားပါ။ သူငါတို့ဆီပြောင်းချင်ပါ့မလားဆိုတာတော့ တွေးမိတယ် ဒါပေမယ့် သူက အကောင်းဆုံး ခေါ်ယူမှုဖြစ်လိမ့်မယ်ဆိုတာတော့ ငါသိတယ် ”  နောက်ဆုံးတစ်ယောက်ကလည်း “ သူ ယူနိုက်တက်ကို မရောက်ခင်ကတည်းက ငါတို့ဆီပြောင်းလာရင် ကောင်းမှာပဲဆိုပြီး စဉ်းစားခဲ့တာ ” လို့ ပြောခဲ့ကြပါတယ်။

Zawgyi Version

ဝုဗ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္လူ ဒြန္နီဗန္ဒီဘိခ္ကို အငွားနဲ႕ ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ယူနိုက္တက္ကို မႏွစ္က ေပါင္ ၃၅ သန္းနဲ႕ ငယ္ဘဝကလပ္ ေအဂ်က္စ္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ေနရာရဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။

အခုဆိုရင္ ဗန္ဒီဘိခ္က ေအးဂ်င့္အလီဒါဆန္နဲ႕ ေျပာင္းလဲလက္တြဲလိုက္ၿပီျဖစ္တာေၾကာင့္ လာမယ့္အေျပာင္းအေ႐ႊ႕မွာေတာ့ ယူနိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ဝုဗ္ သို႔မဟုတ္ အဲဗာတန္ကို ေျပာင္းေ႐ႊ႕ဖြယ္ရွိပါတယ္။ ဝုဗ္အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ ကတည္းက ကြင္းလယ္အင္အား တိုးခ်ဲ့ဖို႔အတြက္ လိုင္လီက ရီနယ္တိုဆန္းခ်က္စ္ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေသးေပမယ့္ ေအာင္ျမင္မႈ မရခဲ့တာ ျဖစ္ပါတယ္။

နည္းျပဘ႐ူနိုလာ့ဂ်္အေနနဲ႕ သူလိုခ်င္တဲ့ ကြင္းလယ္ကစားသမား တစ္ဦးမရွာေဖြနိုင္ခဲ့ေပမယ့္လည္း ႐ုန္းကန္ရျခင္းေတာ့ မရွိခဲ့ပါဘူး။ ပရီးမီးယားလိဂ္ ေနာက္ဆုံး ေျခာက္ပြဲမွာ ၄ ပြဲအနိုင္ရရွိခဲ့ၿပီး ၄ ပြဲဆက္ ရႈံးပြဲမရွိေအာင္ ကစားထားနိုင္ခဲ့ပါတယ္။ တနလၤာေန႕မွာလည္း အဲဗာတန္အသင္းကို အိမ္ကြင္းမိုလီေနာ့စ္မွာ ရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

ဒီရာသီကို အေကာင္းဆုံး အဆုံးသတ္နိုင္ဖို႔အတြက္ လာ့ဂ်္အေနနဲ႕ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာလည္း ကစားသမားသစ္တစ္ခ်ိဳ႕ ေခၚယူဖို႔ရွိေနပါတယ္။ ဝုဗ္ပရိသတ္အေတာ္မ်ားမ်ားကေတာ့ ဗန္ဒီဘိခ္ကို မ်က္စိက်ေနၿပီး ဝုဗ္အသင္းမွာ နယ္သာလန္သားရဲ႕ ကစားသမားဘဝကို ျပန္လည္လန္းဆန္းနိုင္ေစလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဝုဗ္ပရိသတ္ေတြက “ ဗန္ဒီဘိခ္ကို ေခၚယူနိုင္ဖို႔ ဝုဗ္အသင္း အစြမ္းကုန္ ႀကိဳးစားသင့္တယ္လို႔ ထင္တယ္။ ဒါက သူ႕အတြက္ေရာ ငါတို႔အသင္းအတြက္ပါ အက်ိဳးရွိေစမယ့္ အေျပာင္းအေ႐ႊ႕ပဲ ” ေနာက္တစ္ေယာက္ကလည္း “ ဗန္ဒီဘိခ္က ငါတို႔ေခၚနိုင္ဖို႔ မလြယ္တဲ့သူဆိုေပမယ့္ သူ႕ကို ႐ူဘင္နီဗက္စ္နဲ႕ တြဲကစားခိုင္းလိုက္ရင္ ကြင္းလယ္က အရမ္းမိုက္သြားမွာ ေသခ်ာတယ္ ”

တတိယတစ္ေယာက္ကလည္း “ ငါေတာ့ ဗန္ဒီဘိခ္ကို သေဘာက်တယ္၊ အရမ္းေကာင္းတဲ့ ကစားသမားပါ။ သူငါတို႔ဆီေျပာင္းခ်င္ပါ့မလားဆိုတာေတာ့ ေတြးမိတယ္ ဒါေပမယ့္ သူက အေကာင္းဆုံး ေခၚယူမႈျဖစ္လိမ့္မယ္ဆိုတာေတာ့ ငါသိတယ္ ”  ေနာက္ဆုံးတစ္ေယာက္ကလည္း “ သူ ယူနိုက္တက္ကို မေရာက္ခင္ကတည္းက ငါတို႔ဆီေျပာင္းလာရင္ ေကာင္းမွာပဲဆိုၿပီး စဥ္းစားခဲ့တာ ” လို႔ ေျပာခဲ့ၾကပါတယ္။