Spots news

ခြေစွမ်းမပြသ နိုင်နေတဲ့ အသင်းဖော်နှစ်ဦး ကို ကာကွယ် လိုက်တဲ့ အေဗရာဟမ်

Unicode Version

လက်ရှိရာသီမှာ ချဲလ်ဆီး အသင်းဟာ ပြောင်းရွေ့ကြေး သန်း ၂၂၀ ကျော် သုံးထားပြီး ကစားသမား သစ် ၇ ဦး ထိ ခေါ်ယူ အားဖြည့် ထားပေမယ့် လုံလောက်တဲ့ ခြေစွမ်းနဲ့ အဆင့်အတန်းကို မပြသနိုင် ခဲ့တာ ကြောင့် ဝေဖန် မှု များ ရင်ဆိုင် နေရပြီး နည်းပြ လမ်းပတ်ကို ဖိအား များ စေခဲ့ ပါတယ်။

အထူး သဖြင့် ပြောင်း ရွေ့ကြေး များပြားလှတဲ့ ဂျာမနီ တိုက်စစ် ကစားသမား နှစ်ယောက် ဖြစ်တဲ့ ဟားဗက်စ် နဲ့ တီမို ဝါနာ တို့ နှစ်ယောက်ဟာ ခြေစွမ်း ပြဖို့ ရုန်းကန် နေခဲ့ ရပါတယ်။

အသင်းရဲ့ စံချိန် တင် ပြောင်းရွေ့ကြေး များ နဲ့ ခေါ်ယူ ထားတာ ဖြစ်ပြီး နှစ်ယောက်လုံးဟာ ယခင် ကလပ် အသင်း များမှာ ခြေစွမ်း ပြခဲ့ ကြသူ များဖြစ်လို့ မျှော်လင့်ချက် ကြီးစွာ ထားခဲ့ကြ ပါတယ်။

ဟားဗက် ဟာ ကိုရိုနာ ကူးစက် ခံခဲ့ရပြီး စွမ်းဆောင်ရည် သိသာစွာ ကျဆင်းသွား ခဲ့ ပါတယ်။

ဝါနာ ကလဲ ၁၇ ပွဲဆက် ရှုံးပွဲမရှိ ချိန်မှာ အသင်းအတွက် ခြေစွမ်း ပြခဲ့ ပေမယ့် နောက်ဆုံး ခြောက်ပွဲ မှာတော့ အတော်လေး စုတ်ပြတ် နေတဲ့ ခြေစွမ်းကို တွေ့ခဲ့ ရပါတယ်။

လမ်းပတ် ရဲ့ ကစားကွက် အသစ်မှာ ဘယ်တောင်ပံ မှာ ကစားနေ ရလို့ ဟု အကြောင်း ပြချက် ရှိခဲ့ ပေမယ့် သူ အားသန် တဲ့ တိုက်စစ် မှာ ပြန်ကစား စေခဲ့သော် လည်း ခြေစွမ်းမပြ နိုင်ပဲ ဖြစ်နေပါတယ်။

အသင်းဖော် အေဗရာ ဟမ် ကတော့ အသင်းဖော် နှစ်ယောက် အနေနဲ့ လေ့ကျင့်ရေး တွေမှာ ကြိုးစား နေပြီး အသင်းကို ကူညီ ဖို့ ကြိုးစား နေကြကြောင်း ပြောဆို လိုက်ပါတယ်။

“ ကျွန်တော်တို့တွေ နားလည်မှု ရရှိပြီး ‌အချိတ် အဆက် မိဖို့ ကြိုးစားနေကြပါတယ်။ သူတို့ဟာ အသင်း အတွက် ကြိုးစား ကစား ပေးချင်တဲ့ ကစား သမားနှစ်ယောက်ပါ။ ဒါဟာ သိပ်ကို ကောင်းမွန် ပါတယ်။

ကျွန်တော်တို့ အသင်းဖော် တွေ အားလုံး တစ်ယောက် ရဲ့ အထာကို တစ်ယောက် သိဖို့ ကြိုးစားနေ ကြပြီး တစ်ယောက်ကို တစ်ယောက် အားပေး မှုတွေ ပြုလုပ် နေကြပါတယ်။ ကျွန်တော် တို့ အကောင်းဆုံး လုပ်ဆောင်ပြ မှာပါ ဟု ပြော ကြား သွားခဲ့ ပါတယ်။

