Unicode Version
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီကမှ ခေါ်ယူထားတဲ့ နောက်ခံလူရာမို့စ်ကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေပါပြီ။ ရီးရဲလ်ကနေ အလွတ်ခေါ်ယူခဲ့တာဖြစ်ပေမယ့် အသင်းဟောင်းမှာရရှိခဲ့တဲ့
ဒဏ်ရာတွေကို ပဲရစ်မှာ ဆေးကုနေရတဲ့ ရာမို့စ်က အသင်းသစ်အတွက် တပွဲမှ မကစားပေးနိုင်သေးဘဲ သူ့အပေါ် ပြင်သစ်ကလပ်ရဲ့ စိတ်ရှည်သည်းခံမှုတွေက ကုန်ဆုံးလာနေတာပါ။
အသက် ၃၅ နှစ်အရွယ် ခံစစ်မှူးကို အားကိုးရမလားဆိုပြီး ခေါ်ယူခဲ့ကာမှ ဆေးကုပေနေရတဲ့ အဖြစ်ကို ပီအက်စ်ဂျီက ရင်နာနေဟန်ရှိပါတယ်။ ဟိုနေ့ကစားနိုင်မယ်၊ ဒီနေ့ကစားနိုင်မယ်လို့ အသံတွေ
ထွက်ခဲ့ပေမယ့် ရာမို့စ်က ဆေးရုံနဲ့ အိမ်သာ အသွားအပြန်လုပ်နေပြီး ကွင်းထဲကိုတော့ အပျင်းပြေရောက်ရောက်လာသလိုဖြစ်နေတယ်လို့တောင် လှောင်ပြောင်ရမယ့် အဖြစ်ပါ။
သူတို့ရဲ့ ဒီအပြောင်းအရွှေ့ဟာ မှားယွင်းနေတယ်လို့ ပီအက်စ်ဂျီဘက်က ခံစားလာရကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြခဲ့ပြီး ၀ါရင့်စပိန်နောက်ခံလူကို လက်လွှတ်ဖို့အတွက်ပါ စဉ်းစားနေပြီလို့ ဆိုကြပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ရာမို့စ်ဟာ အသက်အရွယ်ထောက်လာချိန်မှာတော့ အရင်လိုမျိုး ကြ့ခိုင်မှုပြည့်ဝဖို့ကို အချိန်ယူနေရပြီး ဒဏ်ရာကနေ ပျောက်ကင်းသက်သာဖို့က နှောင့်နှေးလာပြီဖြစ်ပါတယ်။
သူနဲ့အတူ ခေါ်ယူခဲ့တဲ့ ဒွန်နာရမ်မာ၊ ၀ိုင်နယ်ဒမ်၊ မက်ဆီ၊ ဟာကီမီတို့အားလုံးက အသင်းအတွက် ကစားပေးနေချိန်မှာ ရာမို့စ်က ဆေးထိုင်ကုနေတာ ၃ လ ကျော်နေခဲ့ပါပြီ။ လုပ်ခလစာလည်းပေးချေရ၊ ဆေးလည်းကုပေးရနဲ့
ကြာလာတဲ့အချိန်မှာ ကလပ်အသင်းဘက်က ငြိုငြင်လာပြီဖြစ်ကာ စာချုပ်ပါဖျက်ဖို့လုပ်လာလို့ ရာမို့စ်တစ်ယောက် အသက်ကြီးမှ အသင်းလက်မဲ့ဖြစ်မယ့်ကိန်းပါ ဆိုက်နေရပါပြီ။
Zawgyi Version
ပီအက္စ္ဂ်ီအသင္းဟာ ဒီရာသီကမွ ေခၚယူထားတဲ့ ေနာက္ခံလူရာမို႔စ္ကို စာခ်ဳပ္ဖ်က္သိမ္းဖို႔ စဥ္းစားေနပါၿပီ။ ရီးရဲလ္ကေန အလြတ္ေခၚယူခဲ့တာျဖစ္ေပမယ့္ အသင္းေဟာင္းမွာရရွိခဲ့တဲ့
ဒဏ္ရာေတြကို ပဲရစ္မွာ ေဆးကုေနရတဲ့ ရာမို႔စ္က အသင္းသစ္အတြက္ တပြဲမွ မကစားေပးနိုင္ေသးဘဲ သူ႕အေပၚ ျပင္သစ္ကလပ္ရဲ႕ စိတ္ရွည္သည္းခံမႈေတြက ကုန္ဆုံးလာေနတာပါ။
အသက္ ၃၅ ႏွစ္အ႐ြယ္ ခံစစ္မႉးကို အားကိုးရမလားဆိုၿပီး ေခၚယူခဲ့ကာမွ ေဆးကုေပေနရတဲ့ အျဖစ္ကို ပီအက္စ္ဂ်ီက ရင္နာေနဟန္ရွိပါတယ္။ ဟိုေန႕ကစားနိုင္မယ္၊ ဒီေန႕ကစားနိုင္မယ္လို႔ အသံေတြ
ထြက္ခဲ့ေပမယ့္ ရာမို႔စ္က ေဆး႐ုံနဲ႕ အိမ္သာ အသြားအျပန္လုပ္ေနၿပီး ကြင္းထဲကိုေတာ့ အပ်င္းေျပေရာက္ေရာက္လာသလိုျဖစ္ေနတယ္လို႔ေတာင္ ေလွာင္ေျပာင္ရမယ့္ အျဖစ္ပါ။
သူတို႔ရဲ႕ ဒီအေျပာင္းအေ႐ႊ႕ဟာ မွားယြင္းေနတယ္လို႔ ပီအက္စ္ဂ်ီဘက္က ခံစားလာရေၾကာင္း ျပင္သစ္သတင္းဌာနေတြက ေဖာ္ျပခဲ့ၿပီး ၀ါရင့္စပိန္ေနာက္ခံလူကို လက္လႊတ္ဖို႔အတြက္ပါ စဥ္းစားေနၿပီလို႔ ဆိုၾကပါတယ္။
ရီးရဲလ္မက္ဒရစ္မွာ လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ရာမို႔စ္ဟာ အသက္အ႐ြယ္ေထာက္လာခ်ိန္မွာေတာ့ အရင္လိုမ်ိဳး ၾက့ခိုင္မႈျပည့္ဝဖို႔ကို အခ်ိန္ယူေနရၿပီး ဒဏ္ရာကေန ေပ်ာက္ကင္းသက္သာဖို႔က ေႏွာင့္ေႏွးလာၿပီျဖစ္ပါတယ္။
သူနဲ႕အတူ ေခၚယူခဲ့တဲ့ ဒြန္နာရမ္မာ၊ ၀ိုင္နယ္ဒမ္၊ မက္ဆီ၊ ဟာကီမီတို႔အားလုံးက အသင္းအတြက္ ကစားေပးေနခ်ိန္မွာ ရာမို႔စ္က ေဆးထိုင္ကုေနတာ ၃ လ ေက်ာ္ေနခဲ့ပါၿပီ။ လုပ္ခလစာလည္းေပးေခ်ရ၊ ေဆးလည္းကုေပးရနဲ႕
ၾကာလာတဲ့အခ်ိန္မွာ ကလပ္အသင္းဘက္က ၿငိဳျငင္လာၿပီျဖစ္ကာ စာခ်ဳပ္ပါဖ်က္ဖို႔လုပ္လာလို႔ ရာမို႔စ္တစ္ေယာက္ အသက္ႀကီးမွ အသင္းလက္မဲ့ျဖစ္မယ့္ကိန္းပါ ဆိုက္ေနရပါၿပီ။