Spots news

ပရီးမီးယားလိဂ်ကို စပါးအသင်းနဲ့အတူ တစ်ကျော့ပြန် ဝင်လာတော့မယ့် ကွန်တီ

Unicode Version

စပါးအသင်းဟာ လက်ရှိအသင်းရဲ့နည်းပြဖြစ်သူ နူနိုဆန်တိုကို အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ ဝုလ်ဗ်နည်းပြဟောင်း နူနိုဆန်တိုဟာ စပါးအသင်းကို ၄ လတာသာ ကိုင်တွယ်ခဲ့ရတာဖြစ်ပြီး အသင်းကို ရလဒ်တွေ ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အခုလို အသင်းနဲ့ လက်တွဲဖြုတ်လိုက်ရတာပဲ ဖြစ်ပါတယ်။

စပါးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၀ပွဲ ကစားထားပြီး ရမှတ် ၁၅မှတ် သာ ရရှိသေးကာ အမှတ်ပေးဇယားရဲ့ အဆင့်၈နေရာကို ရောက်ရှိနေပြီး ယခုလို ရလဒ်ပိုင်းဟာ နည်းပြသစ်အတွက် မဆိုးရွားလှဘူးလို့ သုံးသပ်လို့ ရပေမယ့် နူနိုဆန်တိုဟာ ကစားသမား အများစုရဲ့ ထောက်ခံမှုကို မရရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံ ခဲ့ရတာပါ။

စပါးအသင်းရဲ့ ဥက္ကဌ လီဗိုင်းနဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ပြီးတဲ့ ညမှာ အထူး အစည်းအဝေး တရပ် ပြုလုပ်ကာ နူနိုဆန်တိုရဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးမှာ အစားထိုးနိုင်မယ့် နည်းပြသစ် တဦး ရရှိတာနဲ့ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။

ယခု အခါမှာတော့ စပါးအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်တော့မယ်လို့ သိရပါတယ်။ ကွန်တီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပေမယ့် ဒီတကြိမ်မှာတော့ အသင်းကို စိတ်ကြိုက် ပြင်ဆင်ခွင့် ပေးပါ့မယ် ဆိုတဲ့

ကတိကို ရရှိခဲ့တာကြောင့် စပါးအသင်းကို ကိုင်တွယ်ဖို့ သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းနဲ့ ကွန်တီရဲ့ အေးဂျင့်တို့ ကြားမှာ စာချုပ်အတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီး ကွန်တီဟာ မနက်ဖြန်မှာ ပဲ လန်ဒန်မြို့ကို လာရောက်ဖွယ် ရှိပါတယ်။

ယုံကြည်စိတ်ချရတဲ့ သတင်းထောက် တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ကွန်တီဟာ စပါးနည်းပြရာထူးကို လက်ခံဖို့ အဆင်သင့်ရှိနေပြီး လစာကိစ္စနဲ့ စာချုပ်သက်တမ်းကိစ္စ ဆွေးနွေးမှုတွေက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဆွေးနွေးမှုအားလုံး လာမယ့်နာရီအနည်းငယ်အတွင်း အပြီးသတ်သွားဖို့ရှိပါတယ်။

Zawgyi Version

စပါးအသင္းဟာ လက္ရွိအသင္းရဲ႕နည္းျပျဖစ္သူ ႏူနိုဆန္တိုကို အသင္းရဲ႕နည္းျပရာထူးကေန ထုတ္ပယ္လိုက္ၿပီျဖစ္တယ္လို႔ သိရွိရပါတယ္။ ဝုလ္ဗ္နည္းျပေဟာင္း ႏူနိုဆန္တိုဟာ စပါးအသင္းကို ၄ လတာသာ ကိုင္တြယ္ခဲ့ရတာျဖစ္ၿပီး အသင္းကို ရလဒ္ေတြ ေကာင္းမြန္ေအာင္ မစြမ္းေဆာင္နိုင္ခဲ့တာေၾကာင့္ အခုလို အသင္းနဲ႕ လက္တြဲျဖဳတ္လိုက္ရတာပဲ ျဖစ္ပါတယ္။

စပါးအသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ၁၀ပြဲ ကစားထားၿပီး ရမွတ္ ၁၅မွတ္ သာ ရရွိေသးကာ အမွတ္ေပးဇယားရဲ႕ အဆင့္၈ေနရာကို ေရာက္ရွိေနၿပီး ယခုလို ရလဒ္ပိုင္းဟာ နည္းျပသစ္အတြက္ မဆိုး႐ြားလွဘူးလို႔ သုံးသပ္လို႔ ရေပမယ့္ ႏူနိုဆန္တိုဟာ ကစားသမား အမ်ားစုရဲ႕ ေထာက္ခံမႈကို မရရွိခဲ့တာေၾကာင့္ ရာထူးကေန ထုတ္ပယ္ခံ ခဲ့ရတာပါ။

စပါးအသင္းရဲ႕ ဥကၠဌ လီဗိုင္းနဲ႕ ဘုတ္အဖြဲ႕ဝင္ေတြဟာ မန္ခ်က္စတာ ယူနိုက္တက္ကို ရႈံးနိမ့္ၿပီးတဲ့ ညမွာ အထူး အစည္းအေဝး တရပ္ ျပဳလုပ္ကာ ႏူနိုဆန္တိုရဲ႕ အေျခအေနကို ေဆြးေႏြးခဲ့ၾကၿပီး အစည္းအေဝးမွာ အစားထိုးနိုင္မယ့္ နည္းျပသစ္ တဦး ရရွိတာနဲ႕ ႏူနိုဆန္တိုကို ရာထူးကေန ထုတ္ပယ္ပစ္ဖို႔ ဆုံးျဖတ္ခဲ့ၾကေၾကာင္း သိရပါတယ္။

ယခု အခါမွာေတာ့ စပါးအသင္းဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပေဟာင္း ကြန္တီကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ေတာ့မယ္လို႔ သိရပါတယ္။ ကြန္တီဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ စပါးအသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ ပယ္ခ်ခဲ့ေပမယ့္ ဒီတႀကိမ္မွာေတာ့ အသင္းကို စိတ္ႀကိဳက္ ျပင္ဆင္ခြင့္ ေပးပါ့မယ္ ဆိုတဲ့

ကတိကို ရရွိခဲ့တာေၾကာင့္ စပါးအသင္းကို ကိုင္တြယ္ဖို႔ သေဘာတူခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ စပါးအသင္းနဲ႕ ကြန္တီရဲ႕ ေအးဂ်င့္တို႔ ၾကားမွာ စာခ်ဳပ္အတြက္ ေနာက္ဆုံးအဆင့္ ေဆြးေႏြးမႈေတြကို ျပဳလုပ္ေနၿပီး ကြန္တီဟာ မနက္ျဖန္မွာ ပဲ လန္ဒန္ၿမိဳ႕ကို လာေရာက္ဖြယ္ ရွိပါတယ္။

ယုံၾကည္စိတ္ခ်ရတဲ့ သတင္းေထာက္ တစ္ဦးျဖစ္တဲ့ ဖာဘရီဇီယို ရိုမာနိုရဲ႕ ေဖာ္ျပခ်က္အရ ကြန္တီဟာ စပါးနည္းျပရာထူးကို လက္ခံဖို႔ အဆင္သင့္ရွိေနၿပီး လစာကိစၥနဲ႕ စာခ်ဳပ္သက္တမ္းကိစၥ ေဆြးေႏြးမႈေတြက ေနာက္ဆုံးအဆင့္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ ေဆြးေႏြးမႈအားလုံး လာမယ့္နာရီအနည္းငယ္အတြင္း အၿပီးသတ္သြားဖို႔ရွိပါတယ္။