Zawgyi Version

လက္ရွိရာသီမွာ ခ်ဲလ္ဆီး အသင္းဟာ ေျပာင္းေ႐ြ႕ေၾကး သန္း ၂၂၀ ေက်ာ္ သုံးထားၿပီး ကစားသမား သစ္ ၇ ဦး ထိ ေခၚယူ အားျဖည့္ ထားေပမယ့္ လုံေလာက္တဲ့ ေျခစြမ္းနဲ႕ အဆင့္အတန္းကို မျပသနိုင္ ခဲ့တာ ေၾကာင့္ ေဝဖန္ မႈ မ်ား ရင္ဆိုင္ ေနရၿပီး နည္းျပ လမ္းပတ္ကို ဖိအား မ်ား ေစခဲ့ ပါတယ္။

အထူး သျဖင့္ ေျပာင္း ေ႐ြ႕ေၾကး မ်ားျပားလွတဲ့ ဂ်ာမနီ တိုက္စစ္ ကစားသမား ႏွစ္ေယာက္ ျဖစ္တဲ့ ဟားဗက္စ္ နဲ႕ တီမို ဝါနာ တို႔ ႏွစ္ေယာက္ဟာ ေျခစြမ္း ျပဖို႔ ႐ုန္းကန္ ေနခဲ့ ရပါတယ္။

အသင္းရဲ႕ စံခ်ိန္ တင္ ေျပာင္းေ႐ြ႕ေၾကး မ်ား နဲ႕ ေခၚယူ ထားတာ ျဖစ္ၿပီး ႏွစ္ေယာက္လုံးဟာ ယခင္ ကလပ္အသင္း မ်ားမွာ ေျခစြမ္း ျပခဲ့ ၾကသူ မ်ားျဖစ္လို႔ ေမွ်ာ္လင့္ခ်က္ ႀကီးစြာ ထားခဲ့ၾက ပါတယ္။ ဟားဗက္ ဟာ ကိုရိုနာ ကူးစက္ ခံခဲ့ရၿပီး စြမ္းေဆာင္ရည္ သိသာစြာ က်ဆင္းသြား ခဲ့ ပါတယ္။

ဝါနာ ကလဲ ၁၇ ပြဲဆက္ ရႈံးပြဲမရွိ ခ်ိန္မွာ အသင္းအတြက္ ေျခစြမ္း ျပခဲ့ေပမယ့္ ေနာက္ဆုံး ေျခာက္ပြဲ မွာေတာ့ အေတာ္ေလး စုတ္ျပတ္ေနတဲ့ ေျခစြမ္းကို ေတြ႕ခဲ့ ရပါတယ္။

လမ္းပတ္ ရဲ႕ ကစားကြက္ အသစ္မွာ ဘယ္ေတာင္ပံ မွာ ကစားေန ရလို႔ ဟု အေၾကာင္း ျပခ်က္ ရွိခဲ့ ေပမယ့္ သူ အားသန္ တဲ့ တိုက္စစ္ မွာ ျပန္ကစား ေစခဲ့ေသာ္ လည္း ေျခစြမ္းမျပ နိုင္ပဲ ျဖစ္ေနပါတယ္။

အသင္းေဖာ္ ေအဗရာ ဟမ္ ကေတာ့ အသင္းေဖာ္ ႏွစ္ေယာက္ အေနနဲ႕ ေလ့က်င့္ေရး ေတြမွာ ႀကိဳးစား ေနၿပီး အသင္းကို ကူညီ ဖို႔ ႀကိဳးစား ေနၾကေၾကာင္း ေျပာဆို လိုက္ပါတယ္။

“ ကြၽန္ေတာ္တို႔ေတြ နားလည္မႈ ရရွိၿပီး ‌အခ်ိတ္ အဆက္ မိဖို႔ ႀကိဳးစားေနၾကပါတယ္။ သူတို႔ဟာ အသင္း အတြက္ ႀကိဳးစား ကစားေပးခ်င္တဲ့ ကစား သမားႏွစ္ေယာက္ပါ။ ဒါဟာ သိပ္ကို ေကာင္းမြန္ ပါတယ္။

ကြၽန္ေတာ္တို႔ အသင္းေဖာ္ ေတြ အားလုံး တစ္ေယာက္ ရဲ႕ အထာကို တစ္ေယာက္ သိဖို႔ ႀကိဳးစားေန ၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ အားေပးမႈေတြ ျပဳလုပ္ေနၾကပါတယ္။ ကြၽန္ေတာ္ တို႔ အေကာင္းဆုံး လုပ္ေဆာင္ျပ မွာပါ ဟု ေျပာ ၾကား သြားခဲ့ပါတယ္။