Unicode Version
ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ စပါးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ သုံးဂိုးပြတ် ရှုံးနိမ့်ပီးနောက် အသင်းရဲ့ နည်းပြဖြစ်သူ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားထားပြီး နူနိုဆန်တိုရဲ့နေရာ အတွက် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
စပါးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၀ပွဲ ကစားထားပြီး ရမှတ် ၁၅မှတ် သာ ရရှိသေးကာ အမှတ်ပေးဇယားရဲ့ အဆင့်၈နေရာကို ရောက်ရှိနေပြီး ယခုလို ရလဒ်ပိုင်းဟာ နည်းပြသစ်အတွက် မဆိုးရွားလှဘူးလို့ သုံးသပ်လို့ ရပေမယ့် နူနိုဆန်တိုဟာ ကစားသမား အများစုရဲ့ ထောက်ခံမှုကို မရရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေတာပါ။
စပါးအသင်းရဲ့ ဥက္ကဌ လီဗိုင်းနဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ပြီးတဲ့ ညမှာ အထူး အစည်းအဝေး တရပ် ပြုလုပ်ကာ နူနိုဆန်တိုရဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးမှာ အစားထိုးနိုင်မယ့် နည်းပြသစ် တဦး ရရှိတာနဲ့ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။
စပါးအသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ပါရာတစ်စီက နူနိုဆန်တိုကို ထုတ်ပယ်ပြီးပါက မန်ယူနိုက်တက်အသင်းနဲ့ သတင်းမွှေးနေတဲ့ အီတလီလူမျိူး နည်းပြကွန်တီနဲ့ ဖွန်ဆီကာတို့ကို နည်းပြသစ်တွေ အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိထားတဲ့ ကွန်တီဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။
စိတ်ချရတဲ့ အီတလီ သတင်း အရင်းမြစ်တွေအရ စပါးအသင်းဟာ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း အတည်ပြုပေးခဲ့ပြီး ကွန်တီဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ စပါးအသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့ပေမယ့် လီဗိုင်းတို့ကသာ သူ့ကို စိတ်ကြိုက် ကစားသမား ခေါ်ယူခွင့် ပေးမယ် ဆိုရင် စပါးအသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုထားပါတယ်။
Zawgyi Version
ယခုႏွစ္ ေဘာလုံးရာသီမွာ ရလဒ္ေတြ ဆိုးဝါးေနတဲ့ စပါးအသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို အိမ္ကြင္းမွာ သုံးဂိုးျပတ္ ရႈံးနိမ့္ပီးေနာက္ အသင္းရဲ႕ နည္းျပျဖစ္သူ ႏူနိုဆန္တိုကို ရာထူးကေန ထုတ္ပယ္ဖို႔ စဥ္းစားထားၿပီး ႏူနိုဆန္တိုရဲ႕ေနရာ အတြက္ လက္ရွိမွာ အသင္းလက္မဲ့ ျဖစ္ေနတဲ့ နည္းျပ ကြန္တီကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ႀကိဳးစားေနေၾကာင္း သိရပါတယ္။
စပါးအသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ၁၀ပြဲ ကစားထားၿပီး ရမွတ္ ၁၅မွတ္ သာ ရရွိေသးကာ အမွတ္ေပးဇယားရဲ႕ အဆင့္၈ေနရာကို ေရာက္ရွိေနၿပီး ယခုလို ရလဒ္ပိုင္းဟာ နည္းျပသစ္အတြက္ မဆိုး႐ြားလွဘူးလို႔ သုံးသပ္လို႔ ရေပမယ့္ ႏူနိုဆန္တိုဟာ ကစားသမား အမ်ားစုရဲ႕ ေထာက္ခံမႈကို မရရွိခဲ့တာေၾကာင့္ ရာထူးကေန ထုတ္ပယ္ခံရဖို႔ နီးစပ္ေနတာပါ။
စပါးအသင္းရဲ႕ ဥကၠဌ လီဗိုင္းနဲ႕ ဘုတ္အဖြဲ႕ဝင္ေတြဟာ မန္ခ်က္စတာ ယူနိုက္တက္ကို ရႈံးနိမ့္ၿပီးတဲ့ ညမွာ အထူး အစည္းအေဝး တရပ္ ျပဳလုပ္ကာ ႏူနိုဆန္တိုရဲ႕ အေျခအေနကို ေဆြးေႏြးခဲ့ၾကၿပီး အစည္းအေဝးမွာ အစားထိုးနိုင္မယ့္ နည္းျပသစ္ တဦး ရရွိတာနဲ႕ ႏူနိုဆန္တိုကို ရာထူးကေန ထုတ္ပယ္ပစ္ဖို႔ ဆုံးျဖတ္ခဲ့ၾကေၾကာင္း သိရပါတယ္။
စပါးအသင္းရဲ႕ အားကစား ဒါရိုက္တာ ျဖစ္သူ ပါရာတစ္စီက ႏူနိုဆန္တိုကို ထုတ္ပယ္ၿပီးပါက မန္ယူနိုက္တက္အသင္းနဲ႕ သတင္းေမႊးေနတဲ့ အီတလီလူမ်ိဴး နည္းျပကြန္တီနဲ႕ ဖြန္ဆီကာတို႔ကို နည္းျပသစ္ေတြ အျဖစ္ ခန႔္အပ္ဖို႔ ဆုံးျဖတ္ထားၿပီး ခ်ယ္လ္ဆီးအသင္းနဲ႕ အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရရွိထားတဲ့ ကြန္တီဟာ သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ပဲ ျဖစ္ပါတယ္။
စိတ္ခ်ရတဲ့ အီတလီ သတင္း အရင္းျမစ္ေတြအရ စပါးအသင္းဟာ ကြန္တီကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ႀကိဳးစားေနေၾကာင္း အတည္ျပဳေပးခဲ့ၿပီး ကြန္တီဟာ ယခုႏွစ္ ေဘာလုံးရာသီ အစမွာ စပါးအသင္းကို ကိုင္တြယ္ဖို႔ ျငင္းဆန္ခဲ့ေပမယ့္ လီဗိုင္းတို႔ကသာ သူ႕ကို စိတ္ႀကိဳက္ ကစားသမား ေခၚယူခြင့္ ေပးမယ္ ဆိုရင္ စပါးအသင္းကို ကိုင္တြယ္ဖို႔ စိတ္ဝင္စားေနေၾကာင္း အတည္ျပဳထားပါတယ္။