Spots news

ဘာစီလိုနာကို ပြန်လာမှာ ဖြစ်ကြောင်း ကတိပေးသွားခဲ့တဲ့ မက်ဆီ

Unicode Version

ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ သူဟာ တနေ့မှာ အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်လာပါ့မယ်လို့ သူ့ရဲ့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာကာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

မက်ဆီဟာ ပြင်သစ်မြေမှာ အသားကျဖို့ အနည်းငယ် ရုန်းကန်နေရသလို မက်ဆီကို လက်လွှတ်ထားရတဲ့ ဘာစီလိုနာအသင်းကလည်း ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း အတော်လေးကို ယိမ်းယိုင်နေခဲ့ပြီး အသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ထားရတဲ့ အထိ အခြေအနေ ဆိုးဝါးနေပါတယ်။

နှစ်ပေါင်းများစွာ နေထိုင် ကျင်လည်ခဲ့တဲ့ ကတ်တလန်တာမြေကို စွန့်ခွာခဲ့ရတဲ့ မက်ဆီက သူဟာ တနေ့မှာ ဘာစီလိုနာအသင်းဆီ ပြန်သွားဖို့ ဆုံးဖြတ်ထားကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာလိုမျိုး ရာထူးကို ရယူချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မက်ဆီက “ ဘာစီလိုနာအသင်းဆီ ပြန်ဖို့လား။ ဒါပေါ့။ ကျွန်တော်က ဒီအသင်းကို ကူညီဖို့ အမြဲတမ်း အဆင်သင့်ပါပဲ။ တချိန်မှာ ကျွန်တော်က နည်းစနစ်ပိုင်း ဒါရိုက်တာ ရာထူးကို ရယူချင်ပါတယ်။ အဲ့ဒီရာထူးနဲ့ ဘာစီလိုနာအသင်းမှာ အလုပ်လုပ်ခွင့် ရမလား ဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ အဲ့ဒီရာထူးနဲ့ အလုပ်လုပ်ချင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

ျပင္သစ္ အင္အားႀကီးအသင္း ျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းနဲ႕ အာဂ်င္တီးနားအသင္းတို႔ရဲ႕ အဓိက တိုက္စစ္မႉး လီယြန္နယ္ မက္ဆီ ကေတာ့ သူဟာ တေန႕မွာ အသင္းေဟာင္း ဘာစီလိုနာအသင္းဆီ ျပန္လာပါ့မယ္လို႔ သူ႕ရဲ႕ ပရိသတ္ေတြကို ကတိေပးသြားခဲ့ပါတယ္။

အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ သူ႕ရဲ႕ ကစားသမားဘဝ တေလွ်ာက္လုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင္းကို စြန႔္ခြာကာ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းနဲ႕ ၃ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုထားသူပါ။

လက္ရွိမွာေတာ့ မက္ဆီဟာ ျပင္သစ္ေျမမွာ အသားက်ဖိဳ႕ အနည္းငယ္ ႐ုန္းကန္ေနရသလို အသင္းရဲ႕ မရွိမျဖစ္ ကစားသမား မက္ဆီကို လက္လႊတ္ထားရတဲ့ ဘာစီလိုနာအသင္းကလည္း ယခုႏွစ္ ေဘာလုံးရာသီမွာ ရလဒ္ပိုင္း အေတာ္ေလးကို ယိမ္းယိုင္ေနခဲ့ၿပီး အသင္းရဲ႕နည္းျပ ေရာ္နယ္ကိုးမန္းကို ရာထူးကေန ထုတ္ပယ္ထားရတဲ့ အထိ အေျခအေန ဆိုးဝါးေနပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ က်င္လည္ခဲ့တဲ့ ကတ္တလန္တာေျမကို စြန႔္ခြာခဲ့ရတဲ့ မက္ဆီက သူဟာ တေန႕မွာ ဘာစီလိုနာအသင္းဆီ ျပန္သြားဖို႔ ဆုံးျဖတ္ထားေၾကာင္း ပရိသတ္ေတြကို အသိေပးလာခဲ့ၿပီး နည္းစနစ္ပိုင္းဆိုင္ရာ ဒါရိုက္တာလိုမ်ိဳး ရာထူးကို ရယူခ်င္ေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

မက္ဆီက “ ဘာစီလိုနာအသင္းဆီ ျပန္ဖို႔လား။ ဒါေပါ့။ ကြၽန္ေတာ္က ဒီအသင္းကို ကူညီဖို႔ အၿမဲတမ္း အဆင္သင့္ပါပဲ။ တခ်ိန္မွာ ကြၽန္ေတာ္က နည္းစနစ္ပိုင္း ဒါရိုက္တာ ရာထူးကို ရယူခ်င္ပါတယ္။ အဲ့ဒီရာထူးနဲ႕ ဘာစီလိုနာအသင္းမွာ အလုပ္လုပ္ခြင့္ ရမလား ဆိုတာ မသိေပမယ့္ ကြၽန္ေတာ္ကေတာ့ အဲ့ဒီရာထူးနဲ႕ အလုပ္လုပ္ခ်င္ပါတယ္” လို႔ ေျပာၾကားခဲ့တာပါ